သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 14 February 2013

တာဝန်ရှိသူများ-တာဝန်သိတတ်ကြပါစေ ဆောင်းပါးလေးတစ်ခု


     ရေးမယ်ရေးမယ်နဲ့ အကြောင်းကြောင်း ကြောင့် မရေးဖြစ်ခဲ့......2012  -ခုနှစ် ဒီဇင်ဘာလကုန်တဲ့ နေ့ကပေါ့..စာရေးသူ အလုပ်ကိစ္စ နဲ့    ရွှေဘိုခရိုင် ကိုရောက်နေတယ်၊ 2012 ခုနှစ်ကုန်လို့ 2013ခုနှစ်ကို တိုးဝင်တော့မဲ့ ဒီဇင်ဘာလရဲ့ နောက်ဆုံးနေ့ဆိုပါတော့.စာရေးသူအနေနဲ့နှစ်ဟောင်းကုန်လို့နှစ်သစ်စတဲ့နေ့တွေမှာ



  •  ကောင်းမှုတစ်ခုကုသိုလ်ပြုလေ့ပြုထရှိတာမို့ ရွှေဘိုခရိုင်ကိုရောက်တုံး
  •  ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ ရှိတဲ့ ငါးတင်းကြီးကျေးရွာကို သတိရလိုက်မိတယ် ။   



