Wednesday, 31 October 2012
ရန်ကုန်မြို့ လမ်းမီးအောက်က ညမင်းသမီးတွေ ဘဝ
ရန်ကုန်မြို့  နေရာအနှံ့  တွင် သွားရင်းလာရင်းတနေ့  တခြားများပြားလာသောမြင်ကွင်းတွေထဲ မှ စိတ်မသက်သာဖွယ်မြင်ကွင်း တခုကတော့ ….ဘ၀ နှင့်  ခန္ဒာ ကိုယ်ကိုအရင်းအနှီး ပြု ကာငွေ ရှာနေကြသည့်  ..အမျိုးသမီးငယ်လေးများ.. များပြားလာခြင်းဖြစ်ပါသည်….။ ထို့အတူ.. လူမြင်ကွင်းမဟုတ် ပဲ အနှိပ် ခန်း များ. .KTV.ကာရာအိုကေ.. စင်တင်တေးဂီတ.. တို့  လို..တိုက်ခန်းများဆိုင်ခန်းများတွင် လဲ ဘ၀နှင့်  လဲ ကာငွေရှာနေရ သည့်  မိန်ခလေးငယ်များ၏ဘ၀များမှာ တကယ်တော့  နာကြည်း ဖွယ်ခံစားမှု့ တွေ အပြည့် ပါ .. ။
ပြည့်  တန်ဆာ လုပ်ငန်းဟူသည် မှာဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့ သောလုပ်ငန်း ဖြစ်သော် လည်း ဘယ်ခေတ်ဘယ်ကာလပဲ ဖြစ်ဖြစ်အမြင်မတင့်  တယ် ပါ….။ ပြည်တွင်းက ပြည်သူတို့ ၏လူနေမှု ဘ၀ကိုအဓိက ထားပြီးတင်ပြနေတဲ့ ရန်ကုန်သားတယောက် သူတို့  ဘ၀ကို လေ့လာကြည့် မိသလောက်တင် ပြလိုက် ရ ပါစေ… ။ သူတို့ ကျင်လည် ရာ လော က ထဲ မှာ လဲ အလွှာအသီးသီးရှိပါသည် ။ တခုခြင်းစီတင်ပြရသော်…………………..။
လမ်းဘေးပလက်ဖောင်းများပေါ် မိန်းခလေး…များ..။ထိုအလွှာတွင်အသက်(14-15) နှစ်မှ (35-40) ထိအရွယ်များစွာပါဝင်လှုပ်ရှားကြသည်။ကျက်စားရာလူခေါ်ရာနေရာများမှာ..ပန်းဆိုးတန်းလမ်းမ အလယ်ဘလောက်နှင့်  တံတားဝန်းကျင်၊အနော် ရထာလမ်းမပေါ်ရှိ ကားမှတ်တိုင်များ.. လမ်းလေးဆယ်..ဘားလမ်း..လမ်းသုံးဆယ်မှတ်တိုင်များ တွင်ပိုမိုတွေ့  ရသည်။ နောက်..သီရီမင်္ဂလာဈေးတ၀ိုက်.. တောင်ဥက္ကလာဝေဇန္တာလမ်းမပေါ်..
စော်ဘွားကြီးကုန်းကားဝန်းဟောင်း.. တာမွေဈေးတ၀ိုက်..သိမ်ဖြူလမ်း (ဆရာဝန်များအသင်းတိုက်အနီးညမှောင်ချိန်များ) နေ့ လည်ခင်းများတွင်.. မြို့  ထဲ ရုပ်ရှင်ရုံများအောက်တွင်အများဆုံးမြင်တွေ့ နေရ ပါသည်..။ထိုမိန်ကလေးများမှာရန်ကုန်မြို့  တွင်းမှမဟုတ်ကြပါ..အများစုမှာ သံလျှင်.. ဒလ .. တောင်ဒဂုံ.. ဆိပ်ကြီးခနောင်တို ..ကြည်မြင်တိုင်တဖက်ကမ်းအေးရွာ ..လှိုင်သာယာစသော နေရာ များတွင်အနေများကြသည်။တချို့  နယ်ဝေးမှမိန်းကလေးများမှာတော့  အခန့်  သင့်  သလို (ဥပမာ-ဘူတာကြီးမှမီးရထားဝန်ထမ်းလိုင်းခန်းများမှ နောက်ဖေးတွင်အဖီလေးများချထားသော ကျောတနေရာ စာတွင် တညတာအိပ်စက်ရန်အတွက် ဘယ်လောက်ဟူရ်ျ ပေးနေခြင်မျိုးများ)ရှိပါသည်..။သူတို့  ၏အလုပ်ချိန်မနက်ခင်း (၁၁း၀၀) လောက်မှစတင် ကာမိမိကျက်စားရာနေရာ များသို့  ရောက် ရှိပါကြပါသည်။ထို အချိန်မှစတင် ည (၁၁း၀၀) နာရီလောက်ထိသူတို့  ၏ခန္ဒာကို ယ်အား..အခစားဖြင့်  ဌားရမ်း ကြပါသည်..။ စားသောက်ကြ သည်မှာတော့  ပလက်ဖောင်းဘေးမှအ၀စားထမင်းဆိုင်လေးများဖြစ်ကြပါသည်..။ ည(၁၁း၀၀)ကျော်လျှင်တော့  ကြုံ ရာ ကားများဖြင့်  တဆင့် ပြီးတဆင့်  အိပ်တန်းပြန်ကြပါသည်..။ ရှိလာသောငွေကြေးများကိုတော့  သူတို့  ၏ကိုယ်ကြိုးအတွက်သုံးကြသည့် အလွန်နည်းပါး ကြပါသည် ..။နာတာရှည် မိခင်… ဘုစုခရုလေးများတန်းစီပြီးမွေးကာအချိန်ပြည့်  နီးပါမူးနေသောဖခင်.. အမိမဲ့ အဖမဲ့ အရွယ်လွန်ဖိုးဖွားများနှင့်  သာကြီးပြင်းခဲ့ ရ သောသူများ… မိသားစုစားဝတ်နေရေးအတွက်မိမိဘ၀ကိုချရင်းခဲ့ ရ သူမိန်းကလေးများ…..ရိုးရိုးသားသားလုပ်ကိုင်စားချင် ပါသော်လည်းငယ်စဉ်ကကောင်းမွန်စွာပညာမသင်ကြားခဲ့ ရ မှု့  ကြောင့်  အလုပ်အကိုင်ရှားပါခြင်း၊ တမြို့  တရွာမှလာရ်ျ ရန်ကုန်မြို့  ရှိလူကုန်တန်အိမ် များတွင်အိမ်ဖော်လုပ်ရင်း အိမ်ရှင်ယောင်္ကျားများမှ လူမသိသူမသိအစော်ကားခံ ရကာ.. ဘ၀ကို မထူးဇါတ်ခင်းခဲ့ ကြသူ မိန်းကလေးများ.. စသည် ဖြင့်  ရင်နာဖွယ်ရာ ဘ၀ဇါတ်များစွာဖြင့်  ရောက်ရှိ လာခဲ့  ကြပါသည်။ လမ်းပေါ်တွင်လုပ်စားသည်ဆိုသော်လည်းအဖိုးအခကို အပြည့်  ရသည် မဟုတ် (ခေါင်း) လုပ်သူအတွက်အချိုးအဆနှင့်  ပေး ရပါသည် ..။ ထို(ခေါင်း) များမှာလည်းသက်ဆိုင်ရာ ရဲ.နယ်ထိန်းများကိုလည်း ငွေလိုလျှင်ငွေ.. လူလိုလျှင်..တဆင့်  ဒါနပြုကြမှ၎င်းတို့  လုပ်ငန်းအတွက် ဘေးကင်းပါမည် ဖြစ်သောကြောင့် ပေးကမ်းကြရပြန်ပါသည်… ။ ထိုအလွှာမှမိန်းကလေးများအဖို့  တော့  နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်နေရပါသည်..။
မင်းသားလေးမှ....
