သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 21 October 2012

သမ္မာသင်္ကပ္ပ - မှန်ကန်စွာ ဆင်ခြင်တွေးတောခြင်း - အပိုင်း (၃)


                       တရုတ်-မြန်မာနယ်စပ်ရှိ ဇိမ်ခန်းတစ်ခုမှ မြန်မာလိင်အလုပ်သမများ
ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ သမ္မာသင်္ကပ္ပ - မှန်ကန်စွာ ဆင်ခြင်တွေးတောခြင်း - အပိုင်း (၂) ကို  နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်။ကဲ…… ဘာသာတရားရှုထောင့်က ကြည့်ကြပါဦးစို့။

 ကမ္ဘာကြီးပျက်ဖို့ အစပြုတာဟာ ဝိသမလောဘနဲ့ မိစ္ဆာရာဂတွေပါ။ ဒါဆိုရင် အရမ်းလွတ်လပ်တဲ့ နိုင်ငံတွေဘာလို့ မပျက်စီးသလဲတော့ မမေးပါနဲ့။ ဒီနေ့ သူဋ္ဌေးကြီးတွေ မနက်ဖြန်မှာ မထင်နိုင်အောင်ပဲ ကုန်းကောက်စရာမရှိ မွဲသွားတာ တွေ့ဖူးမှာပါ။ အဲဒါ ဥပမာပါပဲ။ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ မြန်မာနိုင်ငံက အခုမှ တိုးတက်အောင်ကြံဆောင်ဖို့ စကာစပဲ ရှိပါသေးတယ်။ ဒီမိုကရေစီဆိုတာလည်း ပျိုးစေ့ဘဝမှာပဲ ရှိပါသေးတယ်။ အစကောင်းမှ အနှောင်းသေချာမယ် မဟုတ်ပါလား။ မဟုတ်တဲ့ လမ်းလွဲတွေကစရင် ပျက်စီးမှု လမ်းမပေါ်ပဲ ရောက်သွားမှာပါ။ အစကောင်းမှ အနှောင်းသေချာမှာမို့ ကောင်းသောစတင်ခြင်းကိုသာ လိုလားသင့်ကြပါတယ်။ ဒီနေ့အချိန်ကာလမှာ အမှားများလာတော့ အမှန်ထင်လာကြတာ လူငယ်တွေအတွက် ကြီးမားတဲ့ အနာဂတ် အန္တရာယ်ပါ။ ညစ်ညမ်း ရုပ်ရှင်ဇာတ်လမ်း အပြုအမူ အပြောအဆိုတွေက နေ့စဉ် ထမင်းစားရေသောက်လို ဖြစ်လာတော့ ဒါဟာ ထူးခြားတဲ့ မှားယွင်းတဲ့ဟာမဟုတ်ဘူး သာမန်အပြုအမူ အလေ့အထလို့ ဂုဏ်ရှိပါတယ်ဆိုတဲ့ လူကြီးတွေတောင်မှ ထင်မြင်လာနေကြပါတယ်။


လူသားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတာလည်း ဟိရိနဲ့သြတ္တပ္ပ အရှက်အကြောက် တရားနှစ်ပါးပါ။ တိရိစ္ဆာန်နဲ့လူ စည်းကွဲတာလည်း အရှက်အကြောက် တရားနှစ်ပါးပါပဲ။ လူတွေကို လုပ်ချင်ရာ လုပ်ခွင့် ပြုကြည့်လိုက်ပါ။ အရှက်အကြောက်တရားတွေ ကင်းလာတာနဲ့အမျှ မကောင်းမှုမှာ မွေ့လျော်တတ်တဲ့ လူ့စိတ်သဘာဝအတိုင်း မကောင်းမှုတွေ များစွာလုပ်ကြမှာပါ။
