သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 17 February 2013

ကွန်ပျုတာတွင်Windows explorer has stopped working..ဆိုပြီးတော့.တက်လာတာကို ဖြေရှင်းနည်း နှစ်နည်း

ကိုဂေါ်လီရဲ့ စာဖတ်ပရိတ်သတ်များအားလုံးမင်္ဂလာပါဟု ကိုဂေါ်လီ၏် တပည့် ညီမငယ် မနွယ်နီထွန်းမှ
နုတ်ခွန်းဆက်လိုက်ပါတယ်...ကျွန်မတို့  အကိုကြီးကိုဂေါ်လီလည်း အလုပ်တစ်ဖက်နှင့်  မအားလို့ ဒီဘလောက်ကလေးအား ကျွန်မတို့  ဘလောက်ဂါအဖွဲ့ မှဆက်လက်ပြီးတင်ပြပေးသွာပါမယ်..
     အခုရေးသားတင်ပြမှာကတော့  ကွန်ပျုတာတွင် ဖြစ်ပေါ်နေသောပြသနာ တစ်ခုအားဖြေရှင်းနည်း
နည်းပညာကို ကိုယ်တိုင်လက်တွေ့ ဖြစ်ခဲ့ ရပြီး ရရှိလာသော မှန်ကန်သော နည်းပညာတစ်ခု
စာဖတ်ပရိတ်သတ်အားလုံးဝေမျှတင်ပြရေးသားပေးလိုက်ပါတယ်ရှင်...
မိကိုင်ဆောင်တဲ့  ဝင်းဒိုးပေါ်မှုတည်ပြီးအထက်ပါပုံတွေအတိကျပြထားပါတယ်..
ဖြစ်စဉ်ကတော့  ကျွန်မတို့ ကိုဆောင်နေတဲ့ စက်လက်ပ်တော့  Asus Window 7 -I -5 ပါ အင်မတန်ကောင်းတဲ့ အလယ်လတ်တန်းစားလို့ ပြောလို့ ရပါတယ်..Dell အမျိုးစားကိုယှဉ်နိုင်သလောက်ပါပဲ မြန်မာပြည်ကိုခေတ္တပြန်ရောက်တုန်း အင်တာနက်ဆိုင်မှဝိုင်ဖိုင်ချိတ်သုံးမိပါတယ်..ပုံမှန်တော့ မသိပေမဲ့  အခြားကိစ္စဒေတာတွေသုံးရန်အတွက်
memory stick အား စက်၏ U.S.B အပေါက်မှထိုးသွင်းပြီးမိမိ လိုအပ်သော Document တစ်ခုအားဖွင့် လိုက်ရာ..
အထက်ပါ ပရိုဂရမ်တစ်ခုတက်လာပါတယ် ဥပမာပေါ့ နော် mp4 လေဒီဂါဂါသီချင်းလေးအား ဖွင့် လိုက်ရာ
အထက်ပါ ပရိုဂရမ်တာက်လာပြီး ဆက်လက်ဖွင့် ပါက ဝင်းဒိုးတန်းကျသွားသည် ။အခြားအရာများစမ်းသပ်ရာလည်း ထိုကဲ့ သို့ ဖြစ်၍နေသည်..ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းသာလမ်းမှ ဆားဗစ်စင်တာများသွားပြရာ မည်သူမျှအတိကျမလုပ်နိုင်ခြင်း ။ဝင်းဒိုးဖော်မက်ချရမည် ၃ဆိုင်လောက်ခန့်  ထိုကဲ့ သို့ ပြောပြအချိန်သာကုန်ခဲ့ ရပါသည်။စက်စမ်းသပ်ခလည်း၅ထောက်နီးပါးပေးရပြီး ပိုက်ဆံနှမျောလို့ မဟုတ်ပါ...ဒီကြားထဲမှာ
မရေမရာ ဆော့ ဖ်ဝဲလ်များတင်ပေးလိုက်သည်။အားနာမျှ၍သာ ပြန်လာခဲ့ ပြီး ရီချင်စိတ်ပေါက်နေသည် 
ဒုံရင်းကဒုံရင်းပါပဲ
မြန်မာပြည်က ဘယ်လိုကဘယ်လို လုပ်ပြီးပြင်စားနေလည်းမသိ အနူတောလူချော မဖြစ်စေရန် မတော်လို့ ကွန်ပျုတာပညာနှင့် နိုင်ငံခြားမှာလာလုပ်စားယင် လေ့ လာဘို့ အများကြီးရှိပါသေးတယ်လို့ 
တစ်ခါတည်းမှာလိုက်ပါရစေ နို့ မို့ ...သိပါတယ်ဒီကလူတွေကအတိကျတွေပါ၊
ကိုဂေါ်လီထံကို မေးဖြင့် ချက်ခြင်းလှမ်းမေးလိုက်ရာ...
ငါတို့ တွေလည်းဒီမှာ ခနခနကြုံရတယ် ကွန်ပျုတာတိုင်းလိုလိုပဲ Memory Stick မှာအွန်လိုင်းကနေဆော့ ဖ်ဝဲလ်တွေ အဖုံဖုံကူးယူသိမ်းထားယင်း အခြားသော ကွန်ပျုတာများတွင်တပ်ဆင်အသုံးပြုသောအခါ သူတို့ စက်တွေမှ Trojan - Malware Virusတွေရှိနေတာတွေ ကပ်တွယ်ညှိပါလာခြင်းဖြစ်ပြီး မိမိစက်တွင် ပြန်လည်တပ်ဆင်အသုံးပြုသောအခါ
ယခုကဲ့ သို့ ဖြစ်ရခြင်းဖြစ်ပြီး.မိမိစက်မှာ ပိုက်ဆံနှင့် ကာကွယ်ပေးထားသော Anti Virus သက်တမ်းကုန်ဆုံးနေခြင်း Update ဆက်မလုပ်ထားခြင်းကြောင့် ဖြစ်တပ်လေ့ ရှိတာတွေသိရှိရပါတယ်
ကိုကြောင့် ကိုဂေါ်လီမှ သူဖတ်ရှု့ မိသောစာအုပ်ထဲမှနည်းပညာပေးပို့ လိုက်ပြီးအဆင့်ဆင့် ပြုလုပ်ရာ
အောင်မြင်ခဲ့ ၍ အခုမလေးရှားကိုပြန်ရောက်တဲ့ အခါ ဒီနည်းလေးကိုလာရောက်တင်ပြသွားပါတယ်
ကိုင်းစလိုက်ရအောင်နော်
Registry ထဲမှာ ၀င်ပြင်မှာဆိုတော့ ..Window+R ကိုနှိပ်ပြီး. regedit ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ..

