သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 4 September 2013

*အီရန်ဘာကြောင့် ဆီးရီးယားဘက်က ရပ်တည်နေသလဲ။*

 



 အီရန်

ဆီးရီးယားနဲ့အီရန်ကို အဓိက ပူးပေါင်းထားတာက ဘာသာရေးနဲ့ သူတို့ရဲ့ဗျူဟာပါ။ မွတ်စလင်မှာ ဆွန်နီနဲ့ ရှီအာတို့ဟာ အစ္စလာမ်ကို ယုံကြည်ကိုးကွယ်သူတွေဖြစ်ပြီး ဘာသာရေးမှာ ကွဲလွဲမှု မရှိပေမဲ့ နိုင်ငံရေး ခံယူချက် မတူကြပါဘူး။

တမန်တော်မိုဟာမက်ကွယ်လွန်သွားချိန်မှာ ဘာသာရေးမှာ ဘယ်သူက ဦးဆောင်မလဲဆိုတဲ့အပေါ် ကွဲလွဲသွားကြပါတယ်။ ဆွန်နီမွတ်စလင်က တမန်တော်ရဲ့ သူငယ်ချင်းနဲ့ အကြံပေးပုဂ္ဂိုလ် အဘူဘာဂ်ဦးဆောင်မှု
နောက်ကို လိုက်ပြီး ရှီအာက တမန်တော်ရဲက မိသားစုဝင်ဦးဆောင်မှုကို ခံယူပါတယ်။

ဆီးရီးယားအစိုးရပိုင်းကို ရှိအာဘက်က လွှမ်းမိုးထားပြီး ဆီးရီးယား အတိုက်အခံသူပုန်တွေကို ဆွန်နီတွေက ဦးဆောင်ပါတယ်။ အီရန်ကတော့ ရှိအာမွတ်စလင် အများဆုံးရှိတဲ့ နိုင်ငံပါ။ ဆီးရီးယားသူပုန်တွေကို
ထောက်ပံ့နေတဲ့ ပါရှင်ပင်လယ်ကွေ့က သူပြိုင်ဖက်တွေဖြစ်တဲ့ ကာတာနဲ့
ဆော်ဒီအာရေဗျတို့မှာ လွှမ်းမိုးနေတဲ့ ဆွန်နီတွေ ဆီးရီးယားမှာ ကြီးစိုးလာမဲ့ အရေးက အီရန်ရဲ့ သောက ဖြစ်နေပါတယ်။

နောက်တခုကတော့ ဗျူယာအရပါ။ ဆီးရီးယားဟာ အီရန်အတွက် ဗျူဟာကျတဲ့ မဟာမိတ်ဖြစ်နေပါတယ်။ အီရန်ဟာ ဆီးရီးယားရဲ့ အိမ်နီးချင်း လီဘာနွန်ထဲက ဟက်ဇဘူလာတွေကို ပံ့ပိုးထားပြီး အဲဒီကနေ အစ္စရေးကို အနီးပစ်ဒုံးကျည်တွေနဲ့ ခြိမ်းခြောက်နိုင်ပါတယ်။

ဝီကီလိက ထွက်လာတဲ့ လျှို့ဝှက်မှတ်တမ်းတွေအရ ဆီးရီးယားဟာ ဟက်ဇဘူလာတွေကို ၂၀၀၉ ဒုံးကျည်လက်နက်တွေကို တင်ပို့နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာဆတ်အစိုးရ အာဏာဆက်မြဲနေဖို့ဟာ အီရန်အတွက် အရေးကြီးနေပါတယ်။ အတိုက်အခံတွေကို ဆီးရီးယားက ခြေမှုန်းစဉ်မှာ အီရန်က နည်းပညာဆိုင်ရာတွေနဲ့ ပံ့ပိုးခဲ့တယ်လို့ အနောက်ပိုင်းထောက်လှန်းရေး သတင်းတွေက ဆိုပါတယ်။

ဒီနှစ်မေလကလည်း အီရန်ကနေ ဆီးရီးယားကို ဦးတည် ပေးပို့တဲ့ လက်နက်တွေကို တူရကီမှာ ဖမ်းဆီးရမိတဲ့အကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။ အဲဒီထဲမှာ ရိုင်ဖယ်သေနတ်တွေ၊
ဖေါက်ခွဲရေး ပစ္စည်းတွေ၊ စက်သေနတ်တွေနဲ့ မော်တာကျည်တွေ ပါဝင်ခဲ့ပါတယ်။

ဆီးရီးယားမှာ အာဆတ်အစိုးရ ကျသွားရင် အီရန်အတွက် တခုတည်းသော မဟာမိတ် ပျောက်သွားတာပဲ ဖြစ်မှာမို့ မဟာဗျူယာအရ အီရန်က
ဖြစ်တဲ့နည်းနဲ့ ဆီးရီးယားကို ကာကွယ်ပေးနေတာပဲ ဖြစ်တယ်။
အီရန်ရဲ့တရားဝင် ကြေညာချက်ကတော့ ဆီးရီးယားဟာ နိုင်ငံတကာရဲ့ လုပ်ကြံမှုကို ခံနေရတယ် - ဆိုတာပဲ ဖြစ်ပါတယ်။

ခင်မေဇော် (Burma-newselite)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်