သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 7 August 2013

မြဝတီရေကြီးမှု သေဆုံး ပျောက်ဆုံးသူ အမှန်သိချင်နေကြ


 7.8.2013

မြဝတီ၊ ဩဂုတ် ၄ - အမြင့်ပေ ၂၀ လောက်ရှိ တဲ့ မီးကင်းတဲပေါ်က လူတော်တော် များများဟာ တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေကြပါတယ်။ လူ တိုင်းရဲ့ မျက်လုံး တွေက ဓာတ်တိုင်ကနေ တစ်ဖက်မှာရှိတဲ့ တိုက်အသစ်နှစ်လုံးကြား ဆွဲချည်ထားတဲ့ ကြိုး နှစ်ချောင်းကိုပဲ အာရုံစိုက်နေကြပါ တယ်။
တိုက်အသစ်တစ်လုံးနဲ့ တစ်လုံးကြား ကနေ သောင်းရင်းမြစ်ရေက 



အရှိန်နဲ့ ပြေးဆင်းနေပါတယ်။ ရေကာတာအကြီး ကြီး တစ်ခုကနေ မြောင်းကျဉ်းကလေး အ တွင်းကို တအားလွှတ်ပေးနေတဲ့အတိုင်း ဖြစ်ပါတယ်။ မီးကင်းတဲပေါ်မှာ ရှိနေကြတဲ့ သူအားလုံးက အသံတိတ်နေပါတယ်။
ရေစီးသန်နေတဲ့ တိုက်နှစ်လုံးကြားက ကြိုးနှစ်ချောင်းကို ရှိသမျှအားနဲ့ ရေစီးကို အန်တုကာ အမျိုးသားငါးယောက် မြဲမြဲဆုပ်ကိုင်ထားပါတယ်။ ဘယ် လမ်းကြားထဲ ကနေ စက်လှေတစ်စင်း လောက် ထွက် လာမလဲဆိုတာကိုလည်း အဲသည် လူငါးဦး မျှော်နေတယ်ဆိုတာ မီးကင်းတဲပေါ်က လူ တွေ မပြောဘဲ သိနေကြပါတယ်။
¯သိပ်မကြာလိုက်ပါဘူး၊ ငါးယောက် စလုံး ရေထဲကို မျောပါသွားတယ်၊ နှစ် ယောက်ပဲ ရေပြန်ကူးလာနိုင်တာကို မြင်လိုက်ရတယ်၊ သုံးယောက်ကတော့ ဘယ်ရောက်သွားတယ်ဆိုတာ မသိလိုက် ကြပါ ဘူး˘လို့ လွန်ခဲ့တဲ့ လေးရက်လောက် က မြဝတီမြို့ ရေကြီးမှုမှာ သူကိုယ်တိုင် မြင် တွေ့ရပုံကို ဦးနေချင်က ပြန်ပြောပြ နေ တာ ဖြစ်တယ်။
အခုဆိုရင် မြဝတီမြို့ပေါ်မှာ အိမ်တိုင်း လိုလို ရေကြီးလို့ ကျန်နေခဲ့တဲ့ ရွှံ့ညွံတွေကို ရေဆေးချနေကြပါတယ်။ တချို့လည်း ရေ ကြီးခဲ့စဉ်က မြုပ်ကုန်တဲ့ စားသောက်ကုန် တွေ၊ ကုန်ပစ္စည်းတွေကို ရေဆေးသန့်ရှင်း မှု ပြုလုပ်နေကြပါတယ်။ ရေကြီးမှုကြောင့် ဒုကªရောက်နေတဲ့ မိသားစုဝင်တွေလည်း အမြောက်အမြား ရှိနေပါတယ်။
¯ရေဘေးဒုကªရောက်လို့ စိတ်ညစ်ရ တာက တစ်မျိုး၊ လူထုကို လိမ်တယ်လို့ ခံ စားရတာက တစ်မျိုး၊ စုံနေတယ်ကွယ်၊ တကယ် သဘာဝဘေးကြီးတစ်ခု ဖြစ်ခဲ့ တာပဲ၊ ဘယ်လောက်တော့ ပျောက်ဆုံးနေ တယ်၊ ဘယ်နှဦးတော့ သေဆုံးသွားတယ် ဆိုတာ တိတိကျကျ ထုတ်ပြန်ပေး စေချင် တယ်˘လို့ မြဝတီမြို့ တံတားအနီး မှာ နေ ထိုင်တဲ့ ဦးမောင်မောင်(အမည်လွှဲ) က ပြော ပါတယ်။
