သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 28 August 2013

ဒေးလီးမေးလ်မှာ ဖတ်လိုက်ရတဲ့ ဆီးရီးယားကို တိုက်မယ့်သတင်း..


  

အမေရိကန် ရေတပ်က ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံ နဲ့ သတင်းအရ ပင်လယ်ထဲ အဆင်သင့်ရောက်နေပြီဖြစ်တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Harry S Truman ဟာ ဝေဟင်ပစ် မစ်ဇိုင်းဒုန်းပစ်လွှတ်မယ့် သင်္ဘော USS Gattysburg နဲ့အတူ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စက်ကို ပစ်ခတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး Chuck Hagel ကလည်း မနေ့ကတည်းက အိုဗားမား အမိန့်ပေးတာနဲ့ အမေရိကန်တပ်မတော် အနေနဲ့ စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

သင်္ဘော The Harry S Truman ဟာ ရေတပ်သား ၆၆၀၀ ကို တင်ဆောင်ပြီး Tomahawk မစ်ဇိုင်းဒုံး အနည်းဆုံး ၉၀ အပြင် တာဝေးပစ် မစ်ဇိုင်းဒုံးကြည် ၁၂၂ လုံးတင်ဆောင်ပြီး အဆင်သင့် ပြင်ထားတာပါ။

အခုပုံပါ ဓါတ်ပုံကို အမေရိကန် ရေတပ်မတော်အနေနဲ့ ဒီနေ့ မနက် စောစောက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဗြိတိန်ကလည်း လေယာဉ်တင် သင်္ဘော နဲ့ တာဝေးပစ် လက်နှက်တွေ အဆင်သင့်ပြင်ထားပြီးပြီလို့ သိရပါတယ်။

ဗြိတိန် တပ်မတော် အခြေစိုက်တဲ့ ဆိုက်ပရတ်စ် မှာလည်း အင်အားတွေ တိုးချထားတယ်လို့ သိရပါတယ်။

ဗြိတိန် တော်ဝင် ကမ်းတက်တပ်သား အနည်းဆုံး ၆၅၀ ဟာ မကြာခင်မှာ ဂျော်ဒန်နိုင်ငံကို ဆိုက်ရောက်မှာ ဖြစ်ပြီး အမေရိကန် တပ်မတော်နဲ့ ပေါင်းဆည်းမယ်လို့ သိရပါတယ်။

ပြည်သူတွေကို ဓါတုအဆိပ်ငွေ့အထိသုံးပြီး လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အာဏာရှင် အာဆတ်ကို ကြည့်ရတာ ဆတ်ဒန်ဟူစိန် ကျဆုံးခန်းကို ကြည့်ရသလိုပါဘဲ.....

အာဏာရှင်စနစ်ဟာ မကြာခင် ကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားမှာပါ...

(ဇော်လွင်ဝင်း)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်