သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 26 August 2013

မြန်မာနိုင်ငံ၌ ဖေ့စ်ဘုတ်အသုံးပြုသူ ၁ သန်း ၄ သောင်း ရှိသည်



သြဂုတ်လ ၂၂ ရက်နေ့ စစ်တမ်းအရ ဖေ့စ်ဘုတ်အသုံးပြုသည့် မြန်မာနိုင်ငံသားပေါင်း ၁ သန်း ၄ သောင်း ရှိသည်ဟု Clean Text (Facebook) စာမျက်နှာ၌ ဖော်ပြထားသည်။ ၎င်း၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှ အမျိုးသား ၆ သိန်း ၂ သောင်းနှင့် အမျိုးသမီး ၄ သိန်း ၂ သောင်းမှာ ဖေ့စ်ဘုတ် အသုံးပြုနေသည်ဟု သိရသည်။ အသက် ၂၁ နှစ်မှ အသက် ၃၀ အကြား ဖေ့စ်ဘုတ် အသုံးပြုသူမှာ ၂ သိန်း ၄ သောင်းရှိပြီး အသက် ၅၀ နှင့် အထက် အသုံးပြုသူမှာ ၁ သောင်း ၄ ရာ ရှိသည်ဟု သိရသည်။ Wikipedia ၏ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ် မတ်လ၌ တစ်ကမ္ဘာလုံး၌ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁.၁၅ ဘီလီယံရှိကြောင်း သိရပြီး အဆိုပါ အရေအတွက်အနက် မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁ သန်းကျော် ပါဝင်နေခြင်းဖြစ်သည်။ Clean Text ၏ ဖော်ပြချက်အရ ဖေ့စ်ဘုတ်၌ လူကြိုက်များသည့် စာမျက်နှာများ၊ လူကြိုက်များသည့် မီဒီယာများကို လေ့လာနိုင်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်က တစ်ခါကြည့်တော့ အသုံးပြုသူ ၈ သိန်းကျော်လောက်ပဲ ရှိသေးတယ်ဆိုတော့ အခု အသုံးပြုသူဦးရေ တိုးတက်လာတယ်လို့ ပြောရမှာပဲ။ အသုံးပြုသူ အရေအတွက်ကို နိုင်ငံခြားက ဘဏ်အကောင့်တစ်ခုနဲ့ ချိတ်ဆက်ပြီး Advertising လုပ်နေတဲ့အတွက် တွက်ကြည့်လို့ ရခဲ့တာပါ” ဟု ကြော်ငြာလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဖေ့စ်ဘုတ်အသုံးပြုသူဦးရေ တိုးတက်သည့်အတွက် ကဏ္ဍအားလုံးသည် သတိပြုရမည့် အဆင့်သို့ ရောက်ရှိလာကြောင်း၊ အကောင်းအဆိုး ပါဝင်နေသော်လည်း ပုံနှိပ်မီဒီယာ အပါအဝင် ကဏ္ဍအားလုံး၌ သိသာထင်ရှားသော နေရာတစ်ခုသို့ ဖေ့စ်ဘုတ်မှ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က သုံးသပ်သည်။ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုဦးရေသည် ၆ သိန်းကျော်ရှိသည်ဟု ၂၀၁၂ ခုနှစ်အတွင်း ရတနာပုံ တယ်လီပို့မှ ခန့်မှန်းထားရှိခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး၏ မျှော်မှန်းချက်အရ ရန်ကုန်မြို့တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အရောက်၌ အင်တာနက် အသုံးပြုသူ အရေအတွက် ၂.၅ သန်းသို့ ရောက်ရှိလာလိမ့်မည်ဟု သိရသည်။
Internet>O.E

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်