သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 27 November 2013

ထိုင်းနိုင်ငံမှာ အစိုးရရုံးတွေကို သိမ်းပိုက် ဆန္ဒပြ၊ တရားဥပေဒ လေးစား လိုက်နာဖို့ ၀န်ကြီးချုပ် သတိပေး



၂၇.၁၁.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ထိုင်းနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့အတွက် အထင်ကရ အစိုးရရုံးတွေကို အတိုက်အခံ ဆန္ဒပြသမားတွေ ၀င်စီးထားပြီးနောက် ဆန္ဒပြမှုတွေကို ရပ်ဆိုင်းကြဖို့ ၀န်ကြီးချုပ် ယင်း လပ်ရှင်နာဝပ်က မေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။

လူတိုင်းဟာ တရားဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်ပြီး တရားဥပဒေကို လမ်းလွှဲဖို့ လူစုလူဝေးနဲ့ လုပ်ဆောင်တာမျိုး မဖြစ်သင့်ဘူးလို့ နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့ မနက်က လွှတ်တော်ကို ရောက်ရှိလာတဲ့ ၀န်ကြီးချုပ် ယင်းလပ်က သတင်းထောက်တွေကို ပြောကြားသွားတာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေဟာ အင်္ဂါနေ့ မနက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အတိုက်အခံဘက်ကနေ တင်သွင်းထားတဲ့ အစိုးရအပေါ် အယုံအကြည်မရှိအဆိုနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးမဲခွဲဆုံးဖြတ်ရဖို့ ရှိနေပါတယ်။

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ အစိုးရရုံး အဆောက်အဦတွေထဲကို ၀င်ရောက် နေရာယူလာကြပြီး နောက်မှာတော့ လက်ရှိ ဆက်လက်ဖြစ်နေတဲ့ အကြောင်းတွေကြောင့် ပြည်တွင်းလုံခြုံရေး အက်ဥပဒေ (အိုင်အက်စ်အေ) ကို ထုတ်ပြန် ကြေညာလိုက်တဲ့အကြောင်း ၀န်ကြီးချုပ် ယင်းလပ်က တနင်္လာနေ့ ညနေပိုင်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။


ဒီဗွီဘီ

DVB

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်