သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 19 October 2012

မြန်မာအမျိုးသမီးများကို တရုတ်မှ သိန်း(၃၀)ပေး၍ ၀ယ်နေ

တရုတ်အမျိုးသားနှင့်လက် ထပ်ပြီး ကလေးတစ်ယောက်မွေး ပေးပါက ငွေသိန်း(၃၀)ပေးမည်ဟု    လူပွဲစားများကပြောဆိုသိမ်းသွင်း  နေကြကြောင်းနှင့်မြန်မာအမျိုး သမီးငယ်များကို မက်လုံးပေး၍   သွေးဆောင်ဖြားယောင်းမှုများရှိ  လာကြောင်းကို လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒုရဲ မှူးကြီးညွှန့်လှိုင်ကပြောပြ ကြောင်းကို အင်တာနက်သတင်း များအရသိရှိရသည်။
 

ဒါကို သ ဘောတူပြီးလိုက်သွားကြတဲ့ မြန်မာ တိုင်းရင်းသားအမျိုးသမီးငယ်များ    များပြားလာကြောင်းနှင့်ကလေး တစ်ဦးမွေးပြီးလျှင် ကိုယ့်နိုင်ငံ ကိုယ် သိန်း(၃၀)ကိုင်ပြန်လာလို့ ရတယ်ဆိုပြီး ဗြောင်ကြကြသိမ်း သွင်း စည်းရုံးမှုများပြုလုပ်နေကြ တာ ဈေးကွက်ကြီးတစ်ခုကဲ့သို့ဖြစ် နေကြောင်းကို ဒုရဲမှူးကြီးညွှန့် လှိုင်က ပြောပြသည်။မြန်မာနိုင်ငံ   လူကုန်ကူးမှုတားဆီးကာကွယ်ရေး   ဗဟိုအဖွဲ့မှထုန်ပြန်ချက်များအရ လူကုန်ကူးခံရမှု၏ (၈၀)ရာခိုင်နှုန်း      သည် တရုတ်နိုင်ငံသို့ဦးတည်နေ လျက် (၁၀)ရာခိုင်နှုန်းမှာ ထိုင်း နိုင်ငံသို့ဦးတည်နေပြီး(၆)ရာခိုင်  နှုန်းသည် မလေးရှားနိုင်ငံသို့ဖြစ် ကြောင်းထုတ်ပြန်ထားသည်။အဆိုပါ လူကုန်ကူးမှုဖြစ်စဉ်များ တွင် တရုတ်နိုင်ငံသို့ပို့ဆောင်ခြင်း ခံရသော အမျိုးသမီးငယ်များမှာ  အဓမ်္မထိမ်းမြားလက်ထပ်ရန်အ တွက်ရောင်းဝယ်ခြင်းဖြစ်ပြီး ထိုင်း နိုင်ငံသို့ လူကုန်ကူးမှုများမှာ တိုက် ရိုက်လူကုန်ကူးခြင်းမမြောက်ဘဲ   တရားမ၀င်အလုပ်လုပ်ကိုင်ရာမှ တစ်ဆင့်လိင်မှုဆိုင်ရာခေါင်းပုံဖြတ်  မှုအတွက် အခြားနည်းဖြင့် လူကုန်  ကူးခံရခြင်းမျိုးဖြစ်သည်။မလေး ရှားနိုင်ငံသည်လည်း တိုက်ရိုက် လူကုန်ကူးခြင်းမျိုးမဟုတ်ဘဲ ထိုင်း နိုင်ငံမှတစ်ဆင့်သွေးဆောင်ဖြား ယောင်း၍ ပြည့်တန်ဆာပြုခြင်း၊   ကလေးငယ်များအား အဓမ္မ တောင်းရမ်းစေခိုင်းမှုများစသည် တို့ဖြစ်သည်။ ဒုရဲမှူးကြီးညွှန့်လှိုင်   ကဆက်လက်ရှင်းပြရာတွင် တရုတ်  နိုင်ငံအတွင်း အမျိုးသမီးများ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြရာ  မှ အမျိုးသားနှင့်အမျိုးသမီးဦးရေ  ကွာဟချက်မြင့်မားလာခြင်းနှင့် တရုတ်နိုင်ငံအတွင်း မိန်းမတောင်း  ယူလက်ထပ်ရသည့်စရိတ်မြင့်မား လာခြင်းတို့ကြောင့် မြန်မာနိုင်ငံမှ    အမျိုးသမီးငယ်များကို ပွဲစားများ မှတစ်ဆင့်ဝယ်ယူရန်အားထုတ်လာ ကြသောကြောင့် လူကုန်ကူးမှုများ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်းရှင်း ပြပါသည်။မြန်မာနိုင်ငံလူကုန်ကူး    မှုတားဆီးကာကွယ်ရေးလုပ်ငန်း စဉ်များဆောင်ရွက်ရာတွင် တစ် ဖက်နိုင်ငံ၌ဥပဒေသတ်မှတ်ပြဋ္ဌာန်း   ထားခြင်းမရှိသောကြောင့် အခက် အခဲများကြုံတွေနေရသည်။ တရုတ်နိုင်ငံကိုဦးတည်သော လူ ကုန်ကူးမှုအရည်အတွက်က သိသိ သာသာကျဆင်းလာမှုမရှိသေး   သည်မှာ တရုတ်နိုင်ငံမှာက လူ    ကုန်ကူးမှုတားဆီးနိုင်နင်းတဲ့ဥပဒေ  မရှိသောကြောင့် နှစ်နိုင်ငံနားလည် မှု စာချွန်လွှာရေးထိုးပြီး ဆောင် ရွက်နေရသည်ဟုဆိုသည်။ ၂၀၁၁ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် လူ ကုန်ကူးခံရမှု (၁၃၆)မှုတွင် တရုတ် နိုင်ငံသို့ဦးတည်သည့်အမှုမှာ(၉၄)  မှု၊ပြည်တွင်း၌ ဖြစ်ပွားသည့် အမှု  (၂၃)မှု၊ထိုင်းနိုင်ငံသို့ ဦးတည်သည့်  အမှု(၁၉)မှုရှိပြီး နိုင်ငံတ၀န်း လူ ကုန်ကူးခံရသူအရည်အတွက်မှာ (၂၃၄)ဦးရှိခဲ့သည်။အဆိုပါဖြစ်စဉ်  များတွင် ရန်ကုန်တိုင်းမှ(၆၃)ဦး၊  ရှမ်းပြည်နယ်မြောက်ပိုင်းမှ(၄၁)ဦး၊   မန္တလေးတိုင်းမှ(၃၆)ဦး၊ကချင်ပြည် နယ်မှ(၂၆)ဦး၊ပဲခူးတိုင်းမှ(၂၅)ဦး၊  ဧရာဝတီတိုင်းမှ(၁၇)ဦး၊ကရင် ပြည်နယ်မှ(၁၆)ဦး၊မွန်ပြည်နယ်မှ  (၁၀)ဦးတို့ပါဝင်ကြောင်းသိရသည်။  ၂၀၁၁ခုနှစ် မြန်မာနိုင်ငံလူကုန် ကူးမှုတားဆီး၊ကာကွယ်ရေးနေ့ နှစ်ပတ်လည်အစီရင်ခံစာတွင် လူ ကုန်ကူးခံရသူများ၏ ၂၃ရာခိုင် နှုန်းသည် ကလေးငယ်များဖြစ်  ကြောင်း၊လူကုန်ကူးခံရသူ(၂၆၅)ဦး      ကို ကယ်တင်နိုင်ခဲ့ကြောင်း၊၎င်း တို့အနက် (၆၁)ဦးမှာ အရွယ်မ ရောက်သေးသော ကလေးငယ်  များဖြစ်ကြောင်းနှင့် ထိုကလေး ငယ်(၆၁)ဦးအနက် (၅၂)ဦးမှာ မိန်းကလေးများဖြစ်ကြောင်းသိရ သည်။လူကုန်ကူးမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန် တိုင်းတွင်အများဆုံးဖမ်းဆီးရမိ  ကြောင်း အစီရင်ခံစာအရသိရ သည်။လူကုန်ကူးခံရမှု ၃၈ရာခိုငှ်ုနှုန်းမှာ အမျိုးသမီးများဖြစ်ကြ၍  လက်ထပ်ထိမ်းမြားပေးရန်နှင့်  ပြည့်တန်ဆာအဖြစ်ခိုင်းစေရန်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။နိုင်ငံတကာတွင် နှစ်စဉ်  ကလေးငယ်(၁၁)သန်းခန့် လူကုန် ကူးခံနေရပြီး လူကုန်ကူးခြင်းများ  မှ ဒေါ်လာ၊ဘီလီယံများစွာ အကျိုး  အမြတ်ရရှိနေသည့်လုပ်ငန်းဖြစ်  ကြောင်း UNICEF ကထုတ်ပြန်  ထားကြောင်းသိရသည်။မြန်မာ နိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်  ရေးဥပဒေကို(၂၀၀၅)ခုနှစ် စက်တင်ဘာလ(၁၃)ရက်ကပြ ဋ္ဌာန်းခဲ့ပါသည်။
 ဥယျာဉ်မှူး

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်