ဒါတောင် မြန်မာတချို့က မကောင်းမှုပြုရမှာကို ရှက်ခြင်း၊ ကြောက်ခြင်းဆိုတဲ့ မူလအဓိပ္ပါယ်ကိုသာ ကောက်ယူပြီး မကောင်းမှု မလုပ်ရင်ပြီးတာပဲ အပြုအမူ၊ အနေအထိုင်၊ အဝတ်အစားတွေမှာတော့ ဟီရိသြတ္တပ္ပဆိုတာ မလိုဘူးဆိုပြီး အရှက်အကြောက်ကင်းမဲ့ရေး စကားလမ်းကြောင်းကို သွားနေပါတယ်။ အများသုံးဝေါဟာရကိုလည်း နားလည်ကြရပါမယ်။ အကုသိုလ်လုပ်ရမှာ ပြောရမှာ မရှက်မကြောက်တာကိုလည်း ဆိုလိုပါတယ်။ ( သတ္တိကြောင်ပြီး မပြောရဲမဆိုရဲမို့ ရှက်တာကြောက်တာကိုတော့ ဟိရိသြတ္တပ္ပကို မသုံးပါဘူးတဲ့။
(ပါမောက္ခချုပ် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသရဲ့ ကမ္ဘာဦးကလူသားများ၊ ယနေ့ကမ္ဘာရဲ့ မနက်ဖြန်တရားများ နာကြည့်ပါ။ http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm) လူသားများ သက်တမ်း အနှစ်ရှစ်သောင်းတန်းမှ အသက်တစ်ရာတန်းသို့ ကျဆင်းလာပုံကို နာကြရမှာပါ။ ဗုဒ္ဓသည် နှိမ်ခြင်း ခွဲခြားခြင်းမရှိ တစ်ခွန်းတည်းသော ပြောင်းလဲစရာမလိုသော ထာဝရမှန်ကန်သော စကားကိုသာ ဟောကြားခဲ့ပါတယ်။ ဝိသမလောဘနဲ့ မိစ္ဆာရာဂ အဓမ္မရာဂ အကုသိုလ်အလုပ်များကြောင့် သက်တမ်းကျလာပါတယ်။ လိင်တူဆက်ဆံခြင်းတွေက အနှစ်ငါးရာတန်းလောက်မှာ ပေါ်လာပြီး သက်တမ်းထပ်ကျသွားပါတယ်။ မိစ္ဆာရာဂ အဖေနဲ့သမီး အမေနဲ့သား မှားယွင်းစွာ ဖေါက်ပြန်မှုတွေကလည်း သက်တမ်းကျခြင်းထဲ ပါဝင်ပါတယ်။ တဆက်တည်း ပြည့်တန်ဆာဆန်တဲ့ ဂေး (gay) နဲ့ပတ်သက်လို့ တင်ပြချင်တာက (မွေးကတည်းက ဟိုမုန်းပြောင်းလဲခြင်းကြောင့် မိန်းမစိတ် ယောက်ကျာ်းစိတ် ပါလာတာဟာ ရှက်စရာမဟုတ်သလို ရှုတ်ချစရာလည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ အများအားဖြင့် ဘယ်သူမှ မနှိမ်ကြပါဘူး)။ ဒါပေမယ့် လိင်တူဆက်ဆံခြင်းကိစ္စကိုတော့ လက်မခံကြပါဘူး။ တလောက ဟိုတယ်ကြီးတစ်ခုမှာ လွှတ်တော်အမတ်တွေတောင် တက်ရောက်တဲ့ လိင်တူချစ်သူတွေရဲ့ အခမ်းအနားတစ်ခု သတင်းမှာ မြန်မာနိုင်ငံဥပဒေတွေထဲက မှောင်ရိပ်ခိုမှုဟာ သူတို့ကို နှိမ်ထားတာပါတဲ့။ ဒီတော့ သူတို့လိုချင်တာ ဘာလည်း သိသာပါတယ်။ တကယ်တော့ နိုင်ငံရေးသမားတွေက အဲဒီဥပဒေဟာ မဆလခေတ်က သူတို့အတွက် ထုတ်ပြန်ခဲ့တာပါလို့ ပြောထားခဲ့ကြပါတယ်။ ဒီလို လိင်တူချစ်သူဆိုတဲ့ နည်းမမှန် လမ်းမမှန် သဘာဝမကျတဲ့ အပြုအမူတွေကိုလည်း လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး နည်းလမ်းများနဲ့ ထိန်းသိမ်းပေးဖို့ လိုပါတယ်။ နောင်မှာ သူတို့ဟာလည်း တောင်းဆိုလာတော့လာမှာ သေချာပါတယ်။
ဆရာတော် အရှင်နန္ဒမာလာကို နိင်ငံခြားအဘိဓမ္မာသင်တန်းတစ်ခုမှာ ဂေးများက သူတို့ရဲ့လိင်တူချစ်သူဟာ သူတို့နိုင်ငံမှာ ခွင့်ပြုထားကြောင်း တရားဝင်ကြောင်းပြောပြီး စကားစပါတယ်။ ဒါပေမယ့် ဆရာတော်က ဒါဟာ (Wroung practice) မှားယွင်းတဲ့အပြုအမူ မိစ္ဆာရာဂလို့ အခိုင်အမာ ဖြေကြားခဲ့ရပါတယ်။ အဲဒီတော့ ပြည့်တန်ဆာများရော လိင်တူချစ်သူတွေရောအတွက် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကြောင်းကျိုးဆက်သဘောအချက်များ ဘာကြောင့်ဆိုတဲ့ မောင်သွေးချွန်ရေးစာအုပ်ကို ဖတ်ရှုပြီး မိမိတို့ကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ပါစေကြောင်း သံဝေဂပွားများစေကြောင်း ဆန္ဒပြုရင်း မြန်မာလူငယ်မျိုးဆက်လေးများ လမ်းမမှားစေရေးအတွက် သုံးသပ်ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။
မိန်းမလျာ၊ ယောက်ျားလျာ။ ။ ဆေးပညာနဲ့ပြောရင်တော့ ဟိုမုန်းအပြောင်းအလဲကြောင့် ဖြစ်မှာပါ။ (ကံရဲ့အကျိုးဆက် ဆိုတာလည်း စဉ်းစားစရာပါ)။ ဒီဘဝ ယောက်ျားအဖြစ်နဲ့ နေ့ရှိသရွေ့ အချိန်ရှိသရွေ့ မိန်းမများဆီပဲ စိတ်ရောက်နေမယ်။ စိတ်ကစားတိုင်းလည်း သွားရောက်ပြီး စိတ်ကြိုက် ဖျက်ဆီးမှုကို တစ်ယောက်ပြီး တစ်ယောက် ကူးလူး လွန်ကျူးလေ့ရှိမယ်ဆိုရင် လူပြန်ဖြစ်တဲ့ဘဝမှာ ပုံစံကယောက်က်ျား စိတ်ထားကမိန်းမ ဖြစ်လာပြီး မိန်းမလျာဖြစ်ရော။ ဒီဘဝမိန်းမအဖြစ်နဲ့က ယောက်က်ျားလိုချင်စိတ် အားကြီးပြီး တွေ့သမျှယောက်ျားကို ဖြားယောင်းလေ့ရှိတဲ့ မိန်းမများလည်းပဲ နောက်တခါလာတဲ့ဘဝ ယောက်ျားလျာပဲပေါ့။ ဒီနှစ်မျိုးစလုံး စိတ်အာရုံခံစားစဉ်မှာ သူ့ဘက်က စိတ်သွင်း အာရုံခံစားတတ်သူတွေ။
