Wednesday, 11 September 2013
ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်တွင် ပြေးလမ်းချော်မှုကြောင့် ၁၄ ဦး ဒဏ်ရာရ
သုဝဏ္ဏဘူမိ လေဆိပ်တွင် ပြေးလမ်းချော်ခဲ့သော လေယာဉ်နှင့် အခြားလေယာဉ်တစ်စင်း ပျံတက်သွားမှုကို စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (Photo: AFP)
ထိုင်းအဲဝေး လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်စဉ် ဂီယာ ချို့ယွင်းမှုကြောင့် ပြေးလမ်းချော်ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ယင်းလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြေးလမ်းချော်ခဲ့သည့် Airbus 330-300 လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦး ပါရှိလာခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ကျိုးမြို့မှ ဒေသစံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်တွင် စတင် ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။
''လေယာဉ်အင်ဂျင် နားမှာရှိတဲ့ ညာဘက်အခြမ်းက မြေပြင်ဆင်း ဂီယာအုံနား မီးပွားတွေ ထွက်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်ပါတယ်'' ဟု လေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြေးလမ်းချော်သွားသည့် လေယာဉ်အား ရပ်တန့်သွားသည်အထိ လေယာဉ်မှူးက ထိန်းချုပ်နိုင်ခဲ့ပြီး ခရီးသည်များကို အရေးပေါ် ထွက်ပေါက်မှ ထွက်ခွာစေခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်ကြောင့် လူ ၁၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအဲဝေးဥက္ကဋ္ဌ ဆိုရာဂျက် ကာဆမ်အူဘန်က ထိုင်းနိုင်ငံ ရုပ်သံဌာနများသို့ ပြောကြားခဲ့သည်။ ၎င်းတို့အားလုံးကို ဆေးရုံပို့ခဲ့ပြီး အများစုမှာ ဒဏ်ရာပြင်းထန်မှု မရှိသောကြောင့် ဆေးရုံမှပြန်ဆင်း သွားကြကြောင်း သိရသည်။ လမ်းကြောင်း ချော်သွားသည့် လေယာဉ်ကို ဖယ်ရှားရန်အတွက် ၂၄ နာရီခန့် ကြာမြင့်ဦးမည် ဖြစ်ကြောင်း လေကြောင်းလိုင်းက ကြေညာထားသည်။
အဆိုပါ လေယာဉ်ကို အဲဘတ်စ် ကုမ္ပဏီက ထိုင်းအဲဝေး လေကြောင်းလိုင်းသို့ ၁၉၉၅ ခုနှစ်၊ မတ်လတွင် ပေးပို့ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် သီတင်းပတ် အတွင်းကလည်း ထိုင်းအဲဝေး လေကြောင်းလိုင်း၏ ဘန်ကောက်မှ ဟောင်ကောင်သို့ ပျံသန်းလာသော A380 စူပါဂျမ်ဘို လေယာဉ်တစ်စင်းသည် လေ၀ဲဂယက်မိကာ လှုပ်ရမ်းခါသွားမှုကြောင့် ခရီးသည်အချို့နှင့် လေယာဉ် အမှုထမ်းများ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
Ref:AFP
Eleven journal
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
September
(61)
- Diprosopus ဆိုတာ ဂရိဘာသာ က မျက်နှာ၂ခု ဆိုတဲ့ အဓိပ္ပ...
- ရွှေတိဂုံစေတီတော်အောက်ကလျို့ဝှက်၂ခုကိုအာမေးနီးယန်း ...
- လိုင်စင်ရ အသံတိတ် လူသတ်သမားများ
- အားလုံး အသွားသတိ အစားသတိရှိပေးကြပါ..*
- ဇမ်ဘိုအန်ဂါမြို့တွင် သူပုန်တို့နှင့် စစ်ဆင်ရေး ပြီ...
- မုန်တိုင်း WUTIP အဆင့် -၂ တိုင်ဖုန်း မုန်တိုင်း အဆ...
- ပြုပြင်ပြောင်းလည်းနေပါသည်။သို့ သော် အခြေခံမဟုတ်ပေမ...
- အချင်းချင်း မုဒိန်းကျင့် မှု မကြာခဏ ဖြစ်ပွားနေသည့် ...
- အလင်းရောင်ကြယ်များမှ
- နုတ်ဆက်ခဲ့ ခြင်း-
- မလေးရှားမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ၁၅...
- ဖိလစ်ပိုင် တွင် မွတ်ဆလင် သူပုန် တွေ ဒုတိယ မြောက်ြ...
- ငွေစက္ကူ၌ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် တင်ပြမှု အဆို ...
