သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 20 August 2013

ဒီကောင်လေးက လက်နှစ်ဖက် မရှိဘူးဗျ . . ဒါပေမယ့် ဘ၀ကို အရှုံးမပေးဘူး . . (၁၀)တန်းကို ဂုဏ်ထူး (၄)ဘာသာနဲ့ အောင်ခဲ့တာ....


 ခု (WYTU) တက်နေတယ်ဆိုပဲ . . . သူ့ခြေထောက်လေးနဲ့ စာရေးပြသေးတယ်။
သူနဲ့ တွေ့ဖြစ်တဲ့နေရာလေးကတော့ တွံတေး ဗောင်းတော်ချုပ်ဘုရားက ဆရာတော်ကြီးရဲ့ ဂူကျောင်း ဗိမာန်ထဲမှာ တွေ့ခဲ့ရတာပါ။


မသန်စွမ်းသူမို့ စာမေးပွဲခန်းတွေမှာ ဆရာဆရာမတွေက အချိန်ပိုပေးပြီး ဖြေခိုင်းတာ သားက ပိုမယူဘူး။ သူများနဲ့ တန်းတူပဲ ဖြေခဲ့တာ လို့ ဒီကလေးပြောတော့ . . . အခွင့်ထူး မခံလိုပဲ သူ့အား သူကိုးတဲ့စိတ်ဓာတ်ကလေးကို သဘောကျမိတယ် ။

ပိုင်သက်ကျော်တို့လိုပဲ . . သူလည်း သီချင်းတွေဘာတွေ ရေးနေတယ် တဲ့ဗျ . . .

တက်နိုင်သူများ ၀ိုင်းဝန်းလို့ မြေတောင်မြှောက်ပေးကြပါဦးဗျာ. . . .

တော်ယုံလူ တူနဲ့ ခေါက်ဆွဲ မစားတတ်ဘူး။ သူက ဘယ်နယ့်ဗျာ . ခြေထောက်နဲ့ ညှပ်ပြီး တူကိုင်လို့ ခေါက်ဆွဲ စားတာ မြန်လိုက်တာလို့ သူနဲ့ ကျောင်းထဲမှာ တွေ့သူ ကျွန်တော်တို့ အသင်းထဲက ကောင်မလေးတစ်ယောက်က ပြောပြပါတယ်.. .

တကယ်ထူးချွန်တဲ့ ကလေးပါ . . .
ခြေလက် အကုန်ပါတဲ့ ကလေးတွေ လက်ဘက်ရည်ဆိုင်ထိုင်၊ ဘောပွဲလောင်း၊ အရက်ဆိုင်၊ ဘီယာဆိုင် ထိုင်နဲ့ အချိန်ဖြုန်းနေတဲ့အချိန်၊ သူမှာတော့ . . ခြေ ထောက် နှစ်ချောင်းအားကိုးနဲ့ ဘ၀ကို အရုံးမပေးတမ်း ရင်ဆိုင်နေလေရဲ့ . . . သူနဲ့ စကားပြောရတာ . . . သူ့ကို လူတွေအများကြီး က သနားတဲ့ မျက်စိနဲ့ ၀ိုင်းကြည့်နေတာတောင် . . အေးအေးလူလူပဲ . . .
လူအများစုကို ကိုယ့်ကို သနားတဲ့ အရိပ်အယောင်ပြရင် အလိုလိုနေရင်း ၀မ်းနည်းတတ်ကြတယ် .
ဒီကလေးမှာ အဲ့ဒါမျိုး တစ်စက်ကလေးမှ မတွေ့ခဲ့ရဘူး . . သူ့ ဘ၀နဲ့ သူ့ကြိုးပမ်းမှုကို . . ကြေနပ်တဲ့ ပုံစံအပြည့်ပါပဲဗျာ . . . 


1 comment:

  1. တရားစခန်းဝင်နေလို့ အလည်မရောက်ဖြစ်ဘူး။ ကျန်းမာချမ်းသာပါစေ။

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်