ပြည့်တန်ဆာ။ ။ တဖန် အာရုံခံစားစဉ်မှာရော အာရုံယူ ရှာဖွေစဉ်မှာပါ သူ့ဘက်မှာချည်း စိတ်ပို့လွှတ်ထားသူတွေကတော့ သွားလေပေါ့။ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး သေလွန်ပြီးနောက်တခေါက် လူ့ပြည်ရောက်လာတော့ မိန်းမအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ယောက်ျားတကာတို့ရဲ့ အသုံးတော်ခံ “ ပြည့်တန်ဆာ” ။
ဇိမ်ခေါင်း (ဖါခေါင်း) ။ ။ တဖက်ရှိ မိန်းမများကလည်း နောက်တစ်ခါ လူအဖြစ်ရောက်လာလျှင် ယောက်ကျားအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ဇိမ်ခေါင်းဘဝ၊ ပြည့်တန်ဆာထိန်း၊ သည်နှစ်မျိုးစလုံး သူ့ပစ္စည်းယူပြီး သူ့အကြွေး ဆပ်ရသူတွေပါပဲ။ သားတို့သမီးတို့ သံဝေဂ ယူတတ်ကြပါစေ။
မိန်းမ မဟုတ် ယောက်ျား မဟုတ်။ ။ အာရုံခံစားစဉ်မှာ သူ့ဘက်လည်းစိတ်မပေါက် ကိုယ့်ဘက်လည်း စိတ်မရောက်တတ်ပဲ အတွေ့မှာသာ မျောနေပြီး ခံစားနေတတ်သူတွေ၊ တခါတရံ သူ့ဘက်တလှည့် ကိုယ့်ဘက်တလှည့်နဲ့ အတက်အကျလိုက်ပြီး ခံစားနေသူတွေကတော့ မိန်းမ မဟုတ်၊ ယောက်ျား မဟုတ် ဖြစ်တတ်တယ်။ အပူရှိန်လွန်ကဲပြီး မိုးတစ်ကလေးမှ မကျပဲ သရောခိုင်းနေတယ် ဆိုတာမျိုးပေါ့။
ယောက်ျားတလှည့် မိန်းမတလှည့် ။ ။ အချိုးကျ ပြိုင်တူပေါ်နေလေရဲ့၊ ရေတစ်ရက်ချိုးမှား မိန်းမ၊ လေတစ်ရက်မျိုးကျ ယောက်ကျား။ ဒါမှမဟုတ် တက်စိတ်ပေါ်လာလျင် ယောက်ကျား၊ ကျစိတ်ပေါ်လာလျင် မိန်းမ။ သည်အားလုံးပဲ သူ့ပစ္စည်းချေးငှါးစားပြီး သူ့ပစ္စည်းအတိုင်းပဲ အကြွေးပြန်ဆပ်ရပုံမျိုးပဲ။ ကာမဂုဏ်များ ခံစားရာက အစွဲကြီးစွဲပြီး စွဲရာဘဝ ရောက်ရပုံကိုလည်း ကျိုးကြောင်းပြ ရေးသားတော်မူခဲ့ပါတယ်။ “ ကာမခံစားတုန်းက ကျူးလွန်ပြီးနောက် တစိမ့်စိမ့်တွေး တရေးရေးပေါ်လာပြီး သာယာနေတဲ့ အကျိုးဆက်များအဖြစ် မိန်းမတန်ဆာစွဲ သေတဲ့ဘဝမို့ လာခဲ့ မိန်းမဘဝ၊ ယောက်ကျားတန်ဆာစွဲ သေတဲ့ဘဝမို့ သွားတော့ ပြည့်တန်ဆာဘဝ။ ယောက်ျားက မိန်းမစွဲသေရင်တော့ ယောက်ကျားဘဝနဲ့ မိန်းမစိတ်ပေါ်နေတဲ့ဘဝ၊ ယောက်ကျားစွဲသေတဲ့ မိန်းမကျတော့ မိန်းမစိတ်နဲ့ ယောက်ကျားစိတ်ပေါက်နေတဲ့ ဘဝ။
