သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 6 September 2013

မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 



 နေပြည်တော်၊ စက်တင်ဘာ ၆

၅-၉-၂၀၁၃ ရက်နေ့ ၀၄၄၅ အချိန် တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းလပ်မြို့နယ်ခွဲ၊ ကျခမ်းဆောင်ရွာနေ အိုက်ဆေ(ခ)အားဆေ(၄၂)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ အိုက်ဆေ(ခ)အားဆေ၏သမက်ဖြစ်သူ အိုက်မား(၂၆)နှစ်အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ကဖင်း(၃၀)ကီလို၊ တန်ဘိုးငွေကျပ်(၂၂.၅)သိန်း၊ ၄၀ မမဗုံးသီး ၂၆၅ လုံး၊ ဗု-၄၇ ကျည် ၁၀၀၀ တောင့်နှင့် ကျည်အိမ် ၆ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် ပူးပေါင်းအဖွဲ့သည် ကျိုင်းလပ်မြို့နယ်ခွဲ၊ ပါပူးကျေးရွာရှိ အိုက်ဆေ(ခ)အားဆေ၏နေအိမ်အား ဆက်လက်ရှာဖွေရာ အိုက်ဆေ(ခ) အားဆေ၏ဇနီးဖြစ်သူ မလိုဒေါ(၄၁)နှစ်အားတွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၃.၈)သိန်းနှင့် ကိုးလုံးကျည် ၁၂ တောင့်တို့အား ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် အိုက်မားနှင့်အိုက်ဆေ(ခ)အားဆေတို့ ၂ ဦးအား ကျိုင်းလပ်နယ်မြေရဲစခန်း မယ(ပ) ၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ)/ ၂၁ ဖြင့်လည်းကောင်း၊ မလိုဒေါ(၄၁)နှင့်အိုက်ဆေ(ခ)အားဆေတို့ ၂ ဦးအား မယ(ပ)၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ အိုက်ဆေ(ခ)အားဆေအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြဝတီ-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်