သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 12 December 2012

မြောက်ကိုရီးယား ဒုံကျည်လွှတ်တင်မှု နိုင်ငံတကာကို အံသြစေေ လာက်အောင် အောင်မြင်ခဲ့

A soldier stands guard in front of the Unha-3 (Milky Way 3) rocket (Photo:REUTERS/Bobby Yip)
၁၂-၁၂-၂၀၁၂ နေ့တွင် မြောက်ကိုရီးယားက နှောင့်နှေးမည်ဟု ယူဆခဲ့ကြသော တာဝေးပစ်ရော့ကတ်ကို လွှတ်တင်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အံ့အားသင့်စေခဲ့သည်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ကျော်ပြီး ပစ်လွှတ်ခဲ့သော ရော့ကတ် လွှတ်တင်မှု အောင်မြင်ခဲ့ပြီး ဂြိုဟ်တုတစ်လုံးကို အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ဘက်က ကြေညာခဲ့သည်။ တာဝေးပစ်ရော့ကတ်လွှတ်တင်မှုသည် တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ စမ်းသပ်မှုကို တဖက်လှည့်ဖြင့် ပြုလုပ်ခြင်းဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယူဆထားပြီး ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ တောင်ကိုရီးယား အစိုးရမှ အရေးပေါ်အစည်းအဝေး ကျင်းပလျက်ရှိကြောင်း သိရသည်။

 တောင်ကိုရီးယားနိုင်ငံက သူ့ရဲ့ပဲ့ထိန်းတပ် ဒုံးကျည်တွေ ပျံသန်းရောက်ရှိနိုင်တဲ့ အကွာအဝေးကို ထပ်ပြီးတော့ တိုးမြှင့်ဖို့ ခွင့်ပြုကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရတို့ သဘောတူ လက်မှတ်ထိုးလိုက်ပြီးတဲ့နောက် နှစ်ရက် အကြာမှာပဲ မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ အမေရိကတိုက်ကို ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ သတိပေးသွားပါတယ်။

မြောက်ကိုရီးယား အစိုးရဆီမှာက အမေရိကတိုက် ကုန်းမြေတင်မကဘဲနဲ့ အမေရိကန် စစ်အခြေစိုက် စခန်းတွေရှိတဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ ဂွမ် ကျွန်းတွေဆီကို ရောက်အောင်ပစ်နိုင်တဲ့ ဗျူဟာကျ ဒုံးကျည်တွေ ရှိတယ်လို့ မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက မြောက်ကိုရီးယားအစိုးရသတင်းဌာနမှာ ဒီကနေ့ပဲ ပြောသွားတာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ဒီလို တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ် လို့ ယုံကြည်ထားရပေမဲ့လည်း သူတို့ အဲဒီလက်နက်တွေကို အောင်အောင်မြင်မြင်နဲ့ မစမ်းသပ်နိုင်သေး ပါဘူး။ သူတို့ဆီက ဒုံးကျည်တွေဟာ တောင်ကိုရီးယားနဲ့ တခြား အနီးအနားက နိုင်ငံတွေဆီ ကို ရောက်အောင် ပစ်နိုင်ပေမဲ့လည်း အမေရိကတိုက်အထိတော့ မရောက်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရကြား သဘောတူညီချက် ရခဲ့တာကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် လူသိရှင်ကြား တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
From -VOA
မိမိတို့ နိုင်ငံမှ ပစ်ခတ်နိုင်သော ဒုံးကျည် အကွာအဝေးကို တိုးမြှင့် မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြု ကြေညာ ခဲ့သည်။ တောင်ကိုရီးယား အစိုးရသည် မိမိတို့၏ ကာကွယ်ရေး ကဏ္ဍအတွက် တပ်ဆင်ထားသော ဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကို (၁၈၅)မိုင်သာ ထားရှိမှုအား ပယ်ဖျက်ရန် သဘောတူညီခဲ့သည်။ အမေရိကန်နှင့် အခြားသော နိုင်ငံများနှင့် ဆွေးနွေးပြီးနောက် တောင်ကိုရီးယားသည် ဒုံးကျည် ရောက်ရှိနိုင်မှု နယ်ပယ်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး သမ္မတ လီမြောင်ဘက်ခ် အနေဖြင့် တစ်နှစ်တာနီးပါးမျှ ဖိအားပေး တောင်းဆိုမှုများကို လိုက်လျောရန် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်၊ တောင် ကိုရီးယားနှင့် အခြား(၃၅)နိုင်ငံမျှ ပါဝင် လက်မှတ်ရေးထိုးထားသော ဒုံးကျည်နည်းပညာ ကန့်သတ်ရေး သဘောတူညီမှုကို တောင်ကိုရီးယားက လိုက်နာခဲ့သော်လည်း ယခုအခါ ကာကွယ်ရေး ကဏ္ဍအတွက် ဒုံးကျည် ပစ်လွှတ်နိုင်မည့် အကွာအဝေးကို မြှင့်တင်ရန် သဘောတူညီခဲ့ခြင်းဟု သတင်းများက ဆိုသည်။
တောင်ကိုရီးယားသည် ဒုံးကျည် ပစ်လွှတ်နိုင်စွမ်းကို မိုင်(၅၀၀)ထိ မြှင့်တင်ဖွယ် ရှိနေရာ ထိုအနေအထားတွင် ၎င်းတို့သည် မြောက်ကိုရီးယား တစ်နိုင်ငံလုံးကို ချိန်ရွယ် ပစ်ခတ်နိုင်မည့် စွမ်းရည်မျိုး ပိုင်ဆိုင်နေ မည် ဖြစ်သည်။ တနင်္ဂနွေနေ့က သမ္မတ လီ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ချောင်ယွန်ဝူးက မိမိတို့ သည် ဒုံးကျည်ပစ်ခတ်နိုင်စွမ်းကို မိုင်(၅၀၀)ထိ မြှင့်တင်မည်ဟု ပြောကြားသွားသည်။ ထိုအကွာ အဝေးဖြင့် ပစ်ခတ်မှုသည် မြောက်ကိုရီးယား တစ်နိုင်ငံလုံးအပြင် ဂျပန်နိုင်ငံ၏ နေရာဒေသ အများစုနှင့် တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်း ဒေသများထိ ရောက်ရှိနိုင်မည်ဟု သိရှိရသည်။
From- Planet

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်