သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 14 August 2013

ရွှေတိဂုံစေတီ ၀က်ဆိုက် စတင်လွှင့်တင် လိုက်ပြီဖြစ်


 ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်မှု အများဆုံး ဖြစ်တဲ့ ရွှေတိဂုံ စေတီတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ များကို ကြည့်ရှုနိုင်တဲ့ ၀က်ဘ်ဆိုက် တစ်ခုကို စတင် လွှင့်တင် လိုက်ပြီ ဖြစ်တယ်လို့ ရွှေတိဂုံဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။


အဆိုပါ ၀က်ဘ်ဆိုက်ကို အင်္ဂလိပ်နဲ့မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင် ထားပြီး ရွှေတိဂုံ စေတီ သမိုင်းကြောင်း၊ သတင်း ကြေညာချက်၊ ဗိသုကာ လက်ရာများနဲ့ ဓာတ်ပုံများ စတဲ့ အကြောင်း အရာများကို လွှင့်တင် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရွှေတိဂုံ စေတီတော် သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ များကို www.shwedagonpagoda.com မှာ စတင် ၀င်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေတိဂုံစေတီသို့ လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို သြဂုတ်လမှ စတင်ကာ ဇုန်ဝင်ကြေး၊ အမေရိကန် ဒေါ်လာ ၅ ဒေါ်လာမှ ၈ ဒေါ်လာသို့ တိုးမြင့် ကောက်ခံ လျက်ရှိတယ်လို့ သိရပါတယ်။

MRTV4

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်