သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 27 August 2013

လူတို့သည် သိသည်ဆိုရာ၌ အဖြစ်ကို အဖြစ်အတိုင်း၊ အရှိကို အရှိအတိုင်း သိကြခြင်းမဟုတ်ပဲ၊ မိမိတို့စွဲလမ်းမှု ဥပါဒါန်အတိုင်းသာ သိကြခြင်းဖြစ်သည်။

ထို့ကြောင့် မြတ်စွာဘုရားက “ဥပါဒါန ပစ္စယာ ဘဝေါ”ဟု ဟောထားခြင်းဖြစ်သည်။ ဥပါဒါန- အစွဲအလမ်းဆိုရာ၌ ပတ်ဝန်ကျင်လည်း ပါဝင်၏။ ခေတ်အမြင် ဂယက်လည်း ပါဝင်၏။ ရိုးရာဓလေ့လည်း ပါဝင်၏။ မိမိတို့ ပဋိသန္ဓေ ဥာဉ်လည်းပါဝင်၏။

ထို့ကြောင့် 
 
အာရုံများနှင့် ပတ်သတ်၍ အဖြစ်ကို အဖြစ်အတိုင်း အရှိကို အရှိအတိုင်း ယထာဘူတကျကျ သိနိုင်ရန် အစွဲအလမ်း ဥပါဒါန်များကို ပယ်သတ်နိုင်မှဖြစ်၏။ ဥပါဒါန်ကို ပယ်သတ်ဖို့ဆိုတာလည်း အရဟတ္တဖိုလ်သို့ ရောက်မှဖြစ်နိုင်၏။

ပုထုဇဉ်လူသားများ အဖို့ အစွဲအလမ်းများကို အဆိုးဘက်မှာ အကောင်းဘက်သို့ ရောက်အောင် အားထုတ်ဖို့လို၏။
အကောင်းဘက်သို့ရောက်အောင် အားထုတ်ခြင်းဆိုသည်မှာ မိမိအစွဲအလမ်းများကို စွမ်းနိုင်သမျှ ပယ်သတ်နိုင် အောင်အားထုတ်ခြင်းဖြစ်၏။
ဥပါဒါန်များကို စွမ်းနိုင်သမျှ ပယ်သတ်နိုင်အောင် အားထုတ်ခြင်းဆိုသည်မှာလည်း မိမိအကျိုးကို ပဓာန မပြုဘဲ လောကအကျိုးကို ပဓာနပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်၏။

ဤသို့ဆောင်ရွက်ခြင်းဖြင့် အရာရာတိုင်း “သူ့” ကိုနေရာမပေးချင်ဘဲ “ငါ” သာနေရာယူခြင်သည့် ပါ ပဓာန အမြင်ကို တဖြည်းဖြည်း ပါးသထက်ပါးအောင် အားထုတ်ရာရောက်၏။ အမှန်အားဖြင့် “သူ့”ကြောင့် “ငါ” ရှိခြင်းဖြစ်၏။ သူသာမရှိလျှင် ငါဟူ၍ မရှိနိုင်။

ထို့ကြောင့် သူသည် အလွန်ကျေးဇူးတင်စရာကောင်း၏။
ဤသို့မြင်အောင် ဆောင်ရွက်ရာ၏။ သို့သော် လွယ်လွယ်တော့ မဖြစ်နိုင်။ ဖြစ်အောင်လုပ်သွားသော အလောင်းတော်များ၊ ပါရမီရှင်များ၊ လောက၌ရှိဖူးပါ၏။ ယခုလည်း ရှိဆဲဖြစ်၏။ နောင်လည်းရှိနေဦးမည်သာ..။
အနိုင်းမဲ့ ဗုဒ္ဓ၊ ဦးရွှေအောင်

သင့်အမြင်ကော ဘယ်လိုရှိပါသလဲ ၊ပတ်ဝန်ကျင် လောကကို အရှိကို အရှိအတိုင်း မြင်ပါသလား
ကိုယ့်အစွဲအလမ်းများဖြင့် မြင်ပါသလား၊ မကျေနပ်မှုတွေ၊ စိတ်ဆင်းရဲစရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုရင် ဥပါဒါန် အစွဲအလမ်းများဖြင့် မြင်းခြင်းဟုသာ သဘောပေါက်လိုက်ပါ။
By: မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်