သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 7 September 2013

မလေးရှား အလုပ်သမားများအတွက် သတင်းကောင်း

 



 မလေးရှားမှာ အော်ပရာစီရာတွင် ဖမ်းဆီးခံထားရသော အလုပ်သမားများကို ပြန်လည် တရားဝင် မှတ်ပုံတင်ခွင့်ပြုမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က ပြောကြားလိုက်ပါတယ် ။
သူက ဆက်လက်ပြောကြားရာမှာ
ကျွန်တော်တို့ နိုင်ငံမှာ သင့်တော်တဲ့ အလုပ်တွေအတွက် နိုင်ငံခြား အလုပ်သမား အရင်းအမြစ်တွေ လိုအပ်နေပါတယ် ။
အော်ပရာစီ စတင်ကတည်းက ဖမ်းဆီးထားတဲ့ အလုပ်သမား ၅၀၀၀ လောက်ရှိပါတယ် ။
ဒီဖမ်းဆီးခံ အလုပ်သမားတွေ တရားဝင် ပြန်ဖြစ်ရေး မှတ်ပုံတင်ခွင့်ပြုပါမယ် ။
အလုပ်သမားတွေက အသနားခံတာတွေကို ကျွန်တော်တို့ နားထောင် လိုက်လျှောပေးလိုက်တာပါ ။
အချို.ဆိုရင် ကုမ္မဏီတွေရဲ့ လိမ်လည်ငွေယူတာကိုခံကြရတာကို သိရပါတယ် ။
သူတို့ဟာ ရင်းဂစ် 3000 ကနေ 8000 အထိ မလေးရှားမှာ အလုပ်လုပ်ရဖို့ ပေးခဲ့ရပေမဲ့ တရားဝင် စာရွက်စာတမ်း ဘာတခုမှ မရခဲ့ပါဘူး ။ ဒီလိုဒုက္ခ ရောက်နေတဲ့သူတွေကို ကျွန်တော်တို့ အနေနဲ့ အပြစ်ပေးလို့ မဖြစ်ပါဘူး ။ ဒါပေမဲ့ တရားဥပဒေနဲ့ ဆန့်ကျင်နေတဲ့ ကုမ္မဏီတွေကိုတော့ ဥပဒေအရ အရေးယူရပါမယ် လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က ပြောကြားလိုက်ပါတယ် ။

Myanmar Journal

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်