သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Thursday 25 October 2012
တန်ဘိုးဖြတ်လို့ မရတဲ့  လူ့အသက်တစ်ချောင်း နှင့် သေဆုံးသွားသောဘဝတစ်ပိုင်း အပိုင်း(၂)
အပိုင်း(၂)
ကိုဆက်ရရင် မင်းအမိန့် အာဏာကြောင့်  မီးဇာမကုန်ဆီမခမ်းပဲ သေဆုံးရခြင်းနှင့် ၊သေဆုံးသွားသောဘဝတစ်ပိုင်းမှာ ၊လတ်တစ်လော မိမိကိုယ် အပ်ကလေးတစ်ချောင်းစူးနစ်ပါစေ ၊ဘယ်၍မှအသဲထွန့် ထွန့် လူးနာကျင်တယ်ဆိုတာ ခံစားဘူးသူတိုင်းသိဘူးမှာပါ၊ယနေ့ ကမ္ဘာမှာ အများဆုံးစစ်ဖြစ်တာဆို ၊အမေရိကန်အုပ်စုနဲ့ ၊အာရပ်အုပ်စုအဓိက ၂ခုပဲရှိတယ်၊မူယင်းဇစ်မြစ်ကိုစာဖတ်သူတို့ သေချာလေ့ လာကြည့် ပါ၊
အမေရိကန်အလိုအပ်ဆုံးဟာ ရေနံပဲ၊ကမ္ဘာမှာ ရေနံအထွက်ဆုံးဟာ အာရပ်တွေပဲ၊အမေရိကန်တိုက်တယ်ဆိုတာကလည်း၊သေချာလေးနက်စွာတွေးကြည့် ယင်၊သူ့ တိုင်းပြည်
သူ့လူမျိုးကောင်းစားရေးအတွက်ပဲ၊အာရပ်တွေကလည်းခံတိုက်နေတယ်
အသေခံပြီးဗုံးခွဲနေတယ်ဆိုတာကလည်း။သူ့ ကိုမတရားကျုးလွန်နေလို့ ဖြစ်တယ်၊ယနေ့ အမေရိကန်ကို ဘယ်လိုပြောပြော အင်အားကြီးနည်းပညာတော်တယ်၊စီးရုံးသွေးခွဲ အင်မတန်တော်တယ်၊ကြိုက်တဲ့ လူလာခဲ့ ၊ပညာသားပါပါနဲ့ နိုင်ငံသားဖြစ်လက်ခံတယ်
၊နောက်ဆုံးသူ့ နိုင်သားဖြစ်လာခဲ့ ယင်၊နိုင်ငံကိုချစ်တပ်ကာကွယ်တပ်အောင်လုပ်နိုင်တယ်
၊တစ်ချို့ ကပြောကြပါတယ်။အမေရိကန်အသည်းကြီးတယ်၊မှန်ပါတယ်၊အာရပ်တွေလည်း စည်းရုံးတယ်၊ညီညွတ်တယ်၊ 
ကျနော်တို့ နိုင်ငံကြတော့ ၊သမ္မတကြီးဦးသိန်းစိန်မတက်ခင်လက်ထက်က
စာတပ်မှ အသိဥဏ်တိုးလာမယ်လေ၊အခုဟာက ကျနော်လည်းလူသေကောင်နဲ့ အတူတူပါပဲ…လူသေကောင်တွေသင်ပေးတဲ့ ပညာတွေကြောင့် .မြန်မာပြည်မှာ သာမာန်လူဘွဲ့ ရတွေ၊ဘာမှအလုပ်မရှိကြဘူး၊ရှိတာရောင်းကျွန်ခံကြပေါ့ ဗျာ…ကျနော်လည်းကျွန်ပါပဲ..
ရေးတာတောင်များသွားပြီလားမသိပါဘူး…မထူးပါဘူးဗျာ ဆက်ရေးတော့ မယ်
အဲဒီလို တစ်ချိန်က ကျွန်တော်တို့ ကိုအုပ်ချုပ်တဲ့  လူသေကောင်ဦးဏှောက် ခေါင်းဆောင်ကြီးတွေ လွဲမှားတဲ့ အတွေးတွေ၊နိုင်ရာစားအကျင့် စရိုက်တွေကြောင့် ၊တစ်ခါ အစိုးရဆန့် ကျင်ဘက်တော်သားတွေဘက်ကလည်း ပင်လုံညီလာခံကြီးဆိုတာကြီး ဆိုင်းဘုတ်တင်ပြီး ခံတိုက်နေကြတယ်၊ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကောင်စီခေတ်ထဲကနေ အခုချိန်ထိပါပဲ။
နှစ်ဦးနှစ်ဘက် သတ်ကြဖြတ်ကြဖို့ ဘယ်ကလက်နက်တွေရသလည်း
 နောက်ဆုံးမိမိပိုင်တဲ့  မြေကြီးထဲကပဲ
တူးဆွကလော်ထုတ်ပြီး ရောင်းကြတာပဲ၊နောက်ဆုံးတော့ လက်နက် ရောင်းချတဲ့ နိုင်ငံက
၊အမြတ်လည်းရ၊လက်ပန်းကျတဲ့  ကြက်နှစ်ကောင်။အချိန်မရွေးအသာကလေး မယူရုံပဲဆိုတာ..နားလည်သင့်နေပါပြီ..နိုင်ငံတော် တစ်ခုမှာအဓိကကုန်ကျစာရိတ်ဟာ..စစ်လက်နက်ပစ္စည်းပါပဲ
