သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 13 October 2012

အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး အမေရိကန်နှင့် အစ္စရေး စတင်မည်

ဂျေရုဆလင် အောက်တိုဘာ ၁၁
အမေရိကန်နှင့် အစ္စရေး တပ်ဖွဲ့ဝင်များသည် နှစ်နိုင်ငံ သမိုင်းတွင် အကြီးမားဆုံး ဖြစ်သည့် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို  ပြုလုပ်နိုင်ရန် စတင်ပြင်ဆင် လျက်ရှိကြောင်း အင်တာနက် သတင်း အရ သိရသည်။
  
 
 
 
 
 
 
Austere Challenge 12(AC 12) အမည်ရှိ အဆိုပါ စစ်ရေး လေ့ကျင့်မှုကြီးကို အောက်တိုဘာ ၂၁ ရက်တွင် စတင် မည်ဖြစ်ပြီး သင်တန်း ကာလမှာ ရက်သတ္တသုံးပတ် ကြာမြင့် မည် ဖြစ်ကြောင်း  အောက်တိုဘာ ၁ဝ ရက် က အစ္စရေး သတင်းစာကြီး တစ်စောင်ဖြစ်သော  Jerusalem Post သတင်းစာက  ထုတ်ပြန်ခဲ့ သည်။
 
အမေရိကန် စစ်တပ်သည် အောက်တိုဘာ ၁၄ ရက်တွင် အစ္စရေး နိုင်ငံသို့ ရောက်ရှိ လာမည့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့်အဆင့်မြင့် နည်းပညာသုံးလက်နက်များအား ကြီးကြပ်ကွပ်ကဲရန်အတွက်ထိပ်တန်း အရာရှိကြီးများကိုအဆိုပါနိုင်ငံ အတွင်းသို့ စေလွှတ်ထား ပြီးဖြစ် ကြောင်း ဒေသတွင်း သတင်းဌာနများ အရ သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ၃,ဝဝဝ ခန့် ပါဝင်မည် ဖြစ်ပြီး အီရန်နှင့် ဆီးရီးယားတို့၏ ဒုံးကျည်
 ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန် ကာကွယ်ရန် အတွက် ဒုံးခွင်းဒုံး စနစ်များကို အသုံးပြု ပစ်ခတ် လေ့ကျင့် မည်ဖြစ် သည်။ သို့ရာတွင် စစ်ရေး လေ့ကျင့်ရာ၌ အသုံးပြုမည့် ဒုံးခွင်းဒုံး စနစ်၏ အသေးစိတ်အချက် အလက်များကိုမူ အစ္စရေး တို့က ထုတ်ဖော်
 ပြောကြားခဲ့ခြင်း မရှိပေ။ အမေရိကန် နိုင်ငံအနေဖြင့် ရေတပ်သုံး ဒုံးကျည်များ၊ Patriot ဒုံးခွင်းဒုံး စနစ်များနှင့်  
အပူရှိန်သုံး အမြင့်ပျံဒုံးခွင်းဒုံး စနစ်များကို အစ္စရေးသို့ ထောက်ပံ့ ပေးအပ်ရန် မျှော်လင့်ရ ကြောင်း သိရသည်။
မြဝတီ-သတင်းစာမှ
 
 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်