အထက်ပါပုံကလေးပေါ်လာပါမယ်.အောက်မှရှင်းလင်းတင်ပြထားသော 

စာအတိုင်းအဆင့် ဆင့် ဆက်လက်ဆောင်ရွက်ပါ



Computer သုံးနေရင်းနဲ့....Box တစ်ခုတက်လာတယ်.......
Windows explorer has stopped working..ဆိုပြီးတော့.........
ဖြေရှင်းနည်းကတော့ နှစ်နည်းရှိတယ်.......
ကျွန်တော်ပထမနည်းဖြစ်တဲ့.Registry Editor ကနေ ဖြေရှင်းနည်းကိုပြောပြပေးသွားပါ့မယ်........

Registry ထဲမှာ ၀င်ပြင်မှာဆိုတော့ ..Window+R ကိုနှိပ်ပြီး. regedit ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ..

Editor ပေါ်လာရင်တော့ HKEY_LOCAL_MACHINE ကိုသွားပါ...

ကျွန်တော် မြှားပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်နော်...

HKEY_LOCAL_MACHINE >>>Software>>>>Microsoft>>>>Window

Window အောက်က Current Version.....နောက်...Explorer...........
Explorer အောက်က Browser Helper Objects ကို
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။

ပြီးရင် Yes....... Okie Dokie ပေါ့ဗျာ......
ပြီးရင် စက်ကို Restart တစ်ခေါက်ချပေးလိုက်......
အဲ့ဒီ Box ကြီး တွေ့ချင်ပါတယ်ဆိုတာတောင် မတွေ့ရဘူး.... :) 

နည်းကတော့ တိုပေမဲ့ တန်ဘိုးရှိတယ်......
မင်္ဂလာပါရှင် မနွယ်နီထွန်း ခေတ္တမလေးရှား သတင်းနှင့် နည်းပညာ..







No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်