သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 25 February 2013

မျက်ကပ်မှန်တွင်ရှိသည့် မှိုပိုးကြောင့် မျက်ကြည်လွှာ ပျက်စီးသွားသူ


အသက်၆၂နှစ်အရွယ် ပင်စင်စားအမျိုးသမီး JuneScottဟာ သူမရဲ့ မျက်ကပ်မှန်ကြောင့် မျက်လုံးတစ်ဖက်မှာ ရောဂါပိုးဝင်ရောက်ကာ ဘယ်ဘက်မျက်စိ ကွယ်သွားတယ်လို့ သိရပါတယ်။ သူမရဲ့မျက်ကပ်မှန်က မျက်ကြည်လွှာကို စားသွားတာကြောင့် လို့ဆိုပါတယ်။ သူမအနေနဲ့ မျက်ကပ်မှန်တပ်ပြီးနောက် အလင်းရောင်ကို မမြင်ရတဲ့အတွက် သူမရဲ့မျက်လုံးအတွင်း ဆံစ၀င်နေတယ်ထင်ပြီး ဆေးရုံကို အရေးပေါ်သွားခဲ့ရပါတယ်။ ဆေးရုံမှာ မျက်စဉ်းဆေးတွေ ခတ်ပေးပေမယ့် အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ မျက်စိဆရာဝန်တွေက သူမရဲ့ ဘယ်ဘက်မှာ တပ်ထားတဲ့ မျက်ကပ်မှန်အတွင်း Fusariumခေါ်တဲ့ မှိုပိုးဝင်ရောက် နေတဲ့အတွက် 


မျက်ရည်လွှာကို ဖြတ်တောက်ပစ်ဖို့ ဆေးရုံမှာ သုံးကြိမ်တိုင်တိုင် ခွဲစိတ်မှု ပြုလုပ်ရပြီး ခန္ဓာကိုယ်တွင်း ၀င်ရောက်နေတဲ့ မှိုပိုးတွေကို အကြောတွင်းမှ ဆေးရည်သွင်းကာ ဖယ်ရှားပစ်လိုက် ရတယ်လို့ သိရပါတယ်။ ဂျွန်စကော့အနေနဲ့ အင်္ဂလန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ရုံးပိတ်ရက်အတွင်း စပိန်ကို အလည်အပတ်သွားဖို့ မျက်ကပ်မှန်ကို ဝယ်ထားခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ သူမရဲ့ အမြင်အာရုံပြန်ကောင်းဖို့ တစ်လနီးပါးခန့် ကုသမှုပေးခဲ့ရပြီး သူမအနေနဲ့ ဆေးရုံမှာ သုံးပတ်ကြာ နေထိုင်ခဲ့ရပါတယ်။ နေ့စဉ်နေ့တိုင်း ပဋိဇီဝဆေးသောက် သုံးခဲ့ရကာ မိမိနေထိုင်ရာ အင်္ဂလန်သို့ ပြန်ရောက်ပြီးနောက် သူမအနေနဲ့ မျက်လုံးတု တပ်ဆင်ခဲ့ရပါတယ်။

ပြည်မြန်မာ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်