သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 8 October 2012

ရွှေ ၇ ပိဿာ ၊ ငွေသိန်း(၆)သောင်းကျော် မတိုင်မီဖြစ်ရပ်သတင်း

 
ရွှေအရောင်းအ၀ယ်ဖလှယ် မှုကနေ ရွှေချိန်(၇)ပိဿာ၊ကျပ် သိန်းပေါင်း(၆)သောင်းကျော် အလိမ်ခံရတယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတော့ စိတ်ဝင်စားမိ ပါတယ်။သေချာစဉ်းစားမိတော့ ရွှေ(၇)ပိဿာရဲ့တန်ဖိုးဟာ ဒီနေ့ ကာလတန်ဖိုးနဲ့ဆိုရင်သိန်းပေါင်း (၅၆၀၀)နီးပါးပဲရှိပါတယ်။ဘယ်လို ဖြစ်ပြီး 

 သိန်းပေါင်း(၆)သောင်း ကျော်ဖြစ်သွားလည်းဆိုတာသိချင် တာနဲ့ အဲဒီသတင်းဖြစ်ပေါ်လာပုံ ကို လေ့လာစုံ
စမ်းတော့ အခုလို သိခဲ့ရပါတယ်။
ရွှေတွေကို လိမ်လည်ခဲ့သူလို့ စွပ်စွဲခံရတဲ့ ဦးပီတာ(ခ)ဦးစိန်လင်း နဲ့ဇနီးတို့ဟာ တောင်ငူမြို့မှာ စိန် ရွှေရတနာသန့်စင်ရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး ကောင်းသတင်း နဲ့ကျော်ကြားသူတွေဖြစ်ပါတယ်။ယနေ့တိုင်လည်း နေထိုင်လုပ်ကိုင် နေကြတုန်းပါပဲ။လုပ်ငန်းကို တိုး ချဲ့လုပ်ကိုင်နေတဲ့ ဦးပီတာဆီကို သူ့ရဲ့ကျောင်းနေဘက် သူငယ်ချင်း ဦးမြင့်အောင်က ၂၀၀၄ခုမှာ ရွှေ ချောင်းတွေအပ်နှံခဲ့ပါတယ်။ အဲဒီ လိုအပ်နှံတဲ့အခါ ဦးပီတာက အလေးချိန်ကို တိကျစွာချိန်တွယ် ပြီး ဦးမြင့်အောင်လက်ခံမယ့် စာ အုပ်မှာ စာရင်းရေးသွင်းပေးကာ လက်ခံရရှိကြောင်း လက်မှတ်ရေး ထိုးပေးပါတယ်။အဲဒီလို ရွှေတွေ ငှားခအတွက် ဦးပီတာက ဦးမြင့် အောင်ကို ရွှေပေါက်ဈေးအတိုင်း (၂.၇၅)ရာခိုင်နှုန်းခံစားခွင့် တစ် လတစ်ကြိမ်ငွေသားထုတ်ပေးပါ တယ်။ သူငယ်ချင်းတွေဖြစ်တာ ကြောင့် စာချုပ်စာတမ်းမလုပ်ဘဲ ယုံကြည်မှုနဲ့အလုပ်လုပ်ကြပါတယ်။ အဲဒီလိုနဲ့ ၂၀၀၉ခုအထိ ရွှေပြန် ပေး၊ရွှေပြန်ယူလုပ်လာတာ နောက်ဆုံးဦးမြင့်အောင်အပ်နှံ ထားတာ ရွှေ(၁၄၀)ကျပ်သားအထိ ရှိလာပါတယ်။ဒီကြားထဲ ဦးပီတာ ငွေလိုလို့ ဦးမြင့်အောင်က ငွေသိန်း (၅၀၀)အပ်နှံခဲ့ပါသေးတယ်။ ငွေ သားကိုလည်း သီးခြားစာအုပ်မှာ ရေးမှတ်ပြီး လက်မှတ်ထိုးပေးခဲ့ပါ တယ်။အဲဒီလို ငွေသားအပ်လာတာ လည်း ၂၀၁၀ခု ရောက်တော့ သိန်း (၁၄၀၀)ထိ ဖြစ်လာပါတယ်။ ဒီ ကြားထဲ ဦးမြင့်အောင်ငွေလိုလို့ ပြန်တောင်းတော့ ဦးပီတာက သိန်း(၃၀၀)ပြန်ပေးခဲပါသေးတယ်။ ၂၀၁၁ခု၊နိုဝင်ဘာလထိ သူငယ် ချင်း(၂)ဦး အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့တာ (၁၂)လပိုင်း ရောက်တော့ ငှားခငွေတွေကို လုပ်ငန်းအဆင်မပြေတာနဲ့ဦးပီတာ က မရှင်းပေးနိုင်ပါဘူး။အဲဒီတော့ ဦးမြင့်အောင်က မိတ်ဆွေတချို့ ကိုခေါ်ပြီး ဦးပီတာထံသွားကာရွှေ နဲ့ငွေသားတွေကို ပြန်တောင်းပါ တော့တယ်။ ၂၀၀၄ကနေ ၂၀၁၁ အထိ စာရင်းရှင်းဖို့ကရှိသေးတယ် ဆိုတော့ ညှိနှိုင်းတာ အဆင်မပြေ ပါဘူး။ဒီတော့ ဦးမြင့်အောင်က ဦးပီတာတို့ ထွက်ပြေးမှာကို စိုး ရိမ်ပြီး အမှန်ကိုမသိဘဲ တိုင်ကြား ခဲ့ပေမဲ့ ဦးပီတာတို့ကတော့ မူလ နေထိုင်ရာ အိမ်ကနေထွက်ပြေး ခြင်းမရှိခဲ့ပါဘူး။
အထက်မှာဖော်ပြခဲ့သလို ဦးပီတာနဲ့အကျိုးတူ ပူးပေါင်းပြီး ရွှေနဲ့ငွေသားတွေအပ်နှံတဲ့အတွက် ကြောင့် ဦးမြင့်အောင်အဆင်ပြေ တာတွေ့တော့ ဦးမြင့်အောင်ရဲ့ သူငယ်ချင်း ဦးကင်းအောင်က လည်းအသောက်အစား၊အပျော် အပါးကင်းပြီးဘာသာရေးကိုင်းရှိုင်း တဲ့ဦးပီတာထံမှာ ရွှေတွေအပ်နှံ ချင်တော့ ဦးမြင့်အောင်မှ တစ် ဆင့်မိတ်ဆွေဖွဲ့ခဲ့ပါတယ်။အဲဒီလို နဲ့(၄)လပိုင်း ၂၀၀၇ခုမှာ ဆေး ကျောင်းတက်နေတဲ့ သားဖြစ်သူ ကျောင်းစရိတ်ရအောင် ဦးပီတာ ထံမှာ ရွှေ(၇၃)ကျပ်သားစအပ်ခဲ့ ပါတယ်။အဲဒီလို အပ်နှံတော့လည်း ဦးပီတာက အလေးချိန်တိကျစွာ ချိန်တွယ်ပြီး စာအုပ်မှာ စာရင်း သွင်းလက်မှတ်ထိုးပေးကာ ဦးကင်းအောင်ကို စာအုပ်ပေးအပ် ခဲ့ပါတယ်။အဲဒီလိုနဲ့အပ်လာလိုက် တာ (၄)လပိုင်း ၂၀၀၈ခု ရောက် တော့ လစဉ်(၆)အပ်နှံငွေသိန်းခွဲ အထိ ရခဲ့ပါတယ်။ဦးကင်းအောင် အသုံးလိုလို့ပြန်တောင်းတော့လည်း ဦးပီတာက ရွှေ(၃၀)ကျပ်သားပြန် ပေးခဲ့ပါသေးတယ်။အဲဒီလို ယုံ ကြည်ရတဲ့အတွက်ကြောင့် ဦးကင်းအောင်က ငွေသိန်း(၇၅၀) ကို