သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 25 August 2013

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာ အမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား

 



စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင်
မြန် မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှ
အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုကို အဆိုပါအနီးပတ်ဝန်းကျင်ရှိသူများက
သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင်မီးရှို့မှုများ ဖြစ်ပွား
ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်ကထန်းကုန်းကျေးရွာသို့
လာရောက်အလုပ်လုပ်ကိုင်သည့် အသက်၁၉ နှစ်အရွယ်အမျိုးသမီး
ငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန်
ကြိုး စားခဲ့သည်ဆိုသော
သတင်းထွက်ပေါ်အပြီးနောက်တွင်
ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်က
နယ်မြေခံရဲစခန်းသို့ရောက်ရှိလာပြီးတရားခံအားထုတ်ပေးရန်
တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်း
ဖြစ်သည်ဟု သိရှိရသည်။

ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ
စတင်ဖြစ်ပွား ခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့်
မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ ၀င် ၅၀ ခန့်က အခြေအနေကို
ထိန်းသိမ်းရန်ကြိုးပမ်းလျက်ရှိကြောင်း သိရှိ ရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ
နယ်/လုံဝန်ကြီး ရောက်ရှိကာ အခြေအနေကို ၀ိုင်းဝန်ထိန်းသိမ်း
နေသည်ဟု သိရပြီး နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ်များ
ရောက်ရှိကာ မီးငြိမ်း သတ်နေကြသည်ဟု ထန်းကုန်းကျေးရွာ
သို့ ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်မှ
သတင်းပေးပို့သည်။

"အုပ်စုနှစ်စု ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့မတွေ့ရပါဘူး။ဒါပေမဲ့
ည ၉ နာရီ ၀န်းကျင်လောက်ကတည်းက ဖြစ်နေတဲ့ မီးရှို့မှုတွေက
အခုထိရပ်တန့် သွားခြင်း မရှိသေးပါဘူး။ အဓမ္မပြုကျင့်ဖို့ ကြိုးစား
တဲ့သူက ကန့်ဘလူ ရဲစခန်းကို ရောက်သွားပြီလို့ သိရပါတယ်။
ကန့်ဘလူနယ်မှာက အစ္စလာမ် ဘာသာဝင် အများအပြားရှိတာ
ကြောင့် အဓိကရုဏ်းသဏ္ဍာန် ဖြစ် လာမှာကို ဒေသခံတွေအားလုံး
စိုးရိမ်နေကြပါတယ်။ အသေးစိတ် အခြေအနေတွေကိုတော့
မသိရသေးပါဘူး" ဟု The Daily Eleven သတင်းထောက်က
သြဂုတ် ၂၄ ရက် ည ၁၂ ခန့်တွင် သတင်းပေးပို့သည်။


ထပ်မံရရှိသော သတင်းများအရ မီးလောင်ကျွမ်းမှုများဆက်လက်ဖြစ်
ပွားနေပြီး သြဂုတ် ၂၅ နံနက် ၁ နာရီကျော်အထိ မီးငြိမ်းသတ်နေရ
ဆဲ ဖြစ်ကြောင်းနှင့်
သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို
ထိန်းသိမ်းနိုင်ရန်
လုပ်ဆောင်လျက်ရှိကြောင်းကနဦးသတင်းများအရ သိရသည်။

Eleven Media Group


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်