သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 1 September 2013

မလေးရှားမှတွေ့ ရှိကြားသိရသောသတင်းပါ



ဧရာဝတီဖောင်ဒေးရှင်း၊သီတဂူအထောက်အကူပြုအဖွဲ့တို့၏ အကူအညီဖြင့် မြန်မာပြည်ပြန်ရန် စာရင်းပေးထားပြီး မလေးရှား(လဝက)တွင် လက်ဗွေနိုပ်၍ စပါယ်ရှယ်ပါတ်စ်လျှောက်ရန်စောင့်ဆိုင်းနေကြသော ညီကိုမောင်နှမအပေါင်းတို့ခင်ဗျား......

လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှားအာဏာပိုင်အဖွဲ့စည်းအားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း)ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများအားလုံးကို တိုင်းပြည်အဝှမ်း ပိုက်စိပ်တိုက် ရှာဖွေတော့မည်ဖြစ်ကြောင်းကို ယနေ့ The Star သတင်းစာမှာ ပြည့်ပြည့်စုံစုံရှင်းလင်းတင်ပြသွားခဲ့ပါသည် .......

သို့ဖြစ်ပါ၍ သတိနှင့်သွားလာ နေထိုင်ကြစေလိုပါသည်၊မိမိတို့လက်ဝယ်ကိုင်ဆောင်ထားသောမြန်မာသံရုံးမှထုပ်ပေးထားသော CI သည် မိမိသည် မြန်မာနိုင်ငံသား မည်သူမည်ဝါဖြစ်ကြောင်းတရားဝင်အထောက်အထားစာရွက်စာတမ်းမျှသာဖြစ်သည်ကိုနားလည်ထားကြရပါမည်၊အဖမ်းအဆီးကာလတွင် ထိုစာရွက်ကိုပြနိုင်ယုံမျှဖြင့် အဖမ်းအဆီးလွတ်မည်မဟုတ်သည်ကိုသိစေအပ်ပါသည် ခင်ဗျား.....။

***မြန်မာနိုင်ငံသားအပေါင်း ဘေးဘယာကင်းကွာကြပါစေ***

ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့ - မလေးရှား

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်