သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 1 September 2013

မလေးရှားရောက် ညီအကိုများ အကြံဥာဏ်ကောင်းလေးတစ်ခုပေးခြင်လို့ ပါ။

 



ကျွ န်တော်တို့  ခင်ဗျားတို့ ဟာ ။ဘဝပေးအခြေနေတစ်ခုခုကြောင့်  မလေးရှားမှာ ဒုက္ခအမျိုးခံပြီး
လာရောက်လုပ်ကိုင် ဥစ္စာငွေကြေးရှာနေတဲ့  အချိန်မှာ -အခက်ခဲတွေ အမျိုးစုံ လူတိုင်းလို မဟုတ်ပေမဲ့  တော်တော်များ ကြုံတွေ့ ခံစားနေရပါတယ်။
မိမိ ကိုယ်ရေး တာအကြောင်းကြောင်းကြောင့် ။အမိမြန်မာပြည်ကို မပြန်နိုင်ပဲ ကျနော်တို့ လိုပဲ ခိုကပ်ပြီးလုပ်ကိုင်ရှာဖွေစားသောက်နေသော ရွှေမြန်မာများအတွက် -
အခုလိုဖမ်းဆီးနေတဲ့ အချိန်မှာ-

မိမိမှာ Document အားနည်းချက်ရှိပါက-

ဘာပဲဖြစ်ဖြစ် အရေးမကြီးသော် ဘေးပါတ်ဝန်းကျင် အနေထားအကဲခတ်၍ လုံခြုံစွာနေပါ။

ဘာပဲပြောပြော မိမိက နိုင်ငံခြားသားပါ။အဓိက မလေးလူမျိုးနဲ့ တည့် အောင်ရောနှောပေါင်းပါ မလေးလူမျိုးရှေ့ မှာ ထည်ထည်ဝါဝါ မနေပါနဲ့  ချော်လည်းရောထိုင် ပေါင်းနေပါ ရေလိုက်ငါးလိုက်နေပါ ။သူတို့ ဟာအဓိကပါ အရေးကြုံစူတို့ ပြောယင် ပြီးပါတယ်..မလေးလူမျိုးစုတ်ပြတ်နေပေမဲ့ ။တရုပ်သူဌေးတွေထက် အာဏာ ပါဝါ ရှိပါတယ်...
ကာရာအိုကေများ သီဆိုခြင်း ဘေးပါတ်ဝန်းကျင် အတိုင်မခံရအောင် မြန်မာသီချင်းများအော်ကြီးစွာဖွင့် ခြင်း။ပုဆိုးကြီး ဝတ်ပြီး ပါးစပ်ကနေကွမ်းစားပြီး သနပ်ခါးပါးကွက်ကြား ကတီပါဖိနပ်စီးပြီး လိုက်ယားလိုက်ယား အမြင်ကတ်အောင် မနေပါနဲ့ ။တစ်ချို့  ပါမစ်ရှိသူဦးဏှောက် အတွေးခေါ်မရှိသူ အထူးသဖြင့်  တရားဝင် ကောလင်းများ။ဟိုမရောက် ဒီမရောက် အညာသား လိုလို ရွာသားလိုလို အကောင်များ လုပ်တပ်ပါတယ် ပူးကပ်နေခြင်းရှောင်ပါ။

ဖုန်း အဆက်သွယ် သတင်းခနခနလုပ်ပါ...SMS ပို့ ပြီး သတင်းထူးမေးပါ။

အပြင်မထွက်ဘူး အိမ်ထဲမှာအောင်းနေမယယ်ဆိုပြီး အရက် ဘီယာ စုပြီးဝိုင်းဖွဲ့ မသောက်ကြပါနဲ့ 
ဘေးပါတ်ဝန်း ကျင်အမြင်ကတ်၍ ရဲ ကိုသတင်းပို့ တပ်ပါတယ်။

အလုပ်နှင့်  အိမ်မြဲပေးပါ။အကယ်၍ မဖြစ်မနေငွေ ပို့ ရမည်ဆိုပါက တရားဝင်ပါမစ်ရှိသော မိမိအခြင်းခြင်းအား အကူညီတောင်းပို့ ခိုင်းပါ၊

ကျမ္မာရေး ဂရုစိုက်ပါ။သင့် တာလောက်ပဲစားပါ။ခြိုး ခြံချွေတာပါ..

အင်တာနက်ရှိသူများကလည်း။ မိမိရွှေတွေသိရအောင် ။မိမိသိသလောက် သတင်းများ ဦးစားပေးဝေမျှပေးကြပါ-
အခုလို အချိန်မှာ အွန်လိုင်းပေါ်မှာ -အစ္စလမ်ဘာသာအား ဆဲဆိုခြင်း -တိုက်ခိုက်ခြင်း မလုပ်ပါနဲ့ 
မလေးရှားဟာ အစ္စလမ် ဘာသာကိုးကွယ်တဲ့  နိုင်ငံဖြစ်နေသလို ။ မလေးရှား နိုင်ငံဟာ ဟက်ကာ အင်မတန်တော်ပါတယ် ။သင့် ဆာဗာကိုလိုက်ပြီး ရှာဖွေဖမ်းဆီးနိုင်ပါတယ်လို့ ...

ကျနော် အလင်းရောင်ကြယ်များမှ တပ်နိုင်တဲ့ ဘက်ကနေ သတိပေးအကြံပေးလိုက်ပါတယ်-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်