သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 15 August 2013

၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား ဆန်းစစ်ကြည့်ခြင်း



15.8.2013

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ၈လေးလုံးငွေရတု အခမ်းအနားကြီးကို ၈၈မျိုးဆက်များက ဦးဆောင်ပြီးရန်ကုန်၊ မန္တလေးနဲ့ နယ်အသီးသီး ကျင်းပခဲ့တဲ့အကြောင်း တွေ့လိုက်ရပါတယ်။ နိုင်ငံတော်သမ္မတကတောင် ခွင့်ပြုပြီး နိုင်ငံတော်အစိုးရ၀န်ကြီး အဆင့်ရှိသူတွေတောင်အမှတ်တရ တက်ရောက်ကြတဲ့အကြောင်းကိုလဲ သိရပါတယ်။ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စိတ်ဝင်စားသူ ပြည်သူတွေ နှစ်သောင်းလောက် တက်ရောက်ကြတယ်လို့လည်း သိရပါတယ်။ ၈လေးလုံး ငွေရတုပွဲကြီးအတွက် စိတ်ဝင်စား သူပြည်သူတွေ၊ စေတနာရှင်တွေကလည်း စုစုပေါင်းအလှူငွေကျပ် သိန်းတစ်ထောင်ကျော်လောက် ထည့်ဝင် လှူဒါန်းခဲ့တာကိုလည်း သိရပါတယ်။


အဲဒါကြောင့်လားတော့မသိဘူးဗျာ…။ ၈၈ခေါင်းဆောင်ဆိုပြီး ကိုယ့်ကိုကိုယ် အမွန်းတင်နေတဲ့ ကိုမင်းကိုနိုင်တစ် ယောက်အောက်ခြေတွေလွတ်ပြီး နွားပြာကြီးသွားမရှိသလိုဖြစ်နေရှာတယ်။ ၈၈ အသိုင်းအ၀ိုင်းက မီဒီယာတွေ ကလည်းမြှောက်ပေးရင် ချီးပါကုန်အောင်စားတဲ့ ကိုမင်းကိုနိုင်အကြောင်းကို သိနေလို့ထင်ပါရဲ့။ ပြည်သူအချစ် တော်ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်တွဲပြပြီး ၈၈အရေးအခင်းက မွေးဖွားပေးခဲ့တဲ့ခေါင်းဆောင်နှစ်ဦး၊ ပြည်သူ့ အချစ်တော်နှစ်ဦး၊ မြန်မာပြည်ရဲ့အထင်ကရနှစ်ဦး စတဲ့ဂုဏ်ပုဒ်တွေပေးပြီး ဖော်ပြပေးနေလိုက်တာ ကိုမင်းကိုနိုင် တစ်ယောက် ဘယ်လောက်တောင် မြောက်နေလိုက်ရှာမလဲ။

ကျွှန်တော် စဉ်းစားကြည်မိတယ်ဗျာ…။ ၈၈အရေးတော်ပုံက မွေးဖွားပေးလိုက်တဲ့ ခေါင်းဆောင်ဆိုရအောင် ကိုမင်းကိုနိုင် ဘာတွေခေါင်းဆောင်နေသလဲ။ နိုင်ငံတော်အကျိုးပြုတဲ့ အလုပ်တွေကို ဘာတွေဦးစီးဦးဆောင်နဲ့ ထဲထဲဝင်ဝင်ဆောင်ရွက်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် လွတ်တော်ထဲကနေ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေဆောင်ရွက်နေတဲ့အချိန် ကိုမင်းကိုနိုင်က နိုင်ငံတော်တိုးတက်မှု နှောင့်နှေးအောင် အစိုးရကိုဝေဖန် ပုတ်ခတ် နေတာဟာ ခေါင်းဆောင်လို့ ခေါ်ထိုက်ပါသလား ။

