Friday, 6 September 2013
အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ် လိုခြင်းကို စောသေးကြောင်း အမေရိကန် လွှတ်တော်အမတ်အချို့ ဝေဖန်
အိုဘားမား မြန်မာနိုင်ငံသို့ မရောက်မီ USS Bonhomme Richard အမေရိကန် စစ်သင်္ဘောပေါ်သို့ မြန်မာရေတပ်မှ အရာရှိများ လာရောက်ကြစဉ် (ဓာတ်ပုံ-stripes.com)
အိုဘားမား အစိုးရအဖွဲ့သည် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်ကြာ ရပ်ဆိုင်းထားသော မြန်မာနိုင်ငံသို့ စစ်ရေးလေ့ကျင့် သင်ကြားရေး အစီအစဉ်ကို ပြန်လည်စတင်ရန် အလိုရှိနေသည်။ စစ်ရေးလေ့ကျင့် သင်ကြားပေးရေးသည် တိုက်ခိုက်ရေးအတွက် မဟုတ်သော်လည်း အမေရိကန် နိုင်ငံရှိ ဥပဒေပြု အမတ်များကမူ မြန်မာနိုင်ငံသည် လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုများအတွက် စွပ်စွဲခံနေရဆဲပင် ရှိသေးသောကြောင့် ၀ါရှင်တန်၏ လုပ်ရပ်သည် စောလွန်းသည်ဟု ငြင်းခုံနေကြကြောင်း အေပီသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။
အိုဘားမား အစိုးရအဖွဲ့သည် မြန်မာနိုင်ငံကို ပြုလုပ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေး ခဲ့သည့်အပြင် စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်ကိုလည်း ၀ါရှင်တန်သို့ ဖိတ်ကြားခဲ့သည်။ သို့သော် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ်ရန် ကိစ္စမှာတော့ အထိမခံနိုင်သေးသော ကိစ္စဖြစ်ပြီး ၀ါရှင်တန် အနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေးနိုင်ရန် ကျန်ရှိသည့် တစ်ခုတည်းသော အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီဖြင့် အမေရိကန် ကာကွယ်ရေး ကျွမ်းကျင်သူများသည် မြန်မာနိုင်ငံသို့ ယခင်အပတ်က သွားရောက်ခဲ့ကြ ပြီး လူ့အခွင့်ရေးနှင့် ဥပဒေစည်းမျဉ်းများနှင့် ပတ်သက်၍ မည်သည့် အကူအညီများ ပေးအပ်နိုင်မည်ကို ဆန်းစစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ကြာသပတေး နေ့တွင်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel သည် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေး ၀န်ကြီးများ တွေ့ဆုံပွဲတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးများ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် တွေ့ဆုံသည့်ပွဲ ဖြစ်ခဲ့သည်။
အမေရိကန်သည် မြန်မာနိုင်ငံမှ အရာရှိများအား အမေရိကန်နိုင်ငံတွင် ၁၉၈၈ မတိုင်မီ အချိန်ထိ စစ်သင်တန်း ပေးလေ့ရှိခဲ့ပြီး သွေးထွက်သံယိုမှု များခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် စစ်ရေးအကူအညီများ အားလုံး ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် စစ်ရေး အကူအညီများနှင့် အထောက်အပံ့များ အတွက် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ အပေါ်တွင် မှီခိုနေခဲ့ရသည်။
ဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်လာသည့် အခါတွင် အိုဘားမား အစိုးရသည် မြန်မာနှင့် စစ်ရေးအဆက်အဆံ ပြန်လည် ပြုလုပ်ခြင်းဖြင့် အမေရိကန် စစ်တပ်မှ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများကို မြန်မာစစ်တပ် အနေဖြင့် လေ့လာသင်ယူ နိုင်လိမ့်မည်ဟု ပြောဆိုခဲ့ပြီး စစ်ရေးအဆက်အသွယ် ပြန်လည်ပြုလုပ်ရန် တိုက်တွန်းလာခဲ့သည်။