    1.    ငါးတင်းကြီးကျေးရွာဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မှာရှိပြီး- ခင်ဦးမြို့ရဲ့ အရှေ့ဘက် 12 မိုင်အကွာ-မင်းဝံတောင်စွယ်ကုန်းထိပ်ပေါ်မှာ တည်ရှိပါတယ်-အလွန်ကြမ်းတမ်းတဲ့ လမ်းတွေကို စာရေးသူရဲ့ကားလေးနဲ့ ခက်ခဲစွာ ဂရုစိုက်မောင်းနှင်ရင်း-ငါးတင်းကြီးကျေးရွာအုပ်စု-ငါးတင်းကြီးကျေးရွာကို ညနေပိုင်းမှာ ရောက်သွားခဲ့တယ်။
    2. ငါးတင်းကြီးကျေးရွာကို ရောက်ပြီဆိုတာနဲ့ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးတော်များကို အနီးကပ်ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အုတ်ဖိုဠ်ကျောင်းဟောင်းတိုက်-သမိုင်းသစ်အုပ်ကျောင်းကိုတန်းသွားခဲ့ပါတယ်၊ 
    3.  
    4. ဘုန်းတော်ကြီးကျောင်းကိုရောက်တော့ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဇနိတသာရ ဆရာတော်ကို ဦးသုံးကြိမ်ချပြီး စာရေးသူရောက်လာရခြင်းရည်ရွယ်ချက်ကိုလျှောက်ထားပါတယ် ၊ဆရာတော်ကလည်း ဒကာကြီးရဲ့၇ည်ရွယ်ချက်ကကောင်းတယ် လို့ မိန့်တော်မူပါတယ် ၊ ဆရာတော်က ဒကာကြီးနဲ့တွေ့ရတာအတော်ဘဲ လို့ အစချီပြီး-2012 ခုနှစ် နိုဝင်ဘာလ 11 ရက်မှာ တုန်လှုပ်ခဲ့တဲ့ ရွှေဘို မြေငလျှင်ကြောင့် ရှေးဟောင်းသမိုင်းဝင်
    5.  စေတီတော်များနဲ့ ကျောင်းအတွင်းထိခိုက်ပျက်စီးမှုများကို အသေးစိတ်မိန့်တော်မူပါတယ် ။
    6. စာရေးသူလဲဆရာတော်ခေါ်ရာကိုလိုက်ပါလို့ ဆရာတော်ရဲ့ ကျောင်းတိုက်အရှေ့ဖက်မှာတည်ရှိနေတဲ့ ရှေးဟောင်းသမိုင်းဝင် လစင်္ကြာ ၊ ဝစင်္ကြာ ၊ ငြိမ်းချမ်းစင်္ကြာ စေတီတော် သုံးဆူမှာ မြေငလျှင်ဒဏ်ကြောင့် ပျက်စီနေမှုများကို ကြေကွဲဖွယ်ရာ မြင်တွေ့လိုက်ရပါတယ် ။
    7. ရှေးဟောင်းသမုင်းဝင်စေတီတော်သုံးဆူမှာ တောင်-မြောက် တန်းလျှက်တည်ရှိပါတယ် ။ တောင်ဘက်အစွန်ဆုံးမှာ တည်ရှိနေတဲ့ အေဒီ1275 က ရှေးဟောင်းသမိုင်းဝင် လစင်္ကြာစေတီတော်ကြီးမှာ ငလျှင်ဒဏ်ကြောင့် ပစ္စယာများ အက်ကွဲကုန်ပြီး စေတီတော်ရဲ့ စိန်ဖူးတော်မှာလဲ မြေခခဲ့ရတာကိုတွေ့မြင်ရပါတယ် ။ မြောက်ဘက်အစွန်ဆုံးမှာတည်ရှိတဲ့အေဒီ 1280 ကရှေးဟောင်းသမိုင်းဝင် ငြိမ်းချမ်းစင်္ကြာ စေတီတော်မြတ်မှာလဲ ဖိနပ်တော်နဲ့ ပလ္လင်တော် အက်ကွဲကာ စိန်ဖူးတော်မှာလဲ မြေခခဲ့ရပါတယ် ။ အလည်မှာတည်ရှိနေတဲ့ အေဒီ 1143 က ဝစင်္ကြာစေတီတော်မြတ်မှာလည်း လေးဘက်လေးတန်မှ ပစ္စယာများ အက်ကွဲကုန်ပြီး ကြာမှောက်များကွာကျခဲ့ပါတယ် ၊ အောက်ဆုံးသုံးခုမြောက်ဖောင်းရစ်အထက် ပတ်ပတ်လည်မှာ လည်း ကွဲအက်ပျက်စီးကုန်ပြီး စိန်ဖူးတော်မှာလည်း မြေသို့ခခဲ့ရကာ ပျက်စီးမှုအများဆုံး ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူအဖြစ် တွေ့မြင်ခဲ့ရပါတယ် ။
    8. အလားတူ ဆရာတော် သီတင်းသုံးတဲ့ ကျောင်းတိုက်မှာလည်း သံမံတလင်းများ နဲ့ ကျောင်းနံရံများ အက်ကွဲကုန်ကြပြီး ဘုန်းတော်ကြီးသုံး ကုဋေအမိုးများ ကျိုးပဲ့ကွာကျနေပါတယ်    ဒေသခံမျိုးဆက်သစ်ကလေးများ ပညာသင်ကြားနေတဲ့ စာသင်ဆောင်များရဲ့ အောက်ခြေ ကွဲအက်ပျက်စီးကုန်ပြီး ကျောင်းသားအိမ်သာ ငါးခန်းတွဲမှာလဲ အက်ကွဲပျက်စီးကုန်တာကို တွေ့ခဲ့ရပါတယ် ။
