သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 6 August 2013

တိုင်းပြည်မှာဥပဒေဆိုတာပြဌာန်းတာကိုမင်းမဲ့ စရိုက်ဆန်တဲ့ ရခိုင်ပြည်နယ်မြောက်ဦးမြို့ နယ်မှလုပ်ရပ်


 မြောက်ဦးတွင် ရိုဟင်ဂျာများအား နေစဉ်သုံး အခြေခံအစားအစာများ တစ်ဆင့်ဝယ်ယူ ရောင်းချပေးလျက်ရှိသူ အမျိုးသမီးငယ် အား RNDP မှ ဥပဒေမဲ့ နှိပ်စက်။

ရခိုင်ပြည်နယ် အနှံအပြား တွင် RNDP ပါတီ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူအများသေကြေပျက်စီးခဲ့ရုံမျှမက အိမ်ခြေ အမြောက်အများ မီးလောင်ပျက်စီးခဲ့ပါသည်။ ထိုနည်းတူစွာ ရခိုင်ပြည်နယ် အတွင်းပုံမှန်လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများမှာလည်း ချွတ်ခြုံချ ပျက်စီးခဲ့ရပါသည်။

အဓိက ထိခိုက်ခဲ့သူများမှာ ရိုဟင်ဂျာများဖြစ်သော်လည်း ဒေသခံ ရခိုင်ပြည်သူများမှာလည်း စီးပွားရေး ကျပ်တည်းမှုဒဏ်ကို ခံနေရဆဲဖြစ်ပါသည်။ အဆိုပါ အခြေအနေများကြောင့် သာမန် ရခိုင်ပြည်သူ လက်လုပ်လက်စားများမှာ ရရာစီးပွားရေး ကို လုပ်ကိုင်ပြီး ၀မ်းစာဖြည့်နေရသည့် အချိန်ဖြစ်ပါသည်။

ယင်းအချိန်တွင် နေစဉ်သုံး အခြေခံအစားအစာများများကို လိုက်လံ ရောင်းချသူတစ်ဦးဖြစ်သော ကုတိုးဆိပ်ကျေးရွာ မှ အသက် ၂၀ အရွယ် မဦးမြသန်းအား RNDP ပါတီဝင်များမှ ရိုဟင်ဂျာများအား ရောင်းချသည်ဟူသော စွပ်စွဲမှုဖြင့် ဥပဒေမဲ့ ဖမ်းဆီးပြီး လမ်းလည်ခေါင်တွင် ဆိုင်းဘုတ်ချိတ်ဆွဲ လှည့်လည် စေသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါကဲ့ သို့ ၀မ်းတစ်ထွာ အတွက် စီးပွားရှာ စားသောက်နေသူများအား RNDP ပါတီမှ အာဏာပိုင်များသဖွယ် ဥပဒေမဲ့ အရှက်သိက္ခာ ကျဆင်းအောင် ပြုလုပ်ခဲ့သော်လည်း ဒေသခံ အာဏာပိုင်များမှ ၀င်ရောက် အရေးယူခြင်းမပြုပဲ ရခိုင်ပြည်သည် RNDP ၏ အုပ်ချုပ်မှုအောက်တွင် ရှိသကဲ့သို့ မျက်ကွယ်ပြုထားကြောင်းဒေသခံများမှ ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် နှစ်များအတွင်း အကြမ်းဖက်မှု များဖြစ်ပွားခဲ့စဉ်မှ စ၍ ရခိုင်ပြည်နယ်သည် ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်မှ ကင်းလွတ်နေသကဲ့သို့ဖြစ်နေကြောင်း RNDP ပါတီဝင်များက သီးသန့်နိုင်ငံတော် တစ်ခုကဲ့သို့ ပြည်နယ်တွင် သူတစ်လူငါတစ်မင်းထင်ရာစိုင်းနေကြောင်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာရသူ ဒေသခံတစ်ဦးမှ ယခုကဲ့သို့ ပြောကြားပါသည်။

" ပြည်မက အာဏာရ ကြံခိုင်ဖွံ့ဖြိုးရေးပါတီရော အတိုက်အခံ NLD ရောက မပြောရဲကြဘူးလေ သူတို့ဘက်ကို ရခိုင်ပါတီတွေ မပါတော့မှာစိုးလို့၊ RNDP ကလဲ ဒီအချက်ကို ကိုင်ပြီးကစားတာပဲ၊ အခု သူတို့ အောင်မြင်တယ်လေ NLD ကို လဲ ကုလားပါတီဆိုပြီး စွပ်စွဲသလို အစိုးရကိုလဲ လွတ်တော်ထဲမှာ အမတ်တွေ ရှိလို့ဆဲနေတယ်။ ရခိုင်နိုင်ငံတော်ဆိုတဲ့ သူတို့ အိပ်မက်ကို အကောင်အထည်ဖေါ်နေကြတာပါ။ ပြည်မက ပါတီကြီးတွေကတော့ သိသိကြီးနဲ့ လက်မှိုင်ချလိုက်ရမဲ့ သဘောရှိတယ် " ဟု ထိုသူက မြန်မာမွတ်စ်လင်မ် မီဒီယာ အားဆက်လက်ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ် အတွင် RNDP ပါတီဝင် အကြေမ်းဖက်သမားများမှ ရိုဟင်ဂျာများအား နေရာအနှံ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း နိုင်ငံတကာ အကူအညီများအား ရိုဟင်ဂျာများအား မပေးပဲ RNDP မှ ဖြတ်သိမ်းယူထားခြင်း အပြင် ဆိုးရွားလှသော မိုးရာသီ ရေကြီးမှုများကြောင့် ရိုဟင်ဂျာများမှာ စားနပ်ရိက္ခာ ရှားပါးလျက်ရှိနေချိန်ဖြစ်ပါသည်။
FROM-MYANMAR MUSLIM MEDIA

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်