အိုဘားမား အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ သြဇာကြီးမားသူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell က ထောက်ခံထားပြီး သြဂုတ်လတွင် ပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင် နှစ်နိုင်ငံစစ်တပ်ချင်း ပိုမိုပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ရေးဆက်ဆံမှု ပြန်လည်တည်ဆောက်မည့် ကိစ္စအပေါ် အခြားဥပဒေပြု အမတ်များက ဆန့်ကျင်လျက်ရှိပြီး စစ်ရေးအဆက်အသွယ် ပြန်လည်ပြုလုပ်ခြင်းဖြင့် လူသိန်းပေါင်းများစွာ နေရာရွှေ့ပြောင်း ခံရသည့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော စစ်ပွဲများနှင့် ပတ်သက်၍ မြန်မာစစ်တပ်အပေါ် ထောက်ခံလိုက်သလို ဖြစ်သွားနိုင်သည်ဟု ဝေဖန်ကြသည်။
''မြန်မာနဲ့ အမေရိကန် စစ်ရေးဆက်သွယ်မှု ပြန်လည်စတင်ဖို့အတွက် အချိန်စောလွန်းပါတယ်။ မြန်မာစစ်တပ်က အရပ်သား အစိုးရအပေါ် လွှမ်းမိုးမှု ရှိနေသေးတဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ ချိုးဖောက်မှုတွေ ရှိနေဆဲပါ'' ဟု ရီပတ်ဘလစ်ကန် ပါတီအမတ် အရှေ့အာရှရေးရာ မူဝါဒဥက္ကဋ္ဌ Steve Chabot က အေပီသတင်းဌာနသို့ ပြောဆိုခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့် ချီတုံချတုံ ဖြစ်နေသော်လည်း အနောက်နိုင်ငံများမှာ အမေရိကန်ထက် ရှေ့ကိုရောက်နေပြီ ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် မြန်မာအရာရှိ ၃၀ အား အဆင့်မြင့် ကာကွယ်ရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခဲ့သလို သြစတြေးလျ နိုင်ငံကလည်း ကာကွယ်ရေး ကဏ္ဍအတွက် မြန်မာစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်နေပြီဖြစ်သည်။
http://www.news-eleven.com
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
September
(61)
- Diprosopus ဆိုတာ ဂရိဘာသာ က မျက်နှာ၂ခု ဆိုတဲ့ အဓိပ္ပ...
- ရွှေတိဂုံစေတီတော်အောက်ကလျို့ဝှက်၂ခုကိုအာမေးနီးယန်း ...
- လိုင်စင်ရ အသံတိတ် လူသတ်သမားများ
- အားလုံး အသွားသတိ အစားသတိရှိပေးကြပါ..*
- ဇမ်ဘိုအန်ဂါမြို့တွင် သူပုန်တို့နှင့် စစ်ဆင်ရေး ပြီ...
- မုန်တိုင်း WUTIP အဆင့် -၂ တိုင်ဖုန်း မုန်တိုင်း အဆ...
- ပြုပြင်ပြောင်းလည်းနေပါသည်။သို့ သော် အခြေခံမဟုတ်ပေမ...
- အချင်းချင်း မုဒိန်းကျင့် မှု မကြာခဏ ဖြစ်ပွားနေသည့် ...
- အလင်းရောင်ကြယ်များမှ
- နုတ်ဆက်ခဲ့ ခြင်း-
- မလေးရှားမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ၁၅...
- ဖိလစ်ပိုင် တွင် မွတ်ဆလင် သူပုန် တွေ ဒုတိယ မြောက်ြ...
- ငွေစက္ကူ၌ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် တင်ပြမှု အဆို ...
- စစ်သားဆိုတာဘာလည်းပြောရယင်...
- မစ်စတာဘင်းက ပေးသာ သင်ခန်းစာ
- လခရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA ...
- အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့...
- ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆ...
- ခင်ဝင့်ဝါ စာချုပ်ထားသည့် တစ်နှစ်အတွင်း အရက်၊ ဆေးလိ...
- ရီလိုက်ရတာဗျာ အာဖရိကကျေးလက်တောရွှာတစ်ခုမှာနတ်ဆရာကခေ...
