သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 10 December 2012

ရှာလကာရည်ဖြင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ


အိန္ဒိယနိုင်ငံရှိ ဆရာဝန်များက ရှာလကာရည်ကို အသုံးပြုထားသော သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှု အခြေအနေ ရှိ မရှိ စမ်းသပ်ရန် နည်းလမ်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပုံမှန်အားဖြင့် သားအိမ်ခေါင်း ကင်ဆာကို ဖြစ်ပွားစေနိုင်သည့် ပုံမှန်မဟုတ်သော ဆဲလ်များကို သားအိမ်အတွင်းမှ ခြစ်ယူ၍ စမ်းသပ်ရခြင်းဖြစ်ရာ ထိုစစ်ဆေး စမ်းသပ်မှုမှာ ငွေကုန်ကြေးကျမ
ျားပြားပြီး အထူးပြုလုပ်ထားသော ကိရိယာများလည်း လိုအပ်သည်။ ထို့ကြောင့် အိန္ဒိယ ဆရာဝန်များ၏ ယခုတွေ့ရှိသော ရှာလကာရည် အသုံးပြု နည်းလမ်းသစ်မှာ အထောက်အကူ ပြုလာနိုင်ဖွယ် ရှိသည်။
 သားအိမ်ခေါင်းကင်ဆာသည် အမေရိကန်နိုင်ငံတွင် အခြားသော ရောဂါများ ထက် အမျိုးသမီးများကို ပိုမိုသေဆုံးစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ pap smear ဟုခေါ်သော ရောဂါစမ်းသပ်မှုကို ဆယ်စုနှစ် တစ်ခုကြာ သုံးစွဲလာခဲ့ကြခြင်း ဖြစ်သည်။ ထိုစမ်းသပ်မှုဖြင့် စောစီးစွာ စစ်ဆေးပြီး ကုသမှု ခံယူကြရသည်။ အိန္ဒိယတွင်မူ တစ်နှစ်လျှင် အမျိုးဦးရေ တစ်သောင်းခန့်မှာ သားအိမ်ခေါင်းကင်ဆာကြောင့် အသက်ဆုံးရှုံးနေကြရသည်။

လေ့ကျင့်သင်ကြားပေးထားသူများ၊ ကောင်းမွန်သော ဓာတ်ခွဲခန်းသုံး ပစ္စည်း ကိရိယာများ လိုအပ်သည့် pap smear စမ်းသပ်မှုမှာ အိန္ဒိယတွင် အများ အပြား အသုံးပြုနိုင်လေ့ မရှိသော်လည်း မိမိတို့အနေဖြင့် မိန်းမသားတို့၏ အသက်ကို မဆုံးရှုံးစေလိုကြောင်း မွမ်ဘိုင်းမြို့ရှိ တာတာမန်မိုရီရယ် ဆေးရုံမှ ကင်ဆာအထူးကု ဒေါက်တာ ဆူရန်ဒြာသျှတ္တရီက ဆိုသည်။ ၎င်းပြသနာကို ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များရှိ သိပ္ပံပညာရှင်များက ဈေးသက်သာ၍ အလွယ်တကူ ပြုလုပ်နိုင်သော ရိုးရှင်းသည့် စမ်းသပ်နည်း တစ်ခုဖြင့် အဖြေထုတ်ခဲ့ကြသည်။

အက်ဆီတစ်အက်စစ်ခေါ် ရှာလကာရည်ဖြင့် စမ်းသပ်ရသော ထိုနည်း လမ်းတွင် လျှပ်စစ်စွမ်းအား လုံးဝမလိုပေ။ ယင်းစမ်းသပ်မှုတွင် သန့်စင်သော ရှာလကာရည်အား အမျိုးသမီး၏ သားအိမ်ခေါင်းဝသို့ ဂွမ်းစနှင့် သုတ်ပေးပြီး တစ်မိနစ်ခန့် ကြာသောအခါ၌ ရောဂါပိုးရှိလျှင် သားအိမ်ခေါင်းဝမှာ အဝါ ရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။ ထိုသို့ ပြောင်းလဲ သွားခြင်း သည် ကင်ဆာဖြစ်စေနိုင်သော ရောဂါပိုးများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ အမျိုးသမီးလိင်အင်္ဂါကို စမ်းသပ်စစ်ဆေးမှုသည် အခြားသော ဈေးကြီးသည့် စမ်းသပ်မှုများထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြနိုင်ခဲ့ကြသည်။ အကယ်၍ ယခုစမ်းသပ်မှုမှာ အလုံးစုံအောင်မြင်ပြီး ဆက်လက် ကျင့်သုံးနိုင်မည်ဆိုပါက အိန္ဒိယနိုင်ငံရှိ အမျိုးသမီး ထောင်ပေါင်း များစွာတို့၏ အသက်ကို ကယ်တင်ပေးနိုင်မည် ဖြစ်သည်။

Source: BBC
ရတနာပုံ ကျန်းမာရေး သတင်း

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်