Wednesday, 27 November 2013
ဗုဒ္ဓဘုရားရှင် မွေးဖွားရာ နေရာ အစစ်အမှန်ကို ရှာဖွေတွေ့ရှိ
ခတ္တမန္ဒူ နိုဝင်ဘာ ၂၆
မြတ်စွာဘုရားရှင်၏ ဖွားမြင်ရာနေရာ အစစ်အမှန်ကို သုတေသီများက ရှာဖွေတူးဖော် တွေ့ရှိခဲ့ပြီးနောက် မြတ်စွာ ဘုရားရှင်သည် သမိုင်းပညာရှင်များ ခန့်မှန်းထားသည်ထက် အနည်းဆုံး ရာစုနှစ် တစ်စုပိုမိုစောစွာ မွေးဖွားသန့်စင် ခဲ့ဖွယ်ရှိကြောင်း သိရသည်။
ရှေးဟောင်း သုတေသန ပညာရှင်များသည် ဗုဒ္ဓဘုရားရှင်၏ ဖွားမြင်ရာ နေရာကို နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်အတွင်း မယ်တော် မာယာဒေဝီ၏ ဘုရားကျောင်း တည်ရှိရာ ရှေးဟောင်း ဗိမာန်တွင် ရှာဖွေတူးဖော်မှုများ ပြုလုပ်နေစဉ် တူးဖော်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
သမိုင်းပညာ ရှင်များသည် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာ နေရာကို ယခင်က ဗုဒ္ဓဘုရားရှင်၏ မွေးဖွားရာ နေရာအဖြစ် သတ်မှတ်ခဲ့သော်လည်း မွေးဖွား ရာ နေရာ အစစ်အမှန်ကို ရှာဖွေတွေ့ရှိ ခဲ့သည့်အတွက် ဗုဒ္ဓဘုရားရှင်သည် ရာစုနှစ်တစ်ခု အကြာ ပိုမိုစော၍ ဖွားမြင်ခဲ့ဖွယ် ရှိကြောင်း ယူဆခဲ့ကြသည်။
ဗုဒ္ဓဘုရားရှင်၏ မယ်တော် မာယာဒေဝီသည် ခင်ပွန်းဖြစ်သူ ဘုရင်မင်းမြတ်၏ စံမြန်းရာ နန်းတော်နှင့် မိဘနှစ်ပါး နေထိုင်ရာ ဗိမာန်၏ အကြားလမ်းခု လတ်တွင်တည်ရှိသော လုမ္ဗိနီ ဥယျာဉ် အတွင်းရှိသစ်ပင် တစ်ပင်၏ ကိုင်းတစ်ကိုင်းကို ဆုပ်ကိုင်ထားစဉ် ဗုဒ္ဓမြတ်စွာ ဘုရားကို ဖွားမြင်တော်မူခဲ့ခြင်း ဖြစ်သည်။
၎င်းသစ်ပင်သည် ယခုအသစ် တစ်ဖန်ရှာဖွေ တွေ့ရှိခဲ့သည့် ဗိမာန်၏ အလယ်ရှိ ကွက်လပ်တွင် တည်ရှိသည်။
ယခုကဲ့သို့ မြတ်စွာ ဘုရားရှင်၏ ဖွားမြင်ရာနေရာကို ရှာဖွေတွေ့ ရှိခြင်းသည် အလွန်စိတ် လှုပ်ရှားဖွယ် ကောင်းကြောင်း၊ ၄င်းဗိမာန်သည် သစ်ပင်၏ အနီးပတ်လည်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး ဘုရားရှင် မွေးဖွားခြင်းနှင့် ၄င်းသစ်ပင်သည် အချိတ်အဆက် ရှိကြောင်း၊ ရှားပါးသည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ သမိုင်းပညာရှင် ၁၅ ဦးအဖွဲ့၏ ခေါင်းဆောင်ဖြစ် သူ ဒါဟမ်တက္ကသိုလ်မှ ပါမောက္ခ ရိုဘင်ကိုနင်ဟမ်က ပြောကြားခဲ့သည်။
