သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 4 September 2013

မြန်မာပြည်မှ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားတံတား

 



 ဇန်န၀ါရီလ ၁ရက် ၁၉၀၀ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော
ဂုတ်ထိပ် တံတားသည် ထိုစဉ် အချိန်ကာလ များက သံဘောင်များ
ကိုသာအ သုံးပြုပြီး တည် ဆောက်ခဲ့သမျှတွင် ကမ္ဘာ့ အမြင့်ဆုံး အဖြစ်
မှတ်တမ်းတင် ၀င်ခဲ့ကြောင်း သိရသည်။

မြန်မာပြည်၏ ထင်ရှားသော မီးရထားတံတားဖြစ်ပြီး ယခုအချိန်တွင်
သက်တမ်း အားဖြင့် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ မန္တလေးမြို့မှ မိုင် (၆၀) ကျော်၊ လားရှိုး၊ နောင်ချိုဘူတာအလွန် ၇ မိုင်အကွာ မိုင်တိုင် အမှတ် ၄၆၃/၀၉ တွင် ရှိသည်။ ပေ ၃၀၀ ခန့်နက်ရှိုင်း၍ မတ်စောက် လှသော လျှိုကြီးနှစ်ခုအပေါ်တွင် ဖြတ်ကျော် တည်ဆောက် ထားခြင်း ဖြစ်သည်။

တံတားမှတ်တမ်းများအရ ၃၃၅ ပေ အမြင့်ရှိ၊၂၂၆၀ ပေရှည်လျား ၊
ပင်မထောက်တိုင် ၁၅ ခုရှိ ၍ the Burma Railroad Company မှ အင်ဂျင်နီယာ Sir Arthur Rendel ၏ အနီးကပ်ကြီးကြပ်မူ ဖြင့်တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။

The Pennsylvania Steel Company ၏ ဒီဇိုင်း နှင့် သံဘောင်
များကို ရေကြောင်းခရီး ဖြင့် မှာယူခဲ့သည်။ တံတားတည်ဆောက်မူ ကုန်
ကျ စရိတ်သည် ထိုစဉ်ချိန်က ၁၁၁၂၀၀ ပေါင် ကျသင့်ခဲ့ကြောင့် သိရသည်။

ref:highestbridges
ကချင်း ( MM Social Sky )

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်