သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 6 September 2013

ပျဉ်းမနားမြို့၌ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး ၊တစ်ဦး ဒဏ်ရာရရှိ



Friday, September 6, 2013

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၉)လမ်း တစ်လမ်းမောင်း လမ်းကို မော်တော်ဆိုင်ကယ် ဝင်ရောက် မောင်းနှင်သောကြောင့် လမ်းမှန် မောင်းနှင်သူနှင့် ဆိုင်ကယ်တိုက်မှု ယနေ့နံနက်က ဖြစ်ပွားရာ လူတစ်ဦး သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၅၅ မိနစ်က နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် (၉)လမ်း အုပ်ချုပ်ရေး မှူးရုံး အနီးတွင် အုပ်ချုပ်ရေးမှူးရုံး (လမ်းမှား)ဘက်မှ ပဋ္ဌာန်း ဓမ္မာရုံဘက် သို့ အောင်ဇင်မင်း ၁၈ နှစ်(ဘ) ဦးအောင်ရှိန် ပေါင်းလောင်းရပ်ကွက် ပျဉ်းမနား မြို့နေသူ မောင်းနှင်သည့် ၂၁ယ/--- Kanbo 125 အနက်ရောင် ဆိုင်ကယ်နှင့် ပဋ္ဌာန်း ဓမ္မာရုံဘက်(လမ်းမှန်)မှ အုပ်ချုပ်ရေးမှူးရုံး ဘက်သို့ ပြည့်ဖြိုးငြိမ်း ၃ဝ နှစ်(ဘ)ဦးကျော်ကြီး သကြားစက်ဝင်း ပျဉ်းမနားမြို့ နေသူ မောင်းနှင်လာသည့် ၂၉ယ/---- Honda 90 စူပါကပ်ကျောက်စိမ်းရောင် ဆိုင်ကယ်တို့ လမ်းမ အလယ်၌ မျက်နှာချင်းဆိုင် တိုက်မိခဲ့ သည်။

အဆိုပါ ဖြစ်စဉ်တွင် အောင်ဇင်မင်း တွင် နဖူးပေါက်ပြဲ၊ ဝဲတံတောင်ပွန်း၊ နှာခေါင်းသွေးထွက်၊ အထက်နှုတ်ခမ်းပေါက် ဒဏ်ရာများ ရရှိပြီး ပြည့်ဖြိုးငြိမ်း တွင် ဝဲမျက်စိဘေး ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ အထက်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာများ (စိုးရိမ်ရ) ရရှိသဖြင့် နေပြည်တော် ခုတင်(၁ဝဝဝ) ဆေးရုံသို့ ပို့ဆောင်စဉ် ပြည့်ဖြိုးငြိမ်းမှာ ဒဏ်ရာများ ပြင်းထန်သဖြင့် သေဆုံး သွားခဲ့ပြီး အောင်ဇင်မင်းမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပျဉ်းမနား မြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၄/ ၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်