ကျနော်ဖတ်ဘူးတဲ့  သတင်းဂျာနယ်တစ်ခုမှာ တင့် ကားတစ်စင်းတန်ဘိုးငွေဟာ မှုလတန်းပြစာသင်ကျောင်းတစ်ခုဆောက်လို့ ရတယ်။စောစောစီးကသာ နှစ်ဦးနှစ်ဘက် ဒါတွေကို မသိတာတော့ မဟုတ်ပါဘူး သိသိကြီးနဲ့  လုပ်နေတာပဲလို့  ထင်ရတယ်၊
အခုဆိုယင် ၊တစ်ကယ်တန်းလေ့ လာကြည့် လိုက်တော့ ၊ဒီအပိုလုပ်ကြီး ဖြစ်နေတာ ဟာတိုင်းပြည်ကို အများကြီးဆုံးရှုံးနစ် နာစေပြီး မိမိလိုယင်းပန်းတိုင်ကို နောက်ကျပြီးယင်းကျနေတယ်၊လူတစ်ဦး ဟာတိုက်ပွဲမှာ သေဆုံးသွားခဲ့ ယင်၊သူ့ ကိုမှီခို အားထားနေရတဲ့  မိသားစုဘဝဆုံးသွားသလိုပဲ၊မသေပဲ ပျိုးပဲ့ ကျန်ရစ်ခဲ့ ယင်လည်း၊ဘဝ၂ခါဆုံးရတယ်၊မလိုအပ်ပဲ ဆေးရုံဆေးခန်းတွေမှာ၊
တပ်မတော်ဆိုတာ နိုင်ငံတစ်ခုမှာ မရှိမဖြစ်ထားရမှာပါ၊တပ်မတော်ဆိုတာတစ်ခုထဲပဲရှိတာ၊အကောင်းဆုံးပဲ
အခုဟာက နိုင်ငံကာကွယ်ရေးပြည်ပရန်ကာကွယ်ရေး၊ပြည်တွင်းရန်ကာကွယ်တိုက်ခိုက်ရေးကြီးဖြစ်နေတယ်။
ကျနော့ အမြင်ပေါ့ နော်။နိုင်ငံတပ်မတော်ကြီးကလည်း၊ပြည်တွင်းစစ်ကိုရပ်ဆဲစေပြီး
၊ပြည်တွင်းကလက်နက်ကိုင်အသီးသီးတွေကလည်း
၊လက်နက်ကိုစွန့် လွှတ်ပြီးတစ်စည်းတစ်လုံးထဲဖြစ်စေခြင်တယ်၊နှစ်ဦးနှစ်ဘက်ကတိတွေထပ်ခါတစ်လဲလဲနဲ
တက်မတော်ကထိုးစစ်ဆင်တယ်၊နောက်ဆုံးတိုင်းပြည်ဝင်ငွေ လူအင်အားချိနဲ့ သလို၊လက်နက်ကိုင်တပ်ဖွဲ့ တွေလည်း၊ကြွက်မနိုင်ကျီမီးနဲ့ ရှို့ 
၊ဟိုမှာမိုင်းထောင်၊ဒီမှာဖျက်ဆီး
နောက်ဆုံးတော့ ၊ကြားကပြည်သူပဲ ဒုက္ခရောက်တာပါ၊အစိုးရတပ်မတော်ရော၊တိုင်းရင်းသားတပ်မတော်ရော
ဒီစစ်သည်အင်အားတွေက ပြည်သူတွေကပဲမွေးဖွားလာတာပါ..ပြည်ပကနေ ရန်စပြီးကျုးကျော်ပြီး၊တိုက်ခိုက်ရင်းနဲ့ ၊ခန္ဒာကိုယ် ချို့ ယွင်းပျက်ဆီးသေဆုံးခဲ့ယင်၊ဒါအမင်မတန် ဂုဏ်ယူစရာပါ
ပြောယင်တော့၊စာတွေရှည်ပြီး ရေးလို့ ဆုံးမှာမဟုတ်တော့ဘူး…ဒီတော့ မိမိနိုင်ငံက မွေးဖွားလာတဲ့  တိုင်းရင်းသားမျိုးနွယ်စုတွေကို ၊ကိုယ်စီထိမ်းသိမ်းကြပြီး။မလိုအပ်ပဲ အချင်းချင်း သေနတ်ပြောင်းလှည့် ၊
ပြည်တွင်းကရန်ကာကွယ်ရေးစာရိတ်တွေကို လျှော့ ချပြီး၊အတွင်းချစား အကျင့် ပျက်ဝန်ထမ်းများ ပပျောက်စေပြီး  အိမ်တွင်းပုံး အင်တာနက်တွေ ပေါ်ကနေ မယောင်ရာဆီလူးပြီး
နေရာတစ်ကာမှာ မိမိအခွင့် ရေးတစ်နေရာရရန်အတွက် ပြည်တွင်းပြည်ပမှ ဝါဖြန့် မရေရာသော ဆန္ဒပြခြင်းကို ရှောင်ရှားပြီး တိုးတက်သော စစ်မှန်သောလမ်းစကိုဖေါ်ထုတ်ကြပါလို့ ၊ပြောပြလိုက်ခြင်ပါတယ်၊
No comments:
Post a Comment
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်