သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 5 February 2013

ကင်ကျုံအွန်ရဲ့ဖုန်း ဘာအမျိုးအစားလဲ?


Tuesday, February 05, 2013

ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားသတင်းဌာနမှ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတပုံမှာ အစည်းအဝေးတခု တက်ရောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအွန် (Kim Jong-Un) ကိုတွေ့ရပြီး သူ့ရဲ့ဘေးမှာချထားတဲ့ ဖုန်းက ဘာအမျိုးအစားလည်းဆိုတဲ့မေးခွန်းက တောင်ကိုရီးယားမှာ ပေါ်ပြူလာဖြစ်
နေပါတယ်။

ဓာတ်ပုံထဲမှာအနက်ရောက်ဖုန်းတစ်လုံးကိုကင်ကျုံအွန်ရဲ့ရှေ့ကစာရွက်
အပုံဘေးမှာ ချထားတာတွေ့ရပြီး လက်ထဲမှာလည်း ဆေးလိပ်တလိပ်
ကို ညှပ်ထားတာ တွေ့ရပါတယ်။


တောင်ကိုရီးယားမှာ ကင်ကျုံအွန်ရဲ့ဖုန်းဟာ စမတ်ဖုန်းဖြစ်ပြီး Samsung, HTC, iPhone ထဲကတခုခုဖြစ်မယ်လို့ခန့်မှန်းကြပါတယ်။ Samsung
ကတော့ သူတို့ရဲ့ဖုန်း မဟုတ်ဘူးလို့ AFPကိုပြောကြောင်းသိရပါတယ်။

တောင်ကိုရီးယားအစိုးရက အဲဒီဓာတ်ပုံကို သေချာလေ့လာ
ဆန်းစစ်ခဲ့ပြီး HTC ဖြစ်ဖို့များကြောင်း ကောက်ချက်ချပါတယ်။

အီဂျစ်က ဆက်သွယ်ရေးကုမ္ဂဏီဖြစ်တဲ့ Orascom နဲ့ အကျိုးတူပူးပေါင်းမှုဖြင့်
မြောက်ကိုရီးယားမှာ မိုဘိုင်းဖုန်းကို ၂၀၀၈ ခုနှစ်မှာမှ စတင်သုံးခဲ့ကြပြီး
ပြည်တွင်းအင်တာနက်ကိုတော့ ၂၀၀၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ လူဦးရေ ၁ သန်းလောက်က မိုဘိုင်းဖုန်းသုံးကြပြီး ပြည်
တွင်းမှာပဲ တဦးနဲ့တဦး ခေါ်ဆိုနိုင်ပြီးတိုင်းပြည်ပြင်ပကို ခေါ်ဆိုမရနိုင်ကြောင်း
သိရပါတယ်။

(Ref; Channel News Asia, Feb 4 , 2013, Kim Jong-Un and the mystery smartphone)
Myanmar1

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်