သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 31 August 2013

ယနေ့ မလေးရှားလဝက ၏ ဖမ်းဆီးမှုသတင်းများနှင့် လက်ရှိအခြေအနေ (မလေးရှားရောက် မြန်မာနိုင်ငံသားများ အတွက် နေ့စဉ်တင်ဆက်မှု)

 



 မနေ့က မာဒေကားနေ့နေ့လည်ပိုင်းက မလေးရှားနိုင်ငံ ပီနန်း ဘူးကစ်မတာဂျမ်ရှိ ဈေးအတွင်းသို့ တရားမဝင်နေထိုင်သူများ အား ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပြီး

ဂျိုဟိုး ရှိ စက်ရုံးတစ်ချို့တွင် ဆက်တိုက်ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများစတင်းခဲ့ကြောင်း မလေးရှားရောက်မြန်မာများမှ သတင်းပေးခဲ့ကြပါသည် ။

ထပ်မံပြီး မလေးရှားအစိုးရ၏ ရာဇာသံ ပေးသည့်ရက်မှာ ယနေ့ရောက်ရှိလာပြီဖြစ်သောကြောင့် ကွာလာလမ်ပူရှိတစ်ချို့သော နိုင်ငံခြားသားအလုပ်သမား များ ရှိနေနိုင်သည့်နေရာ တစ်ချို့တွင် ဖမ်းဆီးရန်ပြင်ဆင်မှု့များယနေ့စတင်နေပြီင်္းဖြစ်ကြောင်းသိရသည် ။

ွှ့Thestar သတင်းစာမှာယနေ့မနက်ဖော်ပြချက်တွင် ယနေ့နံနက်စောစော ပိုင်းအတွင်း ကွာလာလမ်ပူရှိ Bukit Raja, Klang and Dengkil တို့အားစစ်ဆေးသွားခဲ့ပြီး ၊ Bangladesh, Indonesia, Myanmar and Nepal နိုင်ငံသား စုစုပေါင်း 71 ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်သွားသည်။

ယခုစတင်မည့် Enforcement အစီင်္အစဉ်အတွင်း နိုင်ငံလုံးဆိုင်ရာ တရားမဝင် အလုပ်သမား ၄ သိန်းအားဖမ်းဆီးရန် Target ထားကြောင်းနှင့် အလုပ်ရှင် 4520 ကို ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားလဝကက အတိအလင်းထုတ်ပြန်သွားခဲ့သည်

ယခုဖမ်းဆီးမှု့တွင် အဖမ်းခံရသည့် အလုပ်သမားများကို ချက်ချင်း ပြည်နှင်မည့် အစီအစဉ်အား ဥပဒေ ပုဒ်မ Section 6, 15(4) and 55 ဖြင့် စီစဉ်မည့်အကြောင်းနှင့် ။

ပြည်တွင်းရှိ တရားမဝင်အလုပ်သမားများကို ခန့်အပ်သည့်အလုပ်ရှင်များကို ဒဏ်ငွေ 50000 ၊ ထောင်ဒဏ် ၅ နှစ်နှင့် ကြိမ်ဒဏ် 5 ချက်အထိ အမြင့်ဆုံးထား အရေးယူမည်ဖြစ်ကြောင်း ယနေ့ Thestar သတင်းစာက ဖော်ပြသွားသည် ။

အဖမ်းခံရသော တရားမဝင်နိုင်ငံခြားသားများကိုမူ မိခင်တိုင်းပြည်သို့ ချက်ချင်းပို့ဆောင်သွားမည်ဟု ဖော်ပြထားသည် ။

နေ့စဉ်သတင်းများကို ကျွန်တော်တို့ဘာသာပြန်တင်ဆက်ပေးနေပါမည် ။



တရားမဝင်နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများ အားလုံး အောက်ပါအချက်များကို သတိပြုန်
******************************************
ယနေ့ရက်များသည် မလေးရှားရောက် မြန်များများ - အထူးသဖြင့် တရားမဝင် အလုပ်သမားများအတွက် သတိထားနေထိုင်ရမည့်ကာလဖြစ်သည် မှာအထူးပြောရန်မလို ။

အမှန်သမားများအတွက်မူ ခိုင်မာ ၊ သေချာသော အထောက်အထားများ ကိုလက်တွင်ကိုင်ဆောင်ထားဖို့သာလိုသည် ။

