သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 6 September 2013

နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်ရေး လျှောက်ထားမှု အဆင့်လျှော့ချမည်

 


နိုင်ငံတကာ ကုန်တင်သင်္ဘောများ ဝင်ထွက်ပေါက်ဖြစ်သော မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများတွင် သင်္ဘောများ ဆိုက်ကပ်ရန် လျှောက်ထားရသည့် အဆင့်များ လျှော့ချရန် စီစဉ်နေကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက ပြောကြားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းအာဏာပိုင်၊ အကောက်ခွန်ဌာန၊ ပုဂ္ဂလိက ဆိပ်ကမ်းနှင့် World Marine Organization တို့ပါဝင်ပြီး ဌာနဆိုင်ရာမှ စာရွက်စာတမ်းများ လျှော့ချနိုင်ရန်နှင့် အွန်လိုင်းစနစ်ဖြင့် လုပ်ငန်းများ မြန်ဆန်ချောမွေ့စေရန် မည်သို့လုပ်ဆောင်ရမည်ကို ပူးပေါင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ဆိပ်ကမ်းသို့ ဝင်ရောက်သည့်အခါ လိုအပ်သော စာရွက်စာတမ်း များပြားသဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ပြီး “National Seminar on Fal, Electronic Mean for the Clerance of ship and use of the single window Concept” အမည်ရှိ ဆွေးနွေးပွဲကို နေပြည်တော်တွင် စက်တင်ဘာ ၁၆ မှ ၁၈ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲ အစီအစဉ်အရ သိရသည်။

နိုင်ငံတကာ သင်္ဘောများ မြန်မာ့ဆိပ်ကမ်းသို့ ဝင်ရောက်နိုင်ရန် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်း အာဏာပိုင်၊ အကောက်ခွန် စသည့်ဌာနများသို့ အကြောင်းကြားရပြီး ပင်လယ်ဝတွင် ဆိုက်ကပ်ကာ သင်္ဘောတွင်ပါသော ကုန်သေတ္တာစာရင်း၊ ကုန်ပစ္စည်း စာရင်းများကို တင်ပြ၍ ခွင့်ပြုမိန့်ဖြင့် ပင်လယ်ဝမှတစ်ဆင့် ပြည်တွင်းဆိပ်ကမ်းများသို့ ဝင်ရောက် ဆိုက်ကပ်ရခြင်းကြောင့် ကုန်ပစ္စည်းများ ကြန့်ကြာကြောင်း အသက် ၄၀ ကျော်အရွယ်ရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

“အခုကတင်ပြီးရင် ခွင့်ပြုမိန့်ကျဖို့ တစ်ပတ်ကြာတယ်။ လုပ်ငန်းနှောင့်နှေးတယ်။ တစ်ခါခါကျရင် နှစ်ပတ်လောက် ကြာသွားတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံချောမွေ့သည်ဟု နာမည်ကျော်သော စင်ကာပူဆိပ်ကမ်းတွင် ကုန်သင်္ဘောများ ဆိုက်ကပ်ခွင့်ကို အီးမေးလ်မှတစ်ဆင့် အနည်းဆုံး ၂၄ နာရီ ကြိုတင် အကြောင်းကြားရပြီး ဆိုက်ကပ်ခွင့် ရမရ အကြောင်းပြန်ကြောင်း သင်္ဘောကုန်းပတ် အရာရှိချုပ်တစ်ဦးက ပြောကြားသည်။

“ပုံမှန်အားဖြင့် ကျွန်တော်တို့က နှစ်ရက်သုံးရက်လောက် ကြိုတင်ပါတယ်။ နောက်ရက်ဆို ကပ်ခွင့်ရမရ အကြောင်းပြန်တာပါပဲ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာကုန်တင် သင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်း ခြောက်ခုရှိပြီး သီလဝါ MITT, MIPL, MIP အေးရှားဝေါလ်၊ ထီးတန်းနှင့် လန်းပီ (ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း) တို့ ဖြစ်သည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်