သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 3 September 2013

မလေးရှားရောက် မြန်မာများအတွက် အထူးသတင်း ( မြန်မာများ မိမိလုံခြုံရေး အတွက်ဖတ်ဖြစ်အောင် ဖတ်ပါ )




လက်ရှိအချိန်တွင်မလေးရှားအစိုးရမှစီမံကိန်းဖြင့် မြန်မာအလုပ်သမားများအား
 ပြင်းပြင်းထန်ထန်ဖြင့်ဖမ်းဆီးနေ   သည့် အချိန် ၊ လူနည်းစုကိုအနိုင်မကျင့်ပါနဲ့၊ သနားပါဟု ဆိုသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယခုအခါလူနည်းစုဖြစ်နေသော မလေးရောက်မြန်မာများကို မလေးအစိုးရမှ ထောင်နှင့်ချီ ဖမ်းဆီးနေရာတွင်မူ မကယ်နိုင်သည့်အချိန်၊ လူနည်းစုကို အနိုင်မကျင့်ပါနဲ့ဟု မလေးအစိုးရကို သွားမပြောရဲသည့်အချိန်တွင် မြန်မာအချင်းချင်းသာ  ကိုယ့်လူမျိုးအကျိုးအတွက် အရေးကြီးသော သတင်းများအချင်းချင်း ဖြန့်ဝေ၍ မိမိကိုယ်ကို ကာကွယ်ရနေသည်ကို မလေးရောက် မြန်မာများ အသိဆုံးပင်ဖြစ်သည်။


မလေးရှိ လတ်တလောအခြေအနေမှာ မိမိတွင် ပတ်စပို့စာအုပ်အမှန်ရှိတယ်ဆိုပြီး အတင့်မရဲကြပါနှင့်။ ကိုယ့် ပတ်စပို့စာအုပ်ဟာ မလေးရှားရှိ လ၀ကမှာ တကယ်ရှိ မရှိဆိုသည်ကို

 ဒီလင့်ခ် ကလစ်လိုက်ပါhttps://eservices.imi.gov.my/myimms/enqApplSts 

မှာ စစ်ဆေးကြည့်ပြီးမှ ယုံကြည်စိတ်ချစွာ သွားလာကြဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် 6P နဲ့ အေးဂျင့်တွေနဲ့ သက်တမ်းတိုးတဲ့ ပါမစ်တွေကို လုံးဝ စိတ်မချဖို့ မသင့်ပါ။ အတုများဖြင့် လုပ်စားခံရတတ်သည်။ မလေးမှ သူငယ်ချင်းတစ်ယောက် စာအုပ်ကိုင်ထားပေမဲ့ ဒီနေ့မှ သူ့ပါမစ်က အတုကြီးဖြစ်နေမှန်း သိလိုက်ရတာပါ။ မိမိလုံခြုံရေးအတွက် မိမိစာအုပ်နဲ့ နေထိုင်ခွင့်ပါမစ်ကို အဘက်ဘက်က စစ်ဆေးဖို့ လိုအပ်၍ အသိပေးရခြင်းဖြစ်ပါသည်။
အွန်လိုင်းမှ-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်