သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 4 August 2013

မိမိကိုယ်တိုင်ရေရေရာရာ မသိခံစားချက်ကင်းမဲ့ ပြီးသူများပြောသံယောင်လိုက်စစ်တပ်ကို စစ်ခွေးလို့ ခေါ်တဲ့ လူများသိစေရန် ဤလူတွေမှသာ နားလည်နိုင်ပါလိမ့်မည်


မိမိကိုယ်တိုင်ရေရေရာရာ မသိခံစားချက်ကင်းမဲ့ ပြီးသူများပြောသံယောင်လိုက်စစ်တပ်ကို စစ်ခွေးလို့ ခေါ်တဲ့ လူများသိစေရန်



# ခြေထောက်တစ်ချောင်းစွန့် လွှတ်လိုက်ရတဲ့ အငြိမ်းစားစစ်သည်တစ်ဦးရဲ့
ခံစားချက်ကို ခြေတစ်ဖက်ဖြတ်တောက်ဆုံးရှုံးရင်းလောကကြီးကိုရင်ဆိုင်ဖူးတဲ့
သူမှသာ ကိုယ်ချင်းစာ နားလည်နိုင်လိမ့်မယ်။

# တောထဲတောင်ထဲတာဝန်အရထမ်းရွက်ရင်း ကျဆုံးသွားသော စစ်သည်၏
မိခင်တစ်ဦးရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို သားသမီးဆုံးရှုံးဖူးတဲ့ အမေမှသာ
ကိုယ်ချင်းစာ နားလည်နိုင်လိမ့်မယ်။

# ကျရာတာဝန်ထမ်းရွက်ရင်း ကံကြမ္မာဆိုးကြောင့် ဗုံးကျည်ထိမှန် မိုင်းနင်း
ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးရတဲ့ အဖေစစ်သားကြီးအတွက် သားသမီး
တွေရဲ့ ခံစားချက်တွေကို ကိုယ်အင်္ဂါမပြည့်စုံဘဲ "ဒုက္ခိတ"ရဲ့သားသမီးတွေလို့
အခေါ်ခံဖူးတဲ့သူမှသာ နားလည်နိုင်လိမ့်မယ်။

# ခင်ပွန်းသည်စစ်မှုထမ်းလင်ယောက်ျားရဲ့မလောက်မငှလစာလေးရယ် တာဝန်အရခွဲနေရတဲ့အခိုက်အတန့်ရယ် တပ်တွင်းအတွေ့အကြုံများနဲ့
ရင်ဆိုင်နေရတဲ့ ပါရမီဖြည့်ဖက်တစ်ဦးရဲ့ခံစားချက်ကို တပ်မတော်မိသားစုနဲ့ မပတ်သတ်တောင်ဆက်နွယ်ဖူးတဲ့သူမှသာ နားလည်ပေးနိုင်လိမ့်မယ်။

# ခင်များတို့နားမလည်နိုင်တဲ့ ခင်များတို့အပြစ်ပြောချင်တဲ့ ခင်များတို့လက်ညှိုး ငေါက်ငေါက်ထိုးနေတဲ့ စစ်သည်တစ်ဦးရဲ့ခံစားချက်တွေကို စစ်မှုတစ်ခေါက်လောက်ထမ်းဖူးမှသာလျှင် နားလည်နိုင်လိမ့်မယ်။

# ကျွန်တော်တို့တပ်မိသားစုအပေါ်ကို နားမလည်နိုင်လျှင် မပုတ်ခတ်ပါနဲ့။
အကောင်းမမြင်ချင်နေပါ အပြစ်ချည်းရွေးမရှာပါနဲ့။ မချီးမြှောက်ချင်နေပါ အပုတ်မချပါနဲ့။ စစ်အသိုင်းအဝိုင်းမို့ သံမဏိသားနဲ့ထုထားတဲ့ကိုယ်စိတ်အစုံမပိုင်ဆိုင်ပါဘူး လူထဲကလူတွေ, မိခင်ထဲကမိခင်တွေ, ဇနီးထဲကဇနီးတွေ, သားသမီးထဲကသားသမီးတွေမို့ တန်းတူညီတူ ခံစားတတ်တဲ့စိတ်နှလုံးအစုံတော့ပိုင်ဆိုင်သေးတာပဲလေ။

FROM-AE HTET PAING+Singapore Feel-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်