သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 6 August 2013

၆-၈-၂၀၁၃ လှိုင်သာယာမှ သိန်း ကိုးရာကျော် ခိုးမှုအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၂)ရက်အတွင်း ဖော်ထုတ်

 
 
ရန်ကုန်၊ သြဂုတ် ၆

၎.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်လှိုင်သာယာမြို့နယ်ရှိ အရှေ့တိုးတက်မှုအထည်ချုပ်ကုမ္ပဏီ ရုံးရှိ ငွေထိန်းခန်းအတွင်း၌ ကြွပ်ကြွပ်အိတ်များဖြင့် ထုတ်လျက် ဘီဒိုအတွင်း၌ ထည့်ထားသော
ငွေကျပ်(၉၈၄၈၀၀၀၀)မှာ ခိုးယူခံရ၍ ပျောက်ဆုံးနေကြောင်း
သိရှိရသဖြင့် ၎င်းကုမ္ပဏီ၏ မန်နေဂျာ ဒေါ်မြမြ၀င်းမှ စုံစမ်းဖေါ်ထုတ် အရေးယူပေးပါရန် တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်း
(ပ) ၈၇၁/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးအထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ
တပ်ဖွဲ့ဝင်များ ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ၅.၈.၂၀၁၃ ရက်နေ့တွင် အမှုမှတရားခံ
များဖြစ်သောကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၊ (ဘ)ဦးတင်ရွှေ၊ ကုမ္ပဏီစက်ပြင်ဝန်ထမ်း၊ တွံတေးမြို့နယ်နှင့် အောင်ကိုကို(ခ)သန်းလှိုင် (ဘ)ဦးမောင်စိုး၊ စက်ချုပ်ဝန်ထမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့နယ်
နေသူတို့(၂)ဦးအား ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံများအား စစ်ဆေးချက်များအရ ၎င်းတို့(၂)ဦးသည်
၃.၈.၂၀၁၃ ရက်နေ့ ညနေချိန်တွင် ကုမ္ပဏီမှ အပ်ချုပ်စက်တစ်လုံးပျက်၍ နှစ်ယောက်အတူပြင်နေစဉ် ငွေထိန်းခန်း၌ ထားရှိသောငွေများအား ခိုးယူရန်တိုင်ပင်ခဲ့ကြပြီး စက်ရုံဆင်းချိန်တွင် ထွက်ခွါခြင်းမပြုဘဲ ပုန်းအောင်နေထိုင်ခဲ့ကြကြောင်း၊ ၀က်အူလှည့်ဖြင့် တံခါးများအားဖွင့်ခဲ့ကာ ရုံးခန်းအပြင်တံခါး၌ တပ်ဆင်ထားသော CCTV အားအခြားတစ်ဖက်သို့ လှည့်ထားခဲ့ပြီး ငွေထိန်းခန်းအတွင်းမှ
ငွေများအား ပီနံအိတ်(၂)လုံးဖြင့်ထည့်၍ခိုးယူခဲ့ကြောင်း၊
လုံခြုံရေးအစောင့်မရှိသောဂိတ်မှတဆင့်အပြင်သို သယ်ယူကာ ကိုင်းတောအတွင်း၌၀ှက်ထားခဲ့ပြီး ဆိုင်ကယ်များဖြင့်ပြန်လာသယ်ယူ၍ တွံတေးမြို့နယ်ရှိ ကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၏နေအိမ်တွင် ၀ှက်သိမ်းထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခိုးယူခံရသောငွေများအနက် ငွေသားကျပ်(၉၀၉၈၀၀၀၀)
နှင့် ခိုးယူရရှိသည့် ငွေများဖြင့်ဝယ်ယူထားသော ရွှေဆွဲကြိုး(၂)ကုံး၊
ဆွဲသီး(၂)ခု၊ ဖုန်း(၂)လုံးတို့အားပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်