    9. စာရေးသူက ဆရာတော်ကို ဒီလောက်တန်ဖိုးကြီးတဲ့ရှေးဟောင်းသမိုင်းဝင်စေတီတော်တွေပျက်စီးပြီးနိုင်ငံအတွက်လဲ လိုအပ်နေတဲ့-နိုင်ငံတော်ကလည်းအဓိကထားအားပေးနေတဲ့ ပညာသင်ကြားရေးအဆောက်အဦးတွေ ပျက်စီးခဲ့တာကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတွေဆီ သတင်းပို့ တင်ပြမှုတွေဆောင်ရွက်သင့်ကြောင်း လျှောက်ထားတဲ့အခါ ဆရာတော်က- " ဘုန်းကြီးတို့ ရွာအုပ်ချုပ်ရေးမှုးကို သူ့ရဲ့ အထက်အဖွဲ့အစည်းတွေက ရွာမှာ ငလျှင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှု စာရင်းတွေတောင်းတဲ့အခါ ရွာအုပ်ချုပ်ရေးမှုးက ငလျှင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ဘူးလို့ ပြန်လည်ဖြေကြားခဲ့ဆိုဘဲ" လို့ သရော်ပြုံးလေးနဲ့မိန့်ရှာပါတယ် ။ စာရေးသူရဲ့ ရင်ထဲမှာတော့ တာဝန်ရှိသူရဲ့ တာဝန်မသိမှုကို ကြားသိလိုက်လို့ မိမိတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် လွန်စွာ စိတ်မကောင်းဖြစ်လိုက်ရပြန်ပါတယ် ။ 
    10. ဒါနဲ့ စာရေးသူလဲငလျှင်ဒဏ်ကြောင့်တန်ဖိုးကြီးမားတဲ့ ရှေးဟောင်းသမိုင်းဝင်စေတီတော်များ ပျက်စီးမှုတွေနဲ့ နိုင်ငံတော် အကြီးအကဲများ အလွန်အလေးထားတဲ့ ဒေသခံမျိုးဆက်သစ် ကလေးငယ်များ ပညာသင်ကြားရေး အဆောက်အဦးများ ပျက်စီးမှုတွေကို ဓာတ်ပုံရိုက်ပြီး ခရိုင်နှင့်တိုင်းဒေသကြီးအပြင် သက်ဆိုင်ရာ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ ဓာတ်ပုံနှင့်တကွ စာရေးတင်ပြဖို့ အကြံပြုခဲ့ပါတယ် ။စာရေးသူလဲ နှစ်သစ်မှာ ကောင်းမှုကုသိုလ်ပြုဖို့ ဆရာတော်ရဲ့ကျောင်းမှာ ညအိပ်ခဲ့ပါတယ် ။
    11. 2012ခုနှစ်ကုန်တဲ့ည 12 နာရီထိုးတာနဲ့ 2013 ခုနှစ်ကို တိုးဝင်စမှာဘဲ စာရေးသူလဲ ရှေးဟောင်းသမိုင်းဝင် စေတီတော်များဆီကို သွားရောက်ဖူးမျှော်ပြီး စာရေးသူရဲ့ ပြန့်လွင့်နေတဲ့ စိတ်တွေကို စုစည်းနိုင်ဖို့ စေတီတော်များကို မျက်နှာမူကာ တရားထိုင်မိပါတယ် ။မျက်စေ့ကိုမှိတ် နှာသီးဖျားမှာ တို့ထိနေတဲ့ ဝင်လေထွက်လေကိုမှတ်ခါ ကစဉ့်ကလျား စိတ်တွေကို စုစည်းနိုင်အောင်ကြိုးစားခဲ့ပေမဲ့ စာရေးသူရဲ့ စိတ်တွေကမငြိမ်-ငလျှင်ဒဏ်ကြောင့်ပျက်စီးနေမှုတွေဆီကိုသာ အာရုံရောက်နေပါတယ်။
    12. စာရေးသူရဲ့စိတ်တွေက အဆိုပါရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်တွေကို ခက်ခက်ခဲခဲ ပြန်လည်ထိန်းသိမ်းခဲ့တဲ့-အဲဒီတုန်းကယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးစိုးညွန့်(မဟာကဗျာ သရဖူဘွဲ့၊စာပေပါရဂူဘွဲ့  HE Dr ထီလာစစ်သူ ရဲ့ မျက်နှာပုံရိပ်ကို ထင်ထင်ရှားရှား မြင်နေရပြန်ပါတယ် ။ဒုဝန်ကြီး ဦးစိုးညွန့် (ကဗျာဆရာကြီး ဒေါက်တာထီလာစစ်သူ)ဟာ အဆိုပါရှေးဟောင်းသမိုင်းဝင် စေတီတော်များ ထိန်းသိမ်းမှု လုပ်ငန်းများကို 1994-95 ခုနှစ်ခန့်က အောင်မြင်စွာဆောင်ရွက်ထိန်းသိမ်းနိုင်ခဲ့ပါတယ် ။