- စစ်သားဆိုတာဘာလည်းပြောရယင်...
- မစ်စတာဘင်းက ပေးသာ သင်ခန်းစာ
- လခရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA ...
- အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့...
- ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆ...
- ခင်ဝင့်ဝါ စာချုပ်ထားသည့် တစ်နှစ်အတွင်း အရက်၊ ဆေးလိ...
- ရီလိုက်ရတာဗျာ အာဖရိကကျေးလက်တောရွှာတစ်ခုမှာနတ်ဆရာကခေ...
- မလေးရှား အလုပ်သမားများအတွက် သတင်းကောင်း
- တရားသဘောဆေးပညာဗဟုသုတအရကြည့် ပေးပါခင်ဗျာ။။ရခဲလှစွာ...
- အမြစ်မပါတဲ့ ပဲတီပင်ပေါက် လုပ်နည်း---
- အီရတ်ရှိ အမေရိကန်အကျိုးစီးပွား များကို တိုက်ခိုက်ရ...
- နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်ရေး လျှောက်ထားမှု အဆင့်...
- ခင်ဝင့်ဝါက Miss Supranational ပြိုင်ပွဲကြီးမှ ချီး...
- <<< Congratulation Miss Supranational Myanmar Khi...
- မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
- ငွေသွင်း မဲပေးစနစ်မှာလည်း ခင်ဝင့်ဝါက ဦးဆောင်နေ
- ယောက်ကျားလေးများအားပေးမယ်..သြော်မိန်းမ...ဗွီဒီယို...
- ပျဉ်းမနားမြို့၌ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မှု...
- အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည...
- နေပြည်တော်ရှိ သိမ်းဆည်းခံ လယ်ယာမြေများအား စစ်ဘက်အရ...
- ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း
- တော်တော်ဆိုးတဲ့ လင်းပိုင်နှာဗူးးးးဗွီဒီယို
- မလေးရောက် မြန်မာများ အတွက် အထူး သတင်းကောင်း
- ကမ္ဘာ့ ဆိုင်ကယ်စီးအထူးချန်ပီယမ်ကြီး-ဗွီဒီယို
- ကြိုးဝိုင်းထဲဝင်လာယင်မဆိုင်တာမကိုင်နဲ့  WWF လက်ဝေ...
- မလေးရှားတွင်ဖမ်းဆီးခံမြန်မာများကို နိုင်ငံသားစိစစ်...
- တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး
- ကိုရီးယားအလုပ်မှ ထွက်ပြေးသူများအား သတ်မှတ်ချိန်အတွ...
- မလေးရှားက မြန်မာတွေကို ဟုတ်မှန်ကြောင်း စိစစ်ပြီးမှ...
- မန္တလေးတွင် အမျိုးသမိးကြီးတစ်ဦး လည်လှီးသတ်ခံရ
- သံရုံးရှေ့ တွင်လည်းဖမ်းနေသည်(မလေးရှား)
- သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန် ဇာတ်လမ်း ရိုက...
- မြန်မာပြည်မှ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားတံတား
- လွှတ်တော် ကော်မတီ က ဆီးရီးယား ကို ရက်ပေါင်း ၆၀ တိုက...
- *အီရန်ဘာကြောင့် ဆီးရီးယားဘက်က ရပ်တည်နေသလဲ။*
- ဘလောက်ဂါပိုင်ရှင် (အလင်းရောင်ကြယ်များ)လေဖျန်း-လြေ...
- မလေးရှားရောက် မြန်မာများအတွက် အထူးသတင်း ( မြန်မာမျ...
- အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ
- ခက်ခူး (ဆေးခြောက်) ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အ...
- မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုြး...
- ခင်ဗျားတို့ ဝန်မလေးဘူး ဆိုရင်ဒီစားလေး ကိုပြီးအောင်...
- မြန်မာလှယာဉ်ကျေးမယ် ခင်ဝင့်ဝါ အတွက်သီချင်း
- ဖင်ကြားထဲ မီးခဲညှပ်တဲ့ အက
- မလေးရှားမှတွေ့ ရှိကြားသိရသောသတင်းပါ
- မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ
- ၁၇ နှစ်သာ ရှိသေးတဲ့ ရုရှား အလေးမမယ် Juila Vins POW...
- ဟေ။။။။။။အဲ ဂလိုကြီးပါလားးးးး
- မလေးရှားရောက် ညီအကိုများ အကြံဥာဏ်ကောင်းလေးတစ်ခုပေး...
-
▼
September
(61)
No comments:
Post a Comment