ဦးပီတာထံမှာ ထပ်မံအပ်နှံခဲ့ ပါတယ်။ဦးပီတာက စီမံခန့်ခွဲတဲ့ အတွက်ကြောင့် သူလည်းအကျိုး ရှိ၊ဦးကင်းအောင်တို့လည်း အကျိုး အမြတ်ရှိခဲ့ပါတယ်။ဒီကြားထဲမှာ ရွှေပြန်ပေး၊ရွှေပြန်ယူတွေလည်းရှိခဲ့ ပါသေးတယ်။ဦးပီတာကသူ့ထံမှာ ရွှေအပ်နှံတဲ့အတွက် အကျိုးခံစား ခွင့်(၂.၅)ရာခိုင်နှုန်းပေးခဲ့ပါတယ်။ အပ်နှံငွေထဲက သိန်း(၂၀၀)ကို လည်း ဦးကင်းအောင်ပြန်တောင်း လို့ ၂၀၀၈ခု အောက်တိုဘာလမှာ ပြန်ပေးခဲ့ပါတယ်။နောက်ဆုံး ဦးကင်းအောင်က ဦးမြင့်အောင် လိုပဲ ရွှေ(၉၃)ကျပ်သားနဲ့ငွေသား တွေပြန်တောင်းတော့ လုပ်ငန်း အစဉ်မပြေလို့ လောလောဆယ် ပြန်မပေးနိုင်ပေမဲ့ ၂၀၁၁ခု နိုဝင် ဘာအထိ အပ်ခံခငွေတွေကိုပေး နေဆဲဖြစ်ပါတယ်။အဲဒီလို အပ်နှံ ခငွေပေးရာမှာလည်း ရွှေဈေး အတက်အကျအတိုင်း ရှင်းပေး ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဦးပီတာအနေနဲ့ ပိုင်ရှင်တွေ လိုလို့ပြန်တောင်းရင်(၁)လကြိုတင် ပြီး ပြောပါလို့ ကတိစကားဆိုခဲ့ ပေမဲ့ တကယ်တမ်း လုပ်ငန်းအဆင် မပြေလို့ ပြန်မပေးနိုင်တဲ့အခါမှာ တော့ တရားစွဲဆိုခြင်းကိုခံနေရပါ တယ်။ ဘယ်သူမှားတယ်၊ဘယ်သူ မှန်တယ်ဆိုတာ တရားရုံးဆုံးဖြတ် ရမဲ့အလုပ်ဖြစ်တာကြောင့် ဝေဖန် ခြင်းမလုပ်လိုပါဘူး။ဒါပေမဲ့ ရွှေ (၇)ပိဿာ၊ငွေသိန်းပေါင်း(၆)သောင်း ကျော်ဆိုတာနဲ့တကယ်ဖြစ်ပျက် နေတာက လွဲနေတယ်လို့ထင်ပြီး စုံစမ်းရေးသားလိုက်ရတာပါ။စီး ပွားရေးလုပ်တယ်ဆိုတာ အမြတ် ရှိနိုင်သလို၊အရှုံးလည်းရှိနိုင်ပါတယ်။ အမြတ်ရတုန်းကခံစားပြီး၊အရှုံး ပေါ်တဲ့အခါမှာလည်း အနာခံနိုင် ရမယ်လို့ စီးပွားရေးသမားတွေ အနေနဲ့ခံယူသင့်ပါတယ်။အခုလို ဂျာနယ်စာမျက်နှာအထက်မှာ ဖော်ပြလာတော့ နှစ်ဦးနှစ်ဖက်လုံး ဂုဏ်သိက်္ခာတွေကျလာနိုင်တာ ကြောင့် ကာယကံရှင်တွေအနေနဲ့ ပြေလည်စွာညှိနှိုင်းကြပါလို့ တိုက် တွန်းရင်း စုံစမ်းလို့သိရသမျှရေး သားလိုက်ရပါတယ်။
ဘုန်းစစ်
By Hot News Weekly


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်