သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 8 December 2012

ဆင်ခံ ၊မြင်းခံဘုရား ပြဿနာ



ဘာသာရေးနှင့်ပတ်သက်သော အပြုအမူဆောင်ရွက်ချက်များကို ထေရဝါဒဗုဒ္ဓအလိုကျ ဟုတ်/မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခုရှိ၏ ။ ထိုမှတ်ကျောက်ကား-

-ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟစသော ကိလေ
သာ ကုန်ကြောင်းဖြစ်လျှင် ထေရဝါဒ စစ်မှန်၏ ။
-လောဘ စသော ကိလေသာ တိုးပွားကြောင်းဖြစ်လျှင် ထေရဝါဒမဟုတ်၊ ဗြဟ္မဏဝါဒ(မဟာယာနဝါဒ)ဟု မှတ်ရမည်။
ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဆင်ခံဘုရား၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏ ။ ထို့ထက်ပိုပြီး ဘက်စုံကြီးပွားချမ်းသာလိုသူများကား ဆင်ခံ၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသောသဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်းဖြစ်သော်လည်း သ်င့တော်၏/မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။

ထေရဝါဒနှင့် ညီ၏/မညီ၏ကိုလည်း ဆန်းစစ်သင့်၏ ။ ထိုပုံကို ထုလုပ်ကိုးကွယ်သူများသည် သက်တော်ထင်ရှား ဘုရားရှင်ကို တိရစ္ဆာန်ဖြစ်သော ဆင်ပေါ်မြင်းပေါ်သို့ တက်ထိုင်ခိုင်းဝံ့သည့်အထိ ဂါရဝ နိဝါတ နည်းပါးနိုင်ကြမည်လော။ဤသို့ဆန်းစစ်ကြည့်လိုက်လျှင် တိရစ္ဆာန်တွေအပေါ်ထိုင်နေသော ဗုဒ္ဓရုပ်ပွားတော်များကို မထုလုပ်သင့်ကြောင်း ထင်ရှား၏ ။

ထိုရုပ်ထုကိုထုခြင်းသည် သူတပါးထက် စီးပွားတက်ဖို့ဖြစ်၏ ။ စီးပွားတက်လိုသော စိတ်သည်လောဘစိတ် ဖြစ်၏ ။ စီးပွားရေးလုပ်ရင်း လောဘဖြစ်သည်မှာ သဘာဝကျ၏ ။ သို့သော် ဗုဒ္ဓရုပ်ပွားတော်ကိုအကြောင်းပြုပြီး လောဘဖြစ်နေသည်ကား သဘာဝမကျပါ။ ဗုဒ္ဓသည် လူသားများ လောဘ၊ ဒေါသ၊ မောဟကုန်ရာ နိဗ္ဗာန်သို့ရောက်စေရန်အတွက် ပွင့်တော်မူလာခြင်း ဖြစ်၏ ။

ဤသို့ဆန်းစစ်ကြည့်လိုက်လျှင် ဆင်ခံ၊မြင်းခံစသော ဘုရားပုံများ ထုလုပ်ခြင်းသည် လောဘပွားစီးဖို့အတွက်သာ ဖြစ်သောကြောင့် ထေရဝါဒနှင့်မညီဟုလည်း သိသင့်၏ ။ သရက်တောတိုက်၊ ဖျာပုံတိုက်သစ် ဆရာတော်သည် အထက်ပါပြဿနာမျိုးကို သဘာဝကျကျ ရှင်းလင်းပေးတော်မူဖူး၏ ။ ဆရာတော်ပြုစုရေးသားသော 'သုတေသန သမ္မာမဂ္ဂင်္ဂသဥှာကျမ်း'တွင် အကျယ်ဖတ်ရှု့နိုင်ပါ၏ ။ ဤ၌ကား အကျဉ်းကိုသာ ရေးသားပါမည်။

တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူကို ကုလားလူမျိုးတစ်ဦးက လာလှူ၏ ။ ရုပ်ပွားပုံကာ ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံ ဖြစ်၏ ။ ဆူးလေဘုရားဂေါပကအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တခါမှမတွေ့ဖူးသဖြင့် ဘုရားပေါ်တွင် အပူဇော်ခံထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏ ။ ထို့ကြောင့်ဆူးလေစေတီတော် သြဝါဒါစရိယ ဆရားတော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏ ။

ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယဆရာတော် တစ်ပါးပင်ဖြစ်၏ ။ ကျန်ဆရာတော်များက 'အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊မြင်းခံဘုရားတို့တောင် ရှိနေပြီပဲ၊ အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်း မဟုတ်တော့ပါဘူး' ဟုမိန့်တော်မူကြ၏ ။

ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင် စာရေးဆရာတိုင်း လက်မလွှတ်တမ်း အသုံးပြုနေရသည့် 'သုတေသန သရုပ်ပြအဘိဓာန်' ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိဝိဝံသ ထံသို့ ရဟန်းပရိသတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်လို ရောက်သွားကြ၏ ။

ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏ ။ " ရဟန်းပုဂ္ဂိုလ်အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်၊ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင်စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။

မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင်ဝေးဝေး ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျှင်ကြွတာပဲ များပါတယ်၊ ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ကြွပါတယ်။ တိရစ္ဆာန်ပေါ်ကို တက်စီးဖို့မပြောနဲ့ ၊ တိရစ္ဆာန် ကထားတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ် ထားပါတယ်။ မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ်။စော်ကားရာ ရောက်ပါတယ်။

ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကို ကြည့်ပြီး 'ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ သနားဂရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား' ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ်။

ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊ သမင်ခံတဲ့ ရုပ်ပွားမျိုးတွေ အတောမသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံတဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုပါတယ်"

ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့် ဂေါပကလူကြီးများသည် ဥဒေါင်းကိုဖယ်ထားပြီး ရုပ်ပွားတော်ချည်းသက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။


မှတ်ချက်။ ။ မေတ္တာရှင် ( ရွှေပြည်သာ) ဆရာတော်ဘုရား ၏ ထေရ၀ါဒ မှတ်ကျောက် တရားစာအုပ်မှာ ကူးယူ ဖော်ပြ ခြင်းဖြစ်ပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Copy and Credit to ^..^
Buddhism Beams(myanmar)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်