- မလေးရှား အလုပ်သမားများအတွက် သတင်းကောင်း
- တရားသဘောဆေးပညာဗဟုသုတအရကြည့် ပေးပါခင်ဗျာ။။ရခဲလှစွာ...
- အမြစ်မပါတဲ့ ပဲတီပင်ပေါက် လုပ်နည်း---
- အီရတ်ရှိ အမေရိကန်အကျိုးစီးပွား များကို တိုက်ခိုက်ရ...
- နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်ရေး လျှောက်ထားမှု အဆင့်...
- ခင်ဝင့်ဝါက Miss Supranational ပြိုင်ပွဲကြီးမှ ချီး...
- <<< Congratulation Miss Supranational Myanmar Khi...
- မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
- ငွေသွင်း မဲပေးစနစ်မှာလည်း ခင်ဝင့်ဝါက ဦးဆောင်နေ
- ယောက်ကျားလေးများအားပေးမယ်..သြော်မိန်းမ...ဗွီဒီယို...
- ပျဉ်းမနားမြို့၌ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မှု...
- အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည...
- နေပြည်တော်ရှိ သိမ်းဆည်းခံ လယ်ယာမြေများအား စစ်ဘက်အရ...
- ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း
- တော်တော်ဆိုးတဲ့ လင်းပိုင်နှာဗူးးးးဗွီဒီယို
- မလေးရောက် မြန်မာများ အတွက် အထူး သတင်းကောင်း
- ကမ္ဘာ့ ဆိုင်ကယ်စီးအထူးချန်ပီယမ်ကြီး-ဗွီဒီယို
- ကြိုးဝိုင်းထဲဝင်လာယင်မဆိုင်တာမကိုင်နဲ့  WWF လက်ဝေ...
- မလေးရှားတွင်ဖမ်းဆီးခံမြန်မာများကို နိုင်ငံသားစိစစ်...
- တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး
- ကိုရီးယားအလုပ်မှ ထွက်ပြေးသူများအား သတ်မှတ်ချိန်အတွ...
- မလေးရှားက မြန်မာတွေကို ဟုတ်မှန်ကြောင်း စိစစ်ပြီးမှ...
- မန္တလေးတွင် အမျိုးသမိးကြီးတစ်ဦး လည်လှီးသတ်ခံရ
- သံရုံးရှေ့ တွင်လည်းဖမ်းနေသည်(မလေးရှား)
- သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန် ဇာတ်လမ်း ရိုက...
- မြန်မာပြည်မှ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားတံတား
- လွှတ်တော် ကော်မတီ က ဆီးရီးယား ကို ရက်ပေါင်း ၆၀ တိုက...
- *အီရန်ဘာကြောင့် ဆီးရီးယားဘက်က ရပ်တည်နေသလဲ။*
- ဘလောက်ဂါပိုင်ရှင် (အလင်းရောင်ကြယ်များ)လေဖျန်း-လြေ...
- မလေးရှားရောက် မြန်မာများအတွက် အထူးသတင်း ( မြန်မာမျ...
- အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ
- ခက်ခူး (ဆေးခြောက်) ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အ...
- မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုြး...
- ခင်ဗျားတို့ ဝန်မလေးဘူး ဆိုရင်ဒီစားလေး ကိုပြီးအောင်...
- မြန်မာလှယာဉ်ကျေးမယ် ခင်ဝင့်ဝါ အတွက်သီချင်း
- ဖင်ကြားထဲ မီးခဲညှပ်တဲ့ အက
- မလေးရှားမှတွေ့ ရှိကြားသိရသောသတင်းပါ
- မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ
- ၁၇ နှစ်သာ ရှိသေးတဲ့ ရုရှား အလေးမမယ် Juila Vins POW...
- ဟေ။။။။။။အဲ ဂလိုကြီးပါလားးးးး
- မလေးရှားရောက် ညီအကိုများ အကြံဥာဏ်ကောင်းလေးတစ်ခုပေး...
-
▼
September
(61)
No comments:
Post a Comment