သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 4 February 2013

မလေးရှား တွင် ပင်လယ် မျှော့ စားပြီး လူ ၂ ဦး သေဆုံး



Sabah’ ပြည်နယ် မြောက်ပိုင်း Kudat ခရိုင် အတွင်းရှိ အမျိုးသား နှစ်ဦး ပင်လယ် သခွားသီး လို့ အမည် ရတဲ့ sea cuc umber မျှော့ကို စားပြီး သေဆုံး ခဲ့ကြောင်း ယနေ့ Star Online သတင်း ဌာနမှာ လူဖတ် အများဆုံး သတင်း အဖြစ် တွေ့ရှိရကြောင်း အသိပေး ရပါတယ် ။

ပြည်နယ် ငါးဖမ်း လုပ်ငန်း ဦးစီးဌာနရဲ့ ဒါရိုက်တာ Rayner Stuel Galid ပြောကြားမှု့အရ အဆိုပါ ဟင်း စားပြီး သေဆုံးသူ ၂ ဦး မှာ ပင်လယ်ဆိပ် တက်မှု့ တစ်မျိုးဖြစ်သော RED TIDE ခေါ် ဒီရေနီ ဆိပ်တက်သည့် လက္ခနာများ နှင့် သေဆုံး ခဲ့ရတာ ဖြစ်ကြောင်း ထုတ်ပြန် ကြော်ငြာ ခဲ့ပါတယ် ။

အဆိုပါ Sea Cuc umber ပင်လယ် မျှော့များ မလေးရှား နိုင်ငံ ဈေးကွက် အတွင်း မှ ဖယ်ရှားပစ်ဖို့ နဲ့ စားသုံးမှု့မပြုကြရန် ကိုလဲ ယနေ့သတင်းစာ များမှာ ကြော်ငြာ ထားကြောင်း သိရှိ ရသည်။
အဆိုပါ ပင်လယ်မျှော့ ဖြန့်ဖြူး ရောင်းချတဲ့ ကုမ္ပဏီ ကတော့ မျှော့ကိုက အဆိပ် သင့်နေတာကို တွေ့ရှိ ရကြောင်း ပြောကြား သွားပါတယ် ။

အသက် ၅၁ နှစ် နဲ့ ၅၄ နှစ်ရှိတဲ့ အမျိုးသား ၂ ဦးကတော့ အဆိုပါ Sea Cucu mber ကိုစားပြီး ပြီးခဲ့တဲ့ ကြာသာပတေး နေ့က Queen Elizabeth ဆေးရုံ တွက် သေဆုံး ခဲ့ကြောင်း ၊ စားသုံးသူ ၆ ဦး အတူတူ စားသုံး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသား ၂ ဦးမှာသေဆုံးကြောင်း ထုတ်ပြန် ကြော်ငြာခဲ့သည် ။

အဆိုပါ အမျိုးသား ၂ ဦးလုံး အဆိပ်သင့် ပြီးကတည်းက မထနိုင်ပဲ လဲနေပြီး အံခြင်း ၊ ထံထိုင်းခြင်း ၊ အသက်ရှုခက်ခြင်း စတဲ့ လက္ခဏာများ ဖြင့် နောက်ဆုံး သေဆုံး ခဲ့ရကြောင်း နဲ့ အခြားစားသုံး သူ နောက်ထပ် ၂ ဦးမှာလဲ ဆက်လက် ဆေးကုသနေရဆဲဖြစ်ကြောင်း ကိုလည်း အများကို ထုတ်ပြန် သတိပေး ကြော်ငြာခဲ့ ပါသည် ။

အဆိုပါ အနက်ရောင်ပေါ်မှာ ခရမ်းရောင် အပျောက်များပါတဲ့ ပင်လယ် သခွား မျှော့ကို ကူဒတ် ရဲ့ မရူဘူ ပင်လယ်ကွေတစ်ဝိုက်မှာ ဖမ်းဆီးနိုင်ပြီး အဆိုပါ နေရာတွင် ကနဦး ကတည်းက လူ ၂ ဦး ပင်လယ် ဒီရေနီ အဆိပ်သင့်ပြီး သေဆုံးခဲ့ဘူးကြောင်းကိုလဲ ဆက်လက်ဖော်ပြသွားခဲ့ပါသည် ။

ပင်လယ်သခွားသီးလို့ခေါ်တဲ့ နာမည်ကျော်စားစရာ မျှော့တမျိုးမလေးရှားနိုင်ငံမှ အဆိပ်သင့်ခဲ့သော Sea Cuc umbe ပုံ (မစားရန်တားမြစ်ထားသော မျှော့များ)

အဆိုပါ ပင်လယ်ဒီရေနီ မှာ သဘာဝအတိုင်းတည်ရှိနေတဲ့ အဆိပ်ဖြစ်ပြီး ပင်လယ်ရေငြှိများမှ စွန့်ထုတ်လိုက်တဲ့ အဆိပ်ကြောင့် ဖြစ်ကြောင်း နဲ့ ပင်လယ်နဲ့ ထိတွေ့လုပ်ကိုင်သူများအတွက် အန္တရယ်ရှိစေတဲ့ အရာဖြစ်ကာ သတိထားရှောင်ကျဉ်ရမည့်အကြောင်း သတင်းစာ တွင်း ထည့်သွင်း ရေးသား ခဲ့သည်။

 Channelnewsmyanmar သတင်းဆိုက်မှ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်