သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 2 November 2013

ရန်ကုန် - အင်းစိန် လမ်းမကြီး ပေါ်တွင် ယာဉ် ခုနစ်စီး ဆင့်ကဲ ဆင့်ကဲ တိုက်မှု ဖြစ်ပွား

 
Golden Land Myanmar 



 ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင် မရမ်းကုန်း မြို့နယ် အမှတ် ( ၂ ) ရပ်ကွက် မြဂန္ဓ မာ ဈေး ရှေ့ ရန်ကုန် - အင်းစိန် လမ်းမကြီး ပေါ်၌ နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့် က ယာဉ် ခုနစ်စီး ဆင့်ကဲ ဆင့်ကဲ တိုက် မှု ဖြစ်ပွား ခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ် မှာ ရွှေပြည်သာ မြို့နယ် မှ ဆူးလေ သို့ ပြေးဆွဲနေသော လိုင်း အမှတ် ( ၁၈၈ ) ယာဉ် အမှတ် ၇ခ/---- စိမ်းဝါရောင် ခရီး သည်တင် မော်တော်ယာဉ် သည် ခရီးသည် တင်ဆောင်၍ ရန်ကုန် - အင်းစိန် လမ်းမကြီး အတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း ဦးအောင်လွင်ဟိန်း မောင်းနှင် လာစဉ် ခဝဲခြံ မှတ်တိုင်နှင့် ကုလား ကျောင်း မှတ်တိုင် ကြား ကျောက်ပြား စက်လမ်း ထိပ်အရောက် အရှိန် မထိန်းနိုင်ဘဲ ရပ်တန့် ထားသော ၃စ/---- ကင်တာ အဖြူရောင် ( အုတ်သဲ ကျောက် ) မော်တော် ယာဉ်နှင့် ယင်း ယာဉ်ပေါ် သို့ တက်ရန် ပြင်ဆင် နေသူ အမျိုးသား တစ်ဦး တို့ကို ပွတ် တိုက်မိ ပြီး BB/---- ပရိုဘောက်စ် ခဲရောင် အငှား ယာဉ်ကို ထပ်မံ တိုက်မိသည်။

ထိုသို့ တိုက်မိပြီး ယင်း အရှိန်ဖြင့် ပင် ကုလားကျောင်း မှတ်တိုင် အလွန် မြဂန္ဓမာ ဈေးရှေ့ စီတန်း ရပ်နေသော ဗဗ/---- ကရီနာ နက်ခဲရောင် ( ငှား ) Taxi ၊ BB/ ---- ပရိုဘောက်စ် အဖြူရောင် ( ငှား ) Taxi၊ ၂ခ---ကင်တာ အဖြူရောင် ( ပိုင် )၊၆က/-- -- ဆလွန် မီးခိုးရောင် ( ငှား ) Taxi ယာဉ်တို့ကို ဆင့်ကဲ ဆင့်ကဲ တိုက်မိရာ မော်တော် ယာဉ်များ ပိန်ရှုံ့ ပျက်စီး သွားကြသည်။

ယာဉ်တိုက်မှု နှင့် ပတ်သက်၍ ရွှေပြည်သာ မြို့နယ် မိကျောင်းအိုင် ရပ်ကွက်နေ ကိုရွှေ မြင့် ( ၂၅နှစ် ) မှာ ( ဝဲ+ယာ ) ဒူးခေါင်း လက်ဖျံများ တွင် ဖူးရောင် ပွန်းပဲ့ ထိခိုက် ဒဏ်ရာ များနှင့် အင်းစိန် ပြည့်သူ ဆေးရုံကြီး ၌ အတွင်း လူနာ ( မစိုးရိမ်ရ ) အဖြစ် ကုသမှု ခံယူ လျက်ရှိပြီး ထွက်ပြေး တိမ်းရှောင် သွားသော ရွှေအင်းဝ ယာဉ်မောင်း ကို ဘုရင့်နောင် နယ်မြေ ရဲတပ်ဖွဲ့ စခန်း က ယာဉ် မဆင်မခြင် မောင်း နှင်မှု ဖြင့် အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်