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2012
(236)
-
▼
October
(34)
- ရန်ကုန်မြို့ လမ်းမီးအောက်က ညမင်းသမီးတွေ ဘဝ
- ထူးဆန်းစွာဘုန်းကြီးတရားဟောနေသောမြန်မာခလေးဗွီဒီယို
- “ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်န...
- ထိုင်းဘုရင့်သမီးတော် မြန်မာပြည်ခရီးနှင့် ကျောင်းအိ...
- တန်ဘိုးဖြတ်လို့ မရတဲ့  လူ့အသက်တစ်ချောင်း နှင့် သေဆ...
- တန်ဘိုးဖြတ်လို့ မရတဲ့  လူ့အသက်တစ်ချောင်း နှင့် သေဆ...
- အမေရိကန် လေယာဉ်တင် သင်္ဘော USS George Washington တော...
- ကမ္ဘာကို တုန်လှုပ်စေတဲ့ ၅၅ ပေရှည်သော မြွေကြီး’
- အလောင်းမင်းတရားကြီး၏ နှစ်ပေါင်း ၂၅၀ ကျော်သက်တန်းရှ...
- သမ္မာသင်္ကပ္ပ - မှန်ကန်စွာ ဆင်ခြင်တွေးတောခြင်း - အပိုင...
- သမ္မာသင်္ကပ္ပ - မှန်ကန်စွာ ဆင်ခြင်တွေးတောခြင်း - အပိုင...
- နာဆာမှဂြိုလ်တုဖြင့် တွေ့ ရှိထားသောအာရှရွှေကြောကြီး
- မြန်မာပြည်လှည်းကူးမြို့ နယ်မှထူးဆန်းသောလူသား
- မြန်မာအမျိုးသမီးများကို တရုတ်မှ သိန်း(၃၀)ပေး၍ ၀ယ်နေ
- မိန်းခလေးများစင်္ကာပူသွားယင်ဒါလေးဖတ်သွားပါ
- မင်းသားခေါင်းဆောင်းထားသော ဘီလူး (သို့) အရှင်သောမ(ေ...
- သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်
- နိုင်ငံတော်သမတ္တကြီးဦးသိန်းစိန်၏ရှားပါးသောဓါတ်ပုံများ
- မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ .....
- အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး အမေရိကန်နှင့် အစ...
- မိတ်ဆွေတို့ ဘလောက်မှာကင်မယာတပ်ချင်သလားဒီမှာယူ
- အင်တာနက်စာမျက်နှာပေါ်မှဟာသကာတွန်းများဖတ်ရအောင်
- တက်ကြွလန်းဆန်းလှပနေသောကမ္ဘာ့ အမျိုးသမီးစစ်သည်တော်မျ...
- နိုင်ငံတစ်ကာစစ်သည်များပုံပြသပေးခြင်း(၁)
- ရွှေ ၇ ပိဿာ ၊ ငွေသိန်း(၆)သောင်းကျော် မတိုင်မီဖြစ်ရပ...
- တိဘက် တောင်တန်းဒေသမှ ကောင်းကင်သဂြိုလ်နည်း"
- အင်တာနက်ပေါ်မှဟာသကာတွန်းများဖတ်ရအောင်
- မြန်မာမလေးရဲ့ နိုင်ငံဂုဏ်ဆောင်အလှပါ-ရှုနာရိုက်ကုန်...
- ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း
- ဂျပန်နိုင်ငံအိုကီနာဝါကျွန်းတွင်ကမ္ဘာ့ ၆၇ နိုင်ငံမြှ...
- မြန်မာရုပ်ရှင်မော်လ်ဒယ်အဆိုတော်တစ်ချို့ ၏ဖုန်းနံပါ...
- ဖာတန်းများနဲ့ အောက်ခြေလူတန်းစား ဘဝ တိုက်ရိုက်ပတ်သတ...
- မောင်ရင်လောင်းကို နတ်ပြဖို့လိုသလား
- ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ
-
▼
October
(34)
No comments:
Post a Comment