သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 2 December 2012



အမေရိကန် နိုင်ငံတွင် နှစ် အတန်ကြာ နေထိုင်လျက် ရှိသည့် အဆိုတော် မာမာအေးသည် မြန်မာ နိုင်ငံသို့ ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် SilkAir လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အဆိုတော် မာမာအေး၏ သမီးဖြစ်သူ ဒေါ်မေချိုကပြောသည်။



 “မေမေက ဒီဇင်ဘာ ဒုတိယပတ်လောက်တော့ မရမ်းခြံဆရာကန်တော့ပွဲတက်ဖြစ်မယ်။ ဒီဇင်ဘာလထဲမှာပဲ ပုဂံကို ရောက်အောင်သွားမယ်။ တန့်ကြည်တောင်ဆရာတော်ဆီမှာ မေမေက တရားစခန်း တစ်ပတ်လောက်ဝင်မှာ သေချာတယ်။ မေမေနဲ့အတူ အမေရိကကနေ သူ့ဆီမှာ အဆိုပညာသင်ယူနေတဲ့ အဆိုတော်ကောင်မလေးတစ်ယောက်တော့ ပါလာလိမ့်မယ်”ဟု ဒေါ်မေချိုက အဆိုတော်မာမာအေး၏ ခရီးစဉ်ကို ပြောပြသည်။ အဆိုတော်မာမာအေးသည် မြန်မာနိုင်ငံသို့ လေးလတာခရီးစဉ် လာရောက်ခြင်းဖြစ်ပြီး ၂၀၁၃ မတ်လဆန်းတွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ရန်ကုန်မြို့တွင် ဘိုဘိုအင်တာတိန်းမန့်၏ စီစဉ်မှုဖြင့် ဂီတဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ပြီး ယခုခရီးစဉ်အတွင်း အခြားသော ပွဲစီစဉ်သူများထံမှ ဖျော်ဖြေပွဲကမ်းလှမ်းမှုများ ရှိနေသော်လည်း အသေချာမပြောနိုင်သေးကြောင်း ဒေါ်မေချိုကပြောသည်။ “မေမေက ရာသီဥတုပူတာ ခံနိုင်လား မခံနိုင်လား မသိသေးဘူး။ သူ့ကျန်းမာရေးအခြေအနေကို ကြည့်ရမယ်။ မတ်လဆန်းမှ ပြန်မယ်ဆိုပေမယ့် သူ့ကျန်းမာရေးအရ ပူတာမခံနိုင်ရင်လည်း ပြန်ဖြစ်သွားနိုင်တော့ ပွဲတွေကို သေချာပြောလို့ မရသေးဘူးဖြစ်နေတယ်။ ဘိုဘိုအန်တာတိန်းမန့်နဲ့ စီစဉ်တဲ့ပွဲကတော့ သေချာပါတယ်။ အဲဒီပွဲမှာ မေမေက ကျွန်မကိုပါ ပါဝင်သီဆိုစေချင်ပေမယ့် ကျွန်မက သီချင်းမဆိုတော့တာကြာပြီဆိုတော့ မ၀ံ့မရဲဖြစ်နေပါတယ်”ဟု ဒေါ်မေချိုကဆိုသည်။
မာမာအေးသည် ၁၉၉၈ ခုနှစ်ဝန်းကျင်ခန့်က ဥရောပနိုင်ငံအချို့ကို အလည်အပတ်ခရီးသွားရင်း ပြည်ပရောက် မိတ်ဆွေအချို့ စီစဉ်သည့် ဖျော်ဖြေပွဲများတွင် သီဆိုဖျော်ဖြေရာမှ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ခြင်း မရှိခဲ့ဘဲ ယခုမှသာ ပထမဆုံးအကြိမ် ပြန်လည်လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အေးသူစံ

By 7Day News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်