                          တရုတ်-မြန်မာနယ်စပ်ရှိ ဇိမ်ခန်းတစ်ခုမှ မြန်မာလိင်အလုပ်သမများ

ကဲ… ကောင်းကြရဲ့လား။ သားတို့သမီးတို့။ အတိတ်ကုသိုလ်ကံ အကြောင်းရင်းမှန်ကို သံဝေဂပွားများပြီး စဉ်းစားဆင်ခြင် သုံးသပ်နိုင်ဖို့ စာရေးသူ ဥပမာပြ တင်ပြပါဦးမယ်။ စိတ်စွဲလန်းမှုဟာ နောင်ဘဝ အကျိုးဆက်များ ဖြစ်ပေါ်စေပါတယ်။ ဒါရိုက်တာ တက္ကသိုလ်ကထိက စာရေးဆရာအဖြစ် နာမည်ကြီးခဲ့သူ ဦးဆန်းလွင် ( နောင် အရှင် .. ) ရဲ့ ကိုယ်တွေ့လေးပါ။ ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်းဆိုတဲ့ စာအုပ်ဟာ အလွန်ကျော်ကြားပါတယ်။ ဆရာကြီးဟာ တက္ကသိုလ်ကျောင်းဆရာ ဘဝကထွက်ပြီး ရုပ်ရှင်ဒါရိုက်တာ လုပ်ပါတယ်။ အကယ်ဒမီ ခင်သန်းနုနဲ့တောင် နာမည်ကြီးရုပ်ရှင်ရိုက်လာတဲ့ ထူးချွန်သူပါ။ ဝါသနာပါတဲ့ တပည့်တွေကိုလည်း သရုပ်ဆောင်သင်တန်း ပေးပါတယ်။ ဒီလိုသင်တန်းပေးရင်းနဲ့ ဆရာကြီးဟာ စိတ်ညှိ့ အိပ်မွေ့ချနိုင်တဲ့စွမ်းရည် ပိုင်ဆိုင်တာကိုလည်း အမှတ်မထင် သူ့ဘာသာသိခဲ့ရပါတယ်။
ဆရာကြီးရဲ့တပည့်တွေထဲက တစ်ယောက်ဟာ အမြဲတမ်း မျက်ခမ်းစပ်ဖြစ်နေတာ တွေ့ရပါတယ်။ ကုပေးလည်း ခဏပါပဲ။ ဒီနေ့ကုပြီးပျောက် မနက်ဖြန်ပြန်ဖြစ် ဖြစ်နေတာပါ။ ဒါနဲ့ ဆရာကြီးက သူ့တပည့်ကို စိတ်ညှို့ အိပ်မွေ့ချနည်းနဲ့ စမ်းသပ်ပါတော့တယ်။ သူ့တပည့်က အရင်ဘဝတစ်ခုမှာ ရေလုပ်ငန်းနဲ့ အသက်မွေးပါတယ်။ တစ်နေ့ ရေငုပ်ရင်း ပုလဲတစ်လုံး ရလိုက်ပါတယ်။ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းက ခဏပြပါဆိုပြီး ယူပြေးတော့တယ်။ ပင်လယ်ထဲဆင်းပြေးလို့ အလိုက်မှာ သောင်စပ်ကသဲနဲ့ သူ့သူငယ်ချင်းက သူ့မျက်လုံးကို ပက်လိုက်တဲ့အတွက် မျက်လုံးထဲ သဲဝင်ပြီး မမြင်မစမ်းနဲ့ ပင်လယ်ရေထဲ ဆင်းလိုက်ပါတယ်။ ဒီလိုနဲ့ ရေနစ်သေခဲ့ရပါတယ်လို့ သူ့ဘဝဇာတ်ကြောင်းတစ်ခုကို ပြောပြခဲ့ပါတယ်။ ဆရာကြီးက စဉ်းစားပါတယ်။ မျက်စိထဲသဲနဲ့ပက်တာက သူ့သူငယ်ချင်း။ ကံအကျိုးဆက်အရ ဝဋ်အရ ခံရမှာက သူ့သူငယ်ချင်း။ ဒါပေမယ့် အခု မျက်စိဝေဒနာ အမြဲခံစားနေရတာက သူကိုယ်တိုင်။ ဒီမှာ ထူးခြားချက်ကို တွေ့လိုက်ရပါတယ်။ အဲဒါက စိတ်အစွဲပါပဲ။
