သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 5 February 2013

ကမ္ဘာ့ အင်တာနက် အမြန်ဆုံးနှုန်းရရှိသည့်နိုင်ငံများစာရင်း ထုတ်ပြန်


Bloomberg.com မှ ထုတ်ပြန်သည့် စာရင်းအရ ယမန်နှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကမ္ဘာ့အင် တာနက် ဆက်သွယ်မှု အမြန်ဆုံးနှုန်း ဖြင့်အသုံးပြုနိုင်သည့် နိုင်ငံ ၁၀ နိုင်ငံစာရင်း ထွက်လာပြီဖြစ်သည်။ 
ကမ္ဘာ့အင်တာနက်အမြန်ဆုံး အသုံးပြုနိုင်သည့် နိုင်ငံများမှာ အစဉ် လိုက်အားဖြင့် ဟောင်ကောင်၊ တောင် ကို ရီးယား၊ ဂျပန်၊ လက်ဗီးယား၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်၊ ဘူလ်ဂေးရီးယား၊ အစ္စရေး၊ စင်ကာပူနိုင်ငံများဖြစ်ပြီး၊ အမေရိကန်နိုင်ငံသည် အဆင့် နံပါတ် ၁၄ တွင်ရှိပြီး၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သည် အဆင့် ၁၂၃ တွင်လိုက်သည်။
ကမ္ဘာ့အဆင့် တစ် အင်တာနက်အမြန်ဆုံး အသုံးပြုနိုင်သည့် ဟောင်ကောင်တွင် လူဦးရေ အချိုးအစား အလိုက် အင်တာနက်အသုံး ပြုနိုင်ရေးအတွက် အစိုးရအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုဖြစ်စေ ရန် စီစဉ်ပေး ထားပြီး၊ ဆင်ဆာဖြတ်တောက်မှုများလည်း မရှိပေ။
ဟောင်ကောင်နေပြည်သူများ အင်တာနက်အသုံးပြုနိုင်သည့် အမြန်နှုန်းမှာ ပျမ်းမျှ တစ်စက္ကန့်လျှင် ၅၄ ဒသမ ၁ မီဂါဘစ် (54.1 megabits) နှုန်းဖြစ်သည်။ 
ထိုနှုန်းဖြင့် အဆင့်မြင့် HD ဗီဒီယို ရုပ်ရှင်ဇာတ်ကားတစ်ကားအား အင်တာနက်မှ download ချယူမည် ဆို လျှင် အချိန် ၄ မိနစ်သာကြာမည်ဖြစ်သည်။
အင်တာနက်အမြန်နှုန်းအလိုက် တောင်ကိုရီးယားတွင် 48.8 megabits ၊ ဂျပန်တွင် 42.2 megabits ၊ လက်ဗီး ယား တွင် 37.5 megabits ၊ ရိုမေးနီးယားတွင် 37.4 megabits ၊ ဘယ်လ်ဂျီယမ်တွင် 32.7 megabits ၊ ဆွစ်ဇာလန်တွင် 29.6 megabits ၊ ဘူလ်ဂေးရီးယား တွင် 32.1 megabits ၊ အစ္စရေးတွင် 30.9 megabits နှင့် 15.9 megabits အသီးသီးဖြစ်ကြသည်။
Credit : www.maukkha.org
http://www.maukkha.org/index.php/news-menu/international-news-maukkha/2938-2013-01-29-04-16-51

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်