သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 8 August 2013

တစ်ချိန်က အမေရိကန် Fashion Police


 ၁၉၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က Bill Norton အမည်ရ ရဲမှ အမျိုးသမီးတို့ ရဲ့  ရေကူးဝတ်စုံကို စစ်ဆေး တိုင်းတာနေမှုပါ။

သာမန်လုံခြုံရေး ရဲတစ်ဦး မဟုတ်ပါဘူး။ ဖက်ရှင် ရဲ လို့ခေါ်တဲ့ Fashion Police ဖြစ်ပါတယ်။ ဝါရှင်တန် ဒီစီ မှာ Col.Sherrell အမည်ရ မြို့ စောင့် ရဲချုပ် က တာဝန်ထန်းဆောင်စဉ် ကာလက ဖြစ်ပြီး ပြည်သူတို့ အဝတ်အစား ဝတ်ဆင်မှုကအစ စည်းကမ်း တင်းကြပ်ခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးမှု နည်းပါးစဉ် ကာလမှာ အမျိုးသမီးတို့ရဲ့  မလုံခြုံတဲ့ အဝတ် အစားတွေကြောင့် ဖြစ်လာမယ့် ပြစ် မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့အတွက် ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါတယ်။


ဒီအတွက် ဝါရှင်တန်နေ အမျိုးသမီးတို့ကို လုံလုံခြုံခြုံ ဝတ်ဆင်စေပြီး မဖြစ်မနေ ဝတ်ရမယ့် ရေကူးဝတ်ဆုံမှာဆိုရင် ဒူးအထက ၆ လက်မ မပိုရ ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဝါရှင်တန်က Tidal Basin မြစ် မှာ ရေကူးမယ့်၊ ရေချိုးမယ့် အမျိုးသမီးတွေကို ဝတ်စုံတိုင်းတာစစ်ဆေးဖို့ အတွက် ရဲများကို ထားရှိပေးထားပါတယ်။

ဒါ့အပြင် မြို့ မှာလည်း အဝတ်အစားမလုံခြုံသူများကို ဖမ်းဆီးအရေးယူရန် Fashion Police များကို သီးသန့်တာဝန်ပေးလို့ ချထားခဲ့ဖူးကြောင်း သိရပါတယ်။
.

Ref: dyknow
International news for myanmar

http://www.innewsmyanmar.com/2013/08/fashion-police.html

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်