သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 19 November 2013

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ

 



 မန်စီမြို့နယ် မိုင်းခေါင်-မုန်ဒိန်ပါ-နန့်လင်းပါ ကျေးရွာတစ်ဝိုက် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ
ဖြစ်ပွားနေသဖြင့် နန့်လင်းပါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စခန်းစွန့်ခွာပြေးနေရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းရှိ မိုင်းခေါင်-မခေါယန်- မုန် ဒိန်ပါ-ကောင်ဂျာ-နန့်လင်းပါ ကျေးရွာတစ်ဝိုက်တွင် နိုဝင်ဘာ ၁၇ ရက်က တပ်မတော်နှင့် ကေအိုင်အေ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် နန့်လင်းပါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

နန်လင်းပါကျေးရွာ ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံ နေသူများမှာ ည ၁၀ နာရီ ကျော်အချိန်တွင် တိုက်ပွဲများဖြစ်တော့မည် ဆိုသည့်သတင်းကြောင့် နှစ်ရက်ခန့် လမ်းလျှောက်ရမည့် မန်စီကြီးသို့ ညတွင်းချင်းထွက် ခွာနေကြောင်း တွေ့ရသည်။ နိုဝင်ဘာ ၁၇ ရက် နံနက် ၇နာရီ ၄၅ မိနစ်တွင် သေနတ်သံများ၊ လက်နက်ကြီးသံများ ကြားရပြီး တပ်မတော်နှင့် ကေအိုင်အေ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ယင်းတိုက်ပွဲသည် နံနက် ၁၁ နာရီအထိ ဖြစ်ပွား နေပြီး မွန်းလွဲပိုင်းတွင် မည်သည့်အသံမျ မကြားရတော့ကြောင်း သိရသည်။

မခေါယန်၊ မုန်းဒိန်ပါ၊ ကောင်ဂျာ ကျေးရွာများသို့ တပ်မတော်မှ အောက်တိုဘာ ဒုတိယလ၀က်အတွင်း ၀င်ရောက်ခဲ့ပြီး ယင်းကျေးရွာမှ ဒေသခံများမှာ နန့်လင်းပါနှင့် ဗန်းမော်မြို့သို့ တိမ်းရှောင်ခဲ့ရသည်။ ထို့နောက် နန့်လင်းပါကျေးရွာသို့ တပ်မတော်မှ နိုဝင်ဘာ ၁၆ ရက် ညနေ သုံးနာရီခွဲတွင် ရောက်ရှိလာသဖြင့် ကျေးရွာသူ ရွာသားများမှာ နန့်လင်းပါ ဒုက္ခသည်စခန်းသို့ ခိုဝင်နေခဲ့ကြောင်း သိရသည်။

နန့်လင်းပါကျေးရွာ ဒုက္ခသည်စခန်းတာ ၀န်ခံဆရာမ တစ်ဦးက ''ဒီနေ့ရောက်လာတဲ့ အဖွဲ့တွေက မကျိုင်း၊ နန့်လင်းပါ၊ ကောင်လွင်ကတွေ တိုးလာတာပါ။ မူလက တစ်ထောင် ၀န်းကျင်ရှိတယ်။ အောက်တိုဘာ ၃၀ ရက် နောက်ပိုင်းနဲ့ ဒီနေ့အ၀င်ဆိုရင် နှစ်ထောင်ကျော်မယ်'' ဟု ဆိုပါသည်။

အောက်တိုဘာလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် ဗန်းမော်မြို့နယ်တွင်း ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီဖြစ်သဖြင့် ယခုထပ်မံ၍ စစ်ပြေးလာသူများ တိုးလာမှုကြောင့် မန်စီမြို့နယ်နှင့် ဗန်းမော်မြို့နယ် တွင်း စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော်ရှိနေ ပြီဖြစ်ကြောင်း ကချင်နှစ်ခြင်း အသင်းတော် (KBC) ဘုရားကျောင်း၏ စာရင်းများအရ သိရသည်။

(မန်စီမြို့နယ် နန့်လင်းပါကျေးရွာ ဒုက္ခသည်စခန်းမှ ထွက်ပြေးတိမ်းရှောင်နေသူ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်))

 Eleven Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်