ရှေးဟောင်း သုတေသနပညာရှင် အဖွဲ့သည် အဆိုပါ နေရာတွင် သုံးနှစ်ကြာ စူးစမ်းလေ့လာ မှုများ ပြုလုပ်ခဲ့ကြပြီးနောက် ဗုဒ္ဓဘုရားရှင်သည် ဘီစီ ၄ဝဝ ပြည့်နှစ် အစောပိုင်းက ဖွားမြင် ခဲ့သည်ဟူသော ယူဆချက်ကို ကန့်ကွက်ခဲ့ကြပြီး ဘီစီ ၆ ရာစုကတည်းက ဖွားမြင်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆခဲ့ကြသည်။ ဗုဒ္ဓဘာသာသည် ကမ္ဘာတွင် သက်တမ်း အရင့်ဆုံး ဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာ ဝင်များသည် သိဒ္ဓတ္ထဂေါတမ၏ တရားအဆုံးအမ များကို လက်ခံ ကျင့်သုံးကြ သူများ ဖြစ်သည်။
ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်ရာနေရာ လုမ္ဗိနီဥယျာဉ်သို့ နှစ်စဉ်ရာပေါင်းများစွာ လာရောက်ဖူးမြော် ကြကြောင်း သိရသည်။
Credit To >မြ၀တီ <Thanks
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
November
(23)
- ထိုင်းနိုင်ငံမှာ အစိုးရရုံးတွေကို သိမ်းပိုက် ဆန္ဒြ...
- ဗုဒ္ဓဘုရားရှင် မွေးဖွားရာ နေရာ အစစ်အမှန်ကို ရှာဖွေေ...
- .. နိုင်ငံတော် သမ္မတ၏ အမျိုးသမီး ကိုယ်ရံတော် ...
- ဦးခေါင်းတစ်လုံးနှင့် ၀က်နှစ်ကောင် မြိတ်မြို့ ၌ ပေ...
- လူမျိုမှ လူမျိုးပြုတ်မည်
- ကျားနဲ့ ဆင် လယ်ပြင်မှာ မတွေ့ ဘူး တရားရုံးမှာတွေ့ မည်
- ကျောက်တော်နှင့် ပေါက်တောမြို့နယ်တွင် အသက် (၅) နှစ်...
- သတင်းအမှန်မှာ။
- ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က ထိန်းကျောင်းခဲ့ဖူးသည့် ...
- ရေလုံလောက်မှုမရှိ၍ ရေဆက်သွယ်မှု အသစ်များ ချထားပေးခြင...
- ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှု...
- စစ်ကြောရေးစခန်းနှင့် ထောင်တွင်းသေဆုံး သွားကြသည့် န...
- တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ
- သိသလောက်ပြောပြမည် ဘာ့ ကြောင့် မလေးရှားမှာ UNHCRကာဒ...
- အမေစုကို အတုယူမှားခဲ့တဲ့ အွန်လိုင်းအဆိုတော် မေမြတ်...
- ★ “နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ြ...
- ဂျပန်နိုင်ငံမှ ကမ္ဘာ့ ပထမဆုံး ရေအောက် ဘူတာရုံ ပိတ်သ...
- လေဖြန်းခြင်းသို့ လေဖြတ်ခြင်း
- အလင်းရောင်ကြယ်ဘလောက်ဂါမှ ပို့ စ်တင်ရန်ကြာမြင့်သော ...
- ရန်ကုန် - အင်းစိန် လမ်းမကြီး ပေါ်တွင် ယာဉ် ခုနစ်စီး...
- ဒူးရင်းသီးနှင့်  ကိုကာကိုလာ ပြသနာ
- အပစ်ရပ် စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ...
- လူသတ်မှု သံသယဖြင့် ၁၄ နှစ်အရွယ် ကလေးကို ရဲက ညှဉ်းပန...
-
▼
November
(23)
No comments:
Post a Comment