သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 29 September 2013

မုန်တိုင်း WUTIP အဆင့် -၂ တိုင်ဖုန်း မုန်တိုင်း အဆင့်ဖြင့် ဗီယက်နန် ကမ်းခြေ ကို ဖြတ်ကျော် ဝင်ရောက်မည်

  




အဆင့် -၂ တိုင်ဖွန်း မုန်တိုင်း အဆင့် သို့ ရောက်ရှိ နေသော တောင် တရုတ် ပင်လယ်မှ တိုင်ဖွန်း မုန်တိုင်း WUTIP ( 20W ) သည် နောက်ဆုံး ရရှိသည့် အချက် အလက်များ အရ အဆင့် - ၃ တိုင်ဖွန်း မုန်တိုင်း အဆင့် သို့ ရောက်ရှိ လာမည် မဟုတ် တော့ ပဲ မူလ ခန့်မှန်း လမ်းကြောင်း အတိုင်း ဗီယက်နန် နိုင်ငံ ဒါနန်း မြို့မြောက် ဘက် မိုင် ၁ဝဝ ကျော်ခန့်၊ HUE မြို့ မြောက်ဘက် ၆၅ မိုင် ခန့်မှ ဗီယက်နန် ကမ်းခြေ အား စက်တင်ဘာ လ ၃ဝ ရက် ညနေပိုင်း တွင် ဖြတ်ကျော် ဝင်ရောက် တော့ မည် ဖြစ်ပါသည်။

JTWC မှ ထုတ်ပြန် သည့် Warning - 11 တွင် မုန်တိုင်း ဗီယက်နန် ကမ်းခြေ အား ဖြတ်ကျော် ဝင်ရောက် စဉ် မုန်တိုင်း ဗဟို တွင် လေတိုက် နှုန်း 90 knots ( တစ်နာရီ ၁ဝ၄ မိုင် ခန့် )၊ မုန်တိုင်း ဒီလှိုင်း အမြင့် ၂၈ ပေ ရှိမည် ဖြစ်ကြောင်း၊ မုန်တိုင်း သည် လက်ရှိ အချိန် တွင် အချင်းမိုင် ၃၄၅ မိုင် ရှိပြီး လာအို နိုင်ငံ တောင်ပိုင်း အား အဆင့် - ၁ ကုန်းတွင်း တိုင်ဖွန်း မုန်တိုင်း အဖြစ် ဆက်လက် ဖြတ်ကျော် မည် ဖြစ်ကြောင်း သိရပါသည်။

အောက်တိုဘာ လ ၁ ရက် နောက်ပိုင်း ၌ မုန်တိုင်း အကြွင်း အကျန် များ သည် ထိုင်းနိုင်ငံ မြောက်ပိုင်း မှ တစ်ဆင့် မြန်မာ နိုင်ငံ အောက်ပိုင်း ဒေသများ သို့ ဆက်လက် ရွေ့လျားနိုင် မည် ဖြစ်ပါ သည်။ ထို့ကြောင့် မြန်မာ နိုင်ငံ အောက်ပိုင်း ဒေသများ တွင် မိုး သည်းထန် ပြီး ရေကြီး ရေလွှမ်းမှု ဖြစ်နိုင်ခြေ ရှိသည့် အပေါ် ကြိုတင် သတိပြု ကာကွယ် နိုင်ကြရန် အသိပေး တင်ပြ အပ် ပါသည်။

MMWeather

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်