သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 5 February 2013

အင်္ဂလန် ဘုရင် ရစ်ချတ် ၃ ၏ ကြွင်းကျန် ရစ် သော အရိုးစု ကို ကားရပ်နားရန် နေရာ အောက်မှာ ရှာတွေ့ 

၁၄ ရာစု နှစ် အင်္ဂလန် ဘုရင် ရစ်ချတ် ၃ ၏ ကြွင်းကျန် ရစ် သော အရိုးစု ကို သိပ္ပံ ပညာရှင် များ က လိုင်ဆက်စတာ တက္ကသိုလ် ပရ၀ုဏ် ထဲရှိ ဂရေး ဖရိုင်ယာ ဘုရားကျောင်း ၏ ကား ရပ်နား ရန် နေရာ အောက် တွင် တွေ့ ရှိ ခဲ့ သည် ဟု The Guardian သတင်းစာ တွင် ဖော် ပြထား သည်။ ၁၄၈၅ ခုနှစ် ဘောစ်ဝတ် စစ်ပွဲ တွင် ကျဆုံး သွား ခဲ့ သည့် ရစ်ချတ် ၃ ဘုရင် ၏ အလောင်း ကို ရှေးဟောင်းသုတေသန ပညာရှင် များ က အင်္ဂလန် နိုင်ငံ အလယ် ပိုင်း လိုင်ဆက်စတာ တက္ကသိုလ် ပရ၀ုဏ် ထဲ တွင် ယခင် နှစ် သြဂုတ် လ က တွေ့ ရှိ ခဲ့ ပြီး DNA နှင့် ကာဗွန် စမ်း သပ် ချက် များ အရ ရစ်ချတ် ၃ ဖြစ်သည် ကို တွေ့ ရှိ ရခြင်း ဖြစ်သည်။ အရိုးစု တွင် စစ်ပွဲ တွင် ရရှိခဲ့ သည့် ဒဏ် ရာ ၊ အနည်းငယ် ခါးဒဏ်ရာ ရှိ သည့် ကျောရိုး နှင့် တင်ပဆုံ ရိုး မှ တစ်ဆင့် ခါး ထိရရှိ ခဲ့ သည့် ဒဏ် ရာခဲ့ သည့် အထောက်အထား တို့  ကို လည်း တွေ့ ရှိရသည်။ ရစ်ချတ် ၃ သည် အသက် ၃၂ နှစ် အရွယ် တွင် ကွယ် လွန် ခဲ့ ခြင်း ဖြစ် ပြီး အင်္ဂလန် ထီးနန်း ကို နှစ် နှစ် သာ စိုး စံ ခဲ့ ရသည်။ DNA စမ်းသပ် ချက် တွင် ရစ်ချတ် ၃ ၏ မျိုးဆက် ဖြစ်သည့် ရစ်ချတ် ၁၇ ၏ သက်ရှိ ထင်ရှားရှိ နေသည့် တူ Michael Ibsen ၏ DNA နှင့် ကိုက်ညီ စစ်ဆေးခဲ့ ခြင်း ဖြစ်သည်။ ရစ်ချတ် ၃ သည်ဘောစ်ဝတ် စစ်ပွဲ တွင် နောက်ပိုင်း တွင် အင်္ဂလန် ပြည့်ရှင်Henery VII ဖြစ်လာ ပြီး ပြုပြင်ပြောင်းလဲ ရေး အချို့  ကို စတင် မည့် Henry Tudor ၏ ထကြွ ပုန်ကုန် မှု ကို နှိမ်နှင်း ရင်း ကျဆုံး ခဲ့ ခြင်း ဖြစ်သည်။ ဟင်နရီ ၇ လက်ထက် မှ စကာ အင်္ဂလန့် ပြည့် ရှင် များ သည် လန်ဒန် ရှိ ၀တ်(စ)မင်နစတာ အက်ဘေး တွင် မြုပ် နှံ သော် လည်း ရစ်ချတ် ၃ မှာ နေ၀င် ဘုရင် အဖြစ် မထင် မရှား ဇာတ် သိမ်း ခဲ့ ရသည်။ အင်္ဂလန် စာဆို ရှိတ်စပီးယား ၏ ၀တ္ထု များ တွင် မူ ရစ်ချတ် ၃ ကို ဗီလိန် တစ်ယောက် အဖြစ် သာ ပုံ ဖော် ခဲ့ သည်။ ရစ်ချတ် ၃ ၏ ဦးခေါင်းခွံ ကို အခြေခံ ၍ အနီးစပ်ဆုံး ပြန် လည် ပုံ ဖော် ထား သည့် မျက် နှာ ကို Society of Antiquaries at Burlington House in Piccadilly, London တွင် ကာလ အကန့်  အသတ် ဖြင့် ပြသထား မည် ဖြစ်သည်။အောက်တွင်ဗွီဒီယိုဖိုင် ပြသထားပါသည်
free doom news group နှင့်  You tube မှရှာဖွေကူးယူတင်ပြပါသည်၊

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်