    13. ယဉ်ကျေးမှုဒုတိယဝန်ကြီးရဲ့ လမ်းညွှန်မှုနဲ့ မန္တလေးမှာရုံးစိုက်တဲ့ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှုးနဲ့ ရှေးဟောင်းသုတေသန ပညာရှင်များက နှစ်ကြိမ်တိုင်တိုင် လမ်းကြမ်းတွေကို ခက်ခဲစွာဖြတ်သန်းပြီး ငါးတင်းကြီးကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးကာ ရာစုနှစ်တွေ တွက်ချက်လို့ ရှေးဟောင်းသမိုင်းဝင်စေတီတော်များ ဖြစ်ကြောင်းအသိအမှတ်ပြုပြီး ဘဏ္လာငွေများ ချပေးလို့ အောင်မြင်စွာပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပါတယ် ။
    14. ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်များ ပြန်လည်ထိန်းသိမ်းရာမှာ အနီးကပ်ပံ့ပိုးကူညီခဲ့တဲ့ သမိုင်းသစ်အုဠ်ကျောင်းဆရာတော် အနေနဲ့ ဒေသခံရွာသူရွာသားများရဲ့ သားသမီးများ-မိမိတို့နိုင်ငံရဲ့မျိုးဆက်သစ်ကလေးငယ်များရဲ့ ပညာရေးအတွက်လဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်မြောက်အောင် စီမံဆောင်ရွက်ကာ ကလေးငယ်များရဲ့ပညာရေးကို ယနေ့အထိ အခက်အခဲတွေ၊လိုအပ်မှုတွေကြားမှ မလျော့သောဇွဲနဲ့ ကျောင်းသား ၂၀၀ ကို ပညာသင်ကြားပေးလျှက်ရှိနေတာတွေကိုလည်း တွေ့မြင်ရပါတယ် ။
    15. စာရေးသူလည်း ပြန့်လွင့်နေတဲ့စိတ်တွေကို တစ်နေရာထဲမှာ စုစည်းနိုင်ဖို့ တရားမှတ်တရားထိုင်လို့မရတော့ဘဲ ငလျှင်ဒဏ်သင့်ကာ ပျက်စီးနေရှာတဲ့-အလွန်တန်ဖိုးကြီးတဲ့ ရှေးဟောင်းသမိုင်းဝင်စေတီတော်များကို ဦးသုံးကြိမ်ချကာ စိတ်မချမ်းမြေ့စွာနဲ့ ဆရာတော်ကျောင်းဆီကို ပြန်လျှောက်လာခဲ့ပါတော့တယ်။
    16. အရုံတက်ချိန်မှာတော့ စာရေးသူရဲ့ နှစ်သစ်ကူး အလှူပွဲလေးကို အကျဉ်းရုံးပြုလုပ်ကာ ရေစက်သွန်းချအမျှပေးဝေနေစဉ်မှာပင် ရှေးဟောင်းသမိုင်းဝင်စေတီတော်များရဲ့ တန်ဖိုးကိုသိလို့ တန်ဖိုးရှိအောင် ပြန်လည်ထိန်းသိမ်းပေးခဲ့တဲ့ ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးစိုးညွန့်ရဲ့ မျက်နှာရုပ်ပုံလွှာကိုမြင်နေရပြန်ပါတယ် ။
    17. အော်...အခုတော့ တာဝန်ရှိပြီး တာဝန်သိတဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးညွန့်(ကဗျာဆရာကြီး ဒေါက်တာထီလာစစ်သူ)တစ်ယောက်သာရှိနေခဲ့ရင် ဘယ်လောက်များစိတ်ထိခိုက်ရှာမလဲလို့ ကြေကွဲလွမ်းဆွတ်စွာ တွေးမိပါတယ်။
    18. စာရေးသူလည်း နှစ်သစ်ကူး ကောင်းမှုအလှူဒါနလေးပြီးလို့ ဆရာတော်ကို ဦးသုံးကြိမ်ချကာ-ကဗျာဆရာကြီး ဒေါက်တာထီလာစစ်သူ -ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးညွန် လိုတာဝန်ရှိကြသူများ အမိမြန်မာနိုင်ငံအနာဂတ်အတွက် တာဝန်သိတတ်ကြပါစေလို့ ဆုတောင်းလိုက်မိပါတော့တယ် ။
    ဒီဆောင်းပါးလေးကို မန္တလေးမှ (ကလောင်သစ်-သဘာဝရသ)-မနီနီမှ ကိုယ်တိုင်ရှာဖွေ
  •  ရေးသားပြီး-မေးလ်လိပ်စာဖြင့်လာရောက်ပေးပို့ တင်ပြသွားပါတယ်....
  •                                         
  •                                                               
  • 1 comment:

    1. တာဝန်ရှိသူများ-တာဝန်သိတတ်ကြပါစေ ဆောင်းပါးလေးတစ်ခု ...ဆိုသော
      ဆောင်းပါးပိုင်ရှင်အားကျေးဇူးတင်ပါတယ် အောင်မြင်ပါစေဗျာ...
      ကိုဂေါ်လီ

      ReplyDelete

    နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

    Blogger Tips and TricksLatest Tips For BloggersBlogger Tricks

    ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်