သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 6 August 2013

အင်ဒိုနီးရှားဘုရားကျောင်းဗုံးခွဲမှုရိုဟင်ဂျာအတွက်တုံ့ပြန်မှုဟုဆို


 အင်ဒိုနီးရှားဘုရားကျောင်းဗုံးခွဲမှုရိုဟင်ဂျာအတွက်တုံ့ပြန်မှုဟုဆို
အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာမြို့၌ ဗုဒ္ဓဘာသာဘုရား ကျောင်းတစ်ခု၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းမှာ ရိုဟင်ဂျာများအ တွက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တနင်္လာနေ့၌ ဗုံးဖောက်သူများ က ပြောကြားခဲ့သည်။


ဤဖြစ်ရပ်မှာ မူဆလင်အ များစုနေထိုင်သည့် အင်ဒိုနီးရှား နိုင်ငံ၌ မြန်မာနိုင်ငံမှ ဘာသာရေး ပဋိပက္ခကြောင့် ထွက်ပြေးလာ ကြသည့် ရိုဟင်ဂျာများအတွက် စိုးရိမ်ဖွယ်ရာဟု ဆိုသည်။

ပေါက်ကွဲမှုအား နည်းပါး သည့်ဗုံးမှာ သံအစအနများသော ဘယ်ယာရင်များဖြင့် ပြုလုပ်ထား ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့ ည နေပိုင်းတွင် ဟီကာယာနဗုဒ္ဓ ကျောင်း၌ ပေါက်ကွဲခဲ့သည်။ လူ ရာပေါင်းများစွာ ဆုတောင်းဝတ် ပြုနေချိန်ဖြစ်သည်။ ပေါက်ကွဲမှု ကြောင့် လူတစ်ဦးလက်နှင့် ခြေ ထောက်၌ ဒဏ်ရာရရှိခဲ့သည်။

နောက်ထပ်ဗုံးတစ်လုံးမှာ မီးခိုးများထွက်လာပြီး ပေါက်ကွဲ မှုမဖြစ်ပွားခဲ့ဟု ရဲတပ်ဖွဲ့ကဆို သည်။ ဤတိုက်ခိုက်မှုကြောင့် ထိခိုက်မှုနည်းပါးသည်။

ဘုရားကျောင်းမှ တာဝန် ရှိသူပိုနီဂျန်လျိုက င်္ဗဏ သို့ပြော ကြားရာတွင် လျှို့ဝှက်ကင်မရာ အရရှပ်အင်္ကျီအဖြူနှင့် လူတစ် ဦးကျောင်းထဲသို့ ဝင်လာပြီး အ စိမ်းရောင်ဗုံးထည့်ထားသော အထုပ်နှစ်ခုအား တံခါးနှစ်ခုကြား ၌ ချထားခဲ့သည်ဟု ဆိုသည်။

ထို လူထွက်သွားပြီး မကြာမီဗုံးပေါက် ကွဲခဲ့ခြင်းဖြစ်သည်။ ဗုံးတစ်လုံး၌ စာတမ်းကပ်ထားသည်မှာ ''ကျွန်ုပ် တို့က ရိုဟင်ဂျာများအတွက် လက်တုန့်ပြန်ခြင်းဖြစ်သည်''ဟု ဖော်ပြထားကြောင်း၊ ဤအ ထောက်အထားများကို ရဲလက် သို့လွှဲပေးလိုက်သည်။

Ref - AFP

သြဂုတ် (၅)

ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်