ပြည်သူအချစ်တော်လို့ဆိုရအောင် မြန်မာနိုင်ငံရဲ့လူဦးရေ ဘယ်လောက်ရာခိုင်နှုန်းကနှစ်သက်နေလို့လဲ။ သေချာ တာကတော့ မွတ်စလင်ကိုမနှစ်သက်တဲ့ ဗုဒ္ဓဘာသာတိုင်း ကိုမင်းကိုနိုင်ကို မကြိုက်ကြပါဘူး။ ဘာကြောင့် လဲဆိုတော့ ကုလား-မြန်မာ၊ တိုင်းရင်းသားတွေ ပြဿနာဖြစ်တိုင်း ကုလားဘက်ကရပ်တည်ခဲ့လို့၊ ကုလားပေးစာ ကမ်းစာ စားပြီး ကုလားကျွန်ဖြစ်နေလို့ပါဘဲ။ အဓိကခံစားခဲ့ရတဲ့ ရခိုင်နဲ့ မိတ္ထီလာက ပြည်သူတွေကတော့ အသိဆုံးဖြစ်ပါလိမ့်မယ်။ အဲဒီလို ပြည်သူသုံးပုံနှစ်ပုံလောက်က ချည်ဖတ်ဖြစ်နေတဲ့ ကိုမင်းကိုနိုင်ကို ပြည်သူ အချစ်တော်လို့ ခေါ်ထိုက်ပါသလား။

မြန်မာပြည်ရဲ့ အထင်ကရ လို့ဆိုရအောင် မြန်မာနိုင်ငံရဲ့မြို့တိုင်းမှာ ကိုမင်းကိုနိုင် ကျောက်ရုပ်တွေထုပြီး ဂုဏ်ပြု ထိုက်နေပြီလား။ နိုင်ငံရဲ့ ရန်စွယ်အသွယ်သွယ်ကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့တွေရဲ့ စွမ်းဆောင်မှုတွေထက်ကျော်လွန်နေပြီလားဆိုတာ ဆန်းစစ်ကြည့်ဘို့ လိုအပ်နေပါပြီ။ အခုလိုဘဲ လူနည်းစု ကြိုက်အောင် အစိုးရကိုခံတွန်းလေး လုပ်ပြ၊ ဟိုနေရာ နှမ်းဖြူး၊ ဒီနေရာ နှမ်းဖြူး၊ သူခိုးပြေးမှ ထိုးကွင်းထပြ၊ အပေါစား စွဲဆောင်မှုလေးတွေလုပ်ပြနေရုံနဲ့ မြန်မာပြည်ရဲ့ အထင်ကရလို့ ခေါ်ဆိုထိုက်ပါသလား။

ကျွှန်တော် အထက်မှာရေးသားခဲ့သလို ကိုမင်းကိုနိုင်ကို မြန်မာပြည်ရဲ့အထင်ကရ၊ ပြည်သူ့အချစ်တော် လို့ မခေါ်ဆိုထိုက်သေးတဲ့အတွက် ၈၈ အသိုင်းအ၀ိုင်းက မီဒီယာတွေကလည်း မြောက်ထိုးပင့်ကော် လုပ်ပေးနေဖို့ မသင့်တော်သေးသလိုလူတိုင်း အမြှောက်ကြိုက်တတ်ပေမယ့် ကိုမင်းကိုနိုင်အနေနဲ့ကလည်း မြှောက်ပေးတိုင်း အူတက်အောင်က မနေသင့်ဘဲဆင်ဆင်ခြင်ခြင်နဲ့ အမျိုး၊ ဘာသာ၊ သာသနာအကျိုး ကို ထဲထဲဝင်ဝင် ဆောင် ရွက်ပြီး မြို့မေတ္တာ၊ ပြည်သူ့မေတ္တာ၊ တိုင်းပြည်မေတ္တာကို အရင်ဆုံးခံယူသင့်နေပြီလို့ ဆန်းစစ် ကြည့်မိပါတယ်။

