သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 3 February 2013

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး




ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မထတမ်းကစားခဲ့သည့် လူငယ်တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ်တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်းရပ်ရှိ အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း နှစ်ရက်တိုင် အစာလည်းထမစား တစ်နေကုန်ကစားနေသဖြင့် ထိုသို့ အသက်ဆုံးရှုံးရခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုလူငယ်ကို ဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်းတွင် ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း၊ သူက သွားနှိုးလိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်းလမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံသို့ အမြန်ပို့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးနေပြီဖြစ်သည်။ ရဲတပ်ဖွဲ့မှ ရင်ခွဲရုံသို့ အလောင်းကို ပို့ပြီး သေဆုံးရခြင်းအကြောင်းနှင့်ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊ နာရီပေါင်းများစွာ ခွေခေါက်ထိုင်ပြီး ကစား နေခြင်းကြောင့်အပြင် နှလုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီကလည်း နယူးတိုင်ပေတွင် လူငယ်တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို လက်လှမ်းနေသည့် အနေအထားဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ထိုလူငယ်ကိုလည်း နှလုံးရောဂါ ကြောင့်ပင် သေဆုံးခဲ့ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

Category: မောက္ခနိုင်ငံတကာသတင်း
Published on Sunday, 03 February 2013 03:25
Written by ရွှေမောင်

Credit to : ၊ မောက္ခနိုင်ငံတကာသတင်း
https://www.facebook.com/excellencemedia

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်