သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 25 August 2013

မီးမှန်မှန်ပေးရန် အာမမခံနိုင်သဖြင့် ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု လက်လွှတ်ရဖွယ်ရှိ

  



ရန်ကုန်-
လျှပ်စစ်ဓာတ်အား တစ်ရာမဂ္ဂါဝပ် မှန်မှန်ပေးနိုင်ရန် အာမမခံနိုင်သဖြင့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် Samsung ကုမ္ပဏီကို ခွင့်မပြုနိုင်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။

“Samsung က သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်။ တယ်လီဖုန်းထုတ်ပြီး အခွန်တွေပြန်သယ်သွားမယ်။ လျှပ်စစ်မီးမဂ္ဂါဝပ်တစ်ရာ မှန်မှန်ပေးရမယ်ပြောတယ်။ ကျွန်တော် ခေါင်းညိတ်ဖို့ခက်နေတယ်” ဟု ဦးစိုးသိန်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေရာသီတွင် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ၁၃၂၆ မဂ္ဂါဝပ်နှင့် သဘာဝဓာတ်ငွေ့မှ ၃၇၃ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော်လည်း ၃၇၂ မဂ္ဂါဝပ် လိုအပ်ချက်ရှိနေသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ပြောသည်။

သို့သော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နှစ်စဉ် လျှပ်စစ်ဓာတ်အား ပိုမို ရရှိအောင် ဆောင်ရွက်လျက်ရှိနေကြောင်း ဦးမော်သာထွေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပိုမိုရရှိရန်အတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုး ရေးဘဏ်တို့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ်တိုးတက်လျက်ရှိကာ ၂၀၁၃ ပထမ လေးလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရရှိသဖြင့် ယမန်နှစ်က၀င်ရောက်ခဲ့သော ပမာဏထက် ကျော်လွန်သွားခဲ့သည်။
 7Day News Journal

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်