ကျွန်တော်တို့ မှ အိုဗာစတေးသများကို အထူးအသိပေးလိုသည်မှာ အရမ်းကြောက်လန့်မနေစေရန် သတိပြုစေလိုသည် ။

အများနှင့်လုပ်ဆောင်သော အခြေအနေဖြစ်သောကြောင့် ကိုယ့်တိုင်အားကိုးပြီးနေထိုင်ရန်သာ လိုသည်။

မိမိတို့ မိတ်ဆွေသူငယ်ချင်းများ၏ ဖုန်းနံပတ်များ နှင့် အားကိုးနိုင်သော မိတ်ဆွေသူငယ်ချင်းများကို အကူညီကြိုတောင်းထားရန် လိုသည် ။

အရေးကြီးပစ္စည်းများကို ကြိုတင်ပြင်ဆင် ထားကြရန်နှင့် အဖိုးတန်ပစ္စည်းများ ကို တတ်နိုင်သမျှ မဆောင်ထားဖို့ အကြံပြုသည် ။

အရေးပေါ်ငွေပမာဏ 500 ၊ မှ 1000 ဝန်းကျင်ခန့် စိတ်ချယုံကြည်ရသော မိတ်ဆွေထံတွင် အဆင်သင့်ဆောင်ထားရန်လိုသည် ။ ထိုငွေသည် မိမိအဖမ်းခံရပါက လေယာဉ်လက်မှတ်ဖိုး သို့မဟုတ် လိုအပ်သည့်နေရာတွင် အသုံးချရန်အတွက်ဖြစ်သည် ။

အိုဗာစတေးသမားများ၏ ကိုယ်တွင် အခြား မည်သည့်အဖိုးတန် ပစ္စည်း ၊ ငွေကြေးများ မဆောင်ထားရန် အထူးသတိပြုသင့်သည် ။

အပြင်ထွက်လည်ပတ်ခြင်း ၊ လမ်းသွားခြင်း တို့ကို ရှောင်နိုင်သလောက်ရှောင်စေလိုသည် ။

အိုဗာစတေးများစုနေသော နေရာများကို ရှောင်ရန်လိုသည် ။

6 P တွင် လက်ဗွေနှိပ်ထားပြီး ပါမစ်ထပ်မံ မလျှောက်သော စက်ရုံများရှိအလုပ်သမားများ သတိပြုရန်အထူးလိုသည်။

မိမိယုံကြည်စိတ်ချရသော မိတ်ဆွေသူငယ်ချင်းများ ၊ မိမိတို့နှင့်သက်ဆိုင်သော အေးဂျင်းများ ၊ သူဌေးများကို အကြောင်းတစ်စုံတရာ ဖြစ်လာပါက တာဝန်ယူပေးရန် ကြိုတင်ညှိနှိုင်းထားသင့်သည် ။

အထူးသဖြင့် မည်သည့်အချိန်မဆို ခရီးသွားနိုင်ရန် ပြင်ဆင်ထားသင့်သည့်အချိန်ဖြစ်သည် ။

ဖမ်းခြင်းမဖမ်းခြင်းသည် မလေးရှားအစိုးရ၏ တာဝန်ဖြစ်သည် ။

အဖမ်းခံရခြင်းမခံရခြင်းသည်သာလျှင် ကျွန်တော်တို့လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်သည် ။

မလေးရှားတွင် ဖမ်းဆီးသည်မှာ အကြောင်းတစ်စုံတရာ မရှိပဲ အချိန်မရွေးဖမ်းဆီးနေခဲ့ပြီးသည်ကို အားလုံးသိပြီးဖြစ်သည် ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးအနေဖြင့် အခြေအနေအားလုံးကို ပါးနပ်တည်ငြိမ်စွာ ရင်ဆိုင်နိုင်ရန်အတွက် ကျွန်တော်တို့မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ အားပေး တိုက်တွန်းသည် ။

ကျွန်တော်တို့ ကြိုတင်သိရသမျှ အခြေအနေအားလုံးကို ရေးသားတင်ဆက်ပေးသွားမည်ဖြစ်သည် ။

မလေးရှားရောက် မြန်မာနိုင်ငံသားအားလုံးအတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးစား ၍ တတ်နိုင်သလောက် သတိပေးသွားမည် ။


မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှကူးယူဆက်လက်ဝေမျှပါသည်။
www.facebook.com/mmrinmy

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်