မြဝတီမြို့ပေါ်မှာလည်း ပစ္စည်းဆုံးရှုံး ပျက်စီးမှုတွေထက် လူတိုင်း စိတ်ဝင်တ စား ရှိနေတာကတော့ ကယ်ဆယ်ရေး လှေမှောက်မှုပဲ ဖြစ်ပါတယ်။ သေဆုံးသူ ရာဂဏန်းနီးပါးအထိ ရှိတယ်လို့ ဒေသခံ တွေက အခိုင်အ မာ ပြောဆိုနေကြပါ တယ်။
¯အဲဒီလှေက ချောက်ထဲမှာ မှောက် တာ၊ ကယ်ဆယ်ရေးလုပ်တဲ့ လှေ၊ လူနှစ် ယောက်ပဲ အသက်ရှင်တယ်၊ လှေပြန်လှန် လိုက်တော့ အလောင်းနှစ် လောင်း တွေ့ တယ်˘လို့ မနီနီ(အမည်လွှဲ)က အခုအချိန် ထိ မြို့ထဲလမ်းမဘေးမှာ ရှိနေတဲ့ လှေကို ပြပြီး ပြောပါတယ်။
အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေ မှာတော့ မြဝတီရေကြီးမှုကြောင့် သေဆုံး သူ သုံးဦးသာ ရှိတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကြားထဲမှာလည်း ဘယ်တိုက် ရှေ့ လှေမှောက်တာ၊ ဘယ်လမ်းကြားမှာ လှေမှောက်တာ၊ စက်ရုံက ပြန်လာတဲ့ လှေမှောက်တာ မျက်မြင်တွေ့တယ်ဆိုပြီး ပြောဆိုနေကြပါတယ်။
နာရေးကူညီမှုအသင်းတာဝန်ရှိသူ ဦး အရှည်ကြီးက ¯ကျွန်တော်တို့ နာရေး အသင်းအနေနဲ့ တည်းခိုခန်းက နှစ် ယောက်၊ နောက် ပိုင်ရှင်မဲ့ တစ်ယောက်၊ ပေါင်း သုံးယောက်ပဲ သေလို့ သင်္ဂြိုဟ်ပေး ခဲ့ရတာ၊ ရေထဲမျောပါသွားတာ ပျောက်ဆုံး သွားတာတွေတော့ ကျွန်တော် မသိဘူး၊ ခု ဖြစ်စဉ်က တော်တော်လေးဆိုးတယ်၊ အိမ် လုံးကျွတ် ပျက်စီးသွားတာရှိတယ်˘လို့ ပြောပါတယ်။
မြဝတီတစ်မြို့လုံးနီးပါး သန့်ရှင်းရေး ပြုလုပ်နေကြရပါတယ်။ အမှိုက်တွေ၊ ရွှံ့ ဗွက်တွေကလည်း လမ်းတိုင်းမှာ ရှိနေပါ သေးတယ်။ တချို့ ဆယ်ဘီးကားကြီး တွေ၊ ကုန်တင်ယာဉ်တွေ၊ ထော်လာဂျီတွေ နဲ့ အ မှိုက်၊ဗွက်တွေကို သယ်ယူစွန့်ပစ် ရှင်းလင်းကြပါတယ်။
¯ဒီလောက်ကြီးမားတဲ့ ရေဘေးဒုက္ခခံ ရတာပဲ၊အမှန်တကယ် ပျောက်ဆုံးနေတာ၊ သေဆုံးနေတာကို သိရရင် နယ်မှာရှိတဲ့ မိဘဆွေမျိုးတွေ၊ တောဒေသက လာလုပ် ကြတဲ့သူတွေအတွက် ပျောက်နေတယ်ဆို တာ သိရမယ်၊ နယ်က လူတွေက သိရတော့ ရှာပြုရတာပေါ့၊ မပြောကောင်းပါ ဘူး၊ သေသွားတယ်ဆိုရင်တောင် ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ပေးလို့ရတာပေါ့˘လို့ ဦးမောင်မောင် (အမည်လွှဲ) ကပဲ ဆက်ပြော ပါတယ်။
မောင်သင်တုန်း

Kumudra
မောင်သင်တုန်း

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်