သူမသေခင် သူ့မျက်စိထဲသဲနဲ့ အပက်ခံရပြီး ခံရခက်တဲ့ ဝေဒနာတဘက်နဲ့ သေလွန်ခဲ့ရတယ်။ အဲဒီ စိတ်အစွဲဟာ ဒီဘက်ဘဝထိ ပါဝင်လာတာပါ။ အဲဒီတပည့်ကို ဆရာကြီး စိတ်ပညာနဲ့ ကုသလိုက်ပေးပြီးတော့ လုံးဝ ပျောက်ကင်းသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကလေးကိုကြည့်ရင် စိတ်အစွဲဟာ ဒီဘဝမှသည် နောင်ဘဝများသို့တိုင် ကူးစက်အကျိုးပေးလျက်ရှိနေတာ ထင်ရှားနေပါတယ်။ ဒါတောင်မှ ဆရာကြီးရဲ့တပည့်ဟာ အပြုခံရသူပါ။ ကိုယ်တိုင်ပြုလုပ်တဲ့သူဆို ပိုပြီး ဆိုးရွားတဲ့ အကုသိုလ်ကံ အကျိုးဆက်ကို ခံစားရမှာ သေချာနေပါတယ်။ ဒါကြောင့် ဆရာတော်ကြီး ဟောကြားဆုံးမတော်မူတဲ့ ကြောင်းကျိုးဆက်သဘောအရ ယခုဘဝမှာ အထက်ဖေါ်ပြပါ အကုသိုလ်မကောင်းမှုတွေကို စိတ်ထဲစွဲစွဲမြဲမြဲ နေ့စဉ်ပြုနေကြမယ်ဆိုရင်ဖြင့် နောင်ဘဝမှာ ပြည့်တန်ဆာလား ဇိမ်ခေါင်းလား လိင်တူချစ်သူလား တစ်ခုခုတော့ သေချာနေပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများအနေနဲ့ ကံနှင့်ကံအကျိုးကို ယုံကြည်ကြတဲ့အလျောက် အကုသိုလ်ကံများ မကောင်းတဲ့ အမြင်အကြား စိတ်အစွဲများ မဖြစ်ပေါ်ဖို့ သတိနဲ့ မိမိတို့ကိုယ်ကို စောင့်ရှောက်သင့်ကြပါတယ်။
ဒါ့အပြင် သမာအာဇီဝ မဟုတ်တဲ့ မမှန်မကန် မတရားသောနည်းလမ်းများနဲ့ အသက်မွေးဝမ်းကြောင်းခြင်းကိုလည်း ရှောင်ကျဉ်သင့်ကြပါတယ်။ ဘဝသံသရာဆိုတာ ရှိပါတယ်။ မြန်မာအမျိုးသားများကလည်း ရေနစ်သူ ဝါးကူမနှစ်ပဲ မိမိတို့ မြန်မာအမျိုးကောင်းသမီးများကို စောင့်ရှောက်ခြင်း၊ မြန်မာအမျိုးသမီးများကလည်း အမျိုးကောင်းသမီး ပီသအောင် မိမိတို့ကိုယ်ကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုသင့်ကြောင်း အမျိုးဘာသာအတွက် စေတနာကောင်းဖြင့် တင်ပြအပ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာများ ၀င့်ထယ်နိုင်ကြပါစေ။
အားလုံးပဲကျေးဇူးတင်ပါတယ်...ဖိုးတရုပ်ကင်းဘလောက်ကနေ ကူးယူတင်ပြပေးတာ။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်