သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 21 February 2013

ထိုင်းကိုယှဉ်နိုင်ရန် ၁၀ နှစ်ကြိုးစားရမည်ဟု မြန်မာ အသင်းနည်းပြချုပ် ပြောကြား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ထိုင်း
အသင်းကို ယှဉ်နိုင်ရန် အနည်းဆုံး ၁၀ နှစ်ခန့် ကြိုးစား
ရလိမ့်မည်ဖြစ်ကြောင်း မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဝါက ပြောကြားသည်။


“တစ်ပတ်၊ နှစ်ပတ်လောက်လေ့ကျင့်ယုံနဲ့ ထိုင်းအသင်းကို အနိုင်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ထပ် ၅ နှစ်လေ့
ကျင့်မယ်ဆိုရင် ထိုင်းကို မယှဉ်နိုင်ဘူး။ ၁၀ နှစ်လောက်
လေ့ကျင့်မှ ထိုင်းအသင်းကို ယှဉ်နိုင်မယ်” ဟု နည်းပြချုပ်က
ပြောကြားသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမားများသည် တောင်ကိုရီး
ယား ကစားသမားများ၏ ၆၀ ရာခိုင်နှုန်းသာ ကြံ့ခိုင်မှုရှိကြောင်း၊
အဆိုပါ ကြံ့ခိုင်မှုဖြင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ အစရှိသော
အသင်းများကို ယှဉ်နိုင်ရန် မလွယ်ကူကြောင်း ပတ်ဆောင်ဝါက
ရှင်းပြသည်။

မြန်မာလက်ရွေးစင်အသင်း အရည်အချင်းပြည့်မီရန်အတွက်
အသက် ၁၀ နှစ်အောက် လူငယ်ကစားသမားများကို အခြေခံမှစ၍ စားသောက်မှုပိုင်း၊ လေ့ကျင့်မှုပိုင်း၊ နည်းစနစ်ပိုင်းမှ အစစအရာရာ ဘက်ဆုံ ဖြည့်တင်းပေးရလိမ့်မည်ဖြစ်ကြောင်း မြန်မာအသင်း
နည်းပြချုပ်က ပြောကြားသည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖိလစ်ပိုင်အသင်းနှင့် ခြေစမ်းပွဲကစားခဲ့ရာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်
ခဲ့ပြီး လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း မလေးရှား
ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားသွားမည်ဖြစ်သည်။

The Myanma Age တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ခြင်းဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်