နိုင်ဦး (ညောင်တုန်း)

အမေ့အိမ်

  • Yinnwethein Malal နိုင်ဦးနင်ကကောတိုင်းပြည်အတွက်မပြောနဲ့ကိုယ့်မိသားစုအတွက်တောင်အကျိုးပြုနေလား၊သူများကိုမဝေဖန်နဲ့ခင်ဗျားသူ့လိုအသက်တဝက်လောက်ကိုထောင်ထဲမှာသွားနေ ကြည့်ပါလား၊အလုပ်လုပ်နေတဲ့သူကသူများကိုထိုင်ဝေဖန်နေဖို့မအားဘူး၊အားနေတဲ့သူကပဲထိုင်ဝေဖန်နေတာ
    Like · Reply · 4 · 2 hours ago via mobile
  • Htunhtun Htunhtunwin အလုပ်ဆိုတာ မြင်တတ်မှ အလုပ်လုပ်တယ်လို့ မြင်တာလည်း ရှိပါတယ်။
  • Saw Kyaw Kyaw Min Myanmar News Update သွေးခွဲနေသည်။
  • Ko Patai မြန်မာနယူးအပ်ဒိတ်မဟုတ်တော့ဘူးနော်။မဟုတ်တော့ဘူး
  • Myo Myintkyaw ဖြစ်နိုင်ရင် မင်းငါ့အက်ဘီပေါ်က ထွက်သွားပါ Myanmar News Update မှ မဟုတ်ပဲ မင်းဟာ စစ်တပ်အာဘော်သက်သက်သာဖြစ်တာ ဝမ်းနဲစွာသိလိုက်ရတာပါပဲ။
  • Myo Myintkyaw မင်း၇ဲ့အောက်တန်းကျတဲ့ အရေးအသားအတွက်အရမ်းဝမ်းနဲမိပါတယ်
  • မင်း သစ္စာ yinnwethein ပြောတာ အဓိပ္ပာယ်ရှိတယ်
  • Nainglin Aung နိုင်ဦး right
  • Thet Thet နိုင်ဦး
    right
    Like · Reply · 1 · 2 hours ago via mobile
  • Myanmar Blood မင်းကိုနိုင် မင်းဟာ အလာကားကောင်ပါ
    ငါသိရသလောက် မင်းဟာဘာမှမဟုတ်
    ဘူး
    Like · Reply · 1 · 2 hours ago via mobile
  • Bo Kyaw နိုင်းဦးမင်ကဘာကောင်မလိုလဲ
  • Kotone Gyi နိုင်ဦးတဲ့မင်းလိုဦးနှောက်မရှိတဲ့ကောင်တွေကြောင့်တိုင်းပြည်မတိုးတက်တာ
    Like · Reply · 1 · 2 hours ago via mobile
  • Htet Wai Lin သူတို့တောင် နာမည်ကြီးကုန်ပြီ..ငါလဲ ၉၉ မျိုးဆက်ဆိုပြီး နာမည်ခံရမယ်..ဟစ်ဟစ်
  • မင် ဆက်နိုင် မင်တို့ ကောင်တွေ၈၈ကျောင်သာတွေဘာလို့ သူတို့ ကိုအပြစ်ပြောနေ ကြတာလဲ သူတို့ လုပ်သလို မင်တို့ လုပ်နိုင်မလာ ဘာမသိညာမသိနဲံ့ ကော်မန် တွေရေနေကြတယ်
  • Min R Gyi ထောင်ထဲးမှာရေမီးအပြည့်စုံအိမ်ကလာပို့ရင်အဲဒီလူကဘုရင်ပဲးထောင်ဘုရင်ကွ ရေမီးအစုံနဲ့လေထီးပါခုန်ပြလို့ရတယ် ကိုယ်တွေ့နော